< ဆာလံ 38 >
1 ၁ အိုထာဝရဘုရား၊ အမျက်တော်ထွက်၍ အကျွန်ုပ်ကို အပြစ်တင်တော်မမူပါနှင့်။ ပြင်းစွာသော စိတ်တော်ရှိ၍ ဆုံးမတော်မမူပါနှင့်။
Đức Giê-hô-va ôi! xin chớ nổi thạnh nộ mà quở trách tôi, Cũng đừng nóng giận mà sửa phạt tôi.
2 ၂ မြှားတော်တို့သည် အကျွန်ုပ်၌ စုဝေး၍၊ လက်တော်သည် အကျွန်ုပ်ကို နှိပ်လျက်ရှိပါ၏။
Vì các mũi tên Chúa gắm mình tôi, Và tay Chúa đè nặng trên tôi.
3 ၃ အမျက်တော်ထွက်သောကြောင့်၊ အကျွန်ုပ် အသားသည် ကျန်းမာခြင်းမရှိပါ။ ဒုစရိုက်အပြစ်ကြောင့် အရိုးများထဲမှာ သက်သာခြင်း မရှိပါ။
Bởi cơn giận Chúa, thịt tôi chẳng nơi nào lành; Tại cớ tội lỗi tôi, xương cốt tôi chẳng được an nghỉ.
4 ၄ အကျွန်ုပ်ပြုမိသော ဒုစရိုက်တို့သည် အကျွန်ုပ် ခေါင်းကို လွှမ်းမိုး၍၊ လေးသောဝန်ကဲ့သို့ အကျွန်ုပ်မထမ်း နိုင်အောင် လေးကြပါ၏။
Vì sự gian ác tôi vượt qua đầu tôi; Nó nặng quá cho tôi, khác nào một gánh nặng.
5 ၅ အကျွန်ုပ်မိုက်သောအမှုကြောင့် အနာတို့သည် နံစော်၍ ရိယွဲ့လျက်ရှိကြပါ၏။
Tại cớ khờ dại tôi, Các vết thương tôi thối tha và chảy lở.
6 ၆ အကျွန်ုပ်သည် ပြင်းထန်စွာခံရ၍၊ အလွန်နှိမ်ချ လျက်၊ ကြမ်းတမ်းသောအဝတ်ကိုဝတ်လျက် တနေ့လုံး သွားရပါ၏။
Tôi bị đau đớn và khòm cúp xuống; Trọn ngày tôi đi buồn thảm;
7 ၇ အကျွန်ုပ်ခါးသည် ပူလောင်သောအနာစွဲ၍၊ အသားသည်လည်း ကျန်းမာခြင်းမရှိပါ။
Vì có lửa hừng thiêu đốt cật tôi, Và thịt tôi chẳng nơi nào lành.
8 ၈ နန်နဲခြင်း၊ ကြေကွဲရှိ၍၊ စိတ်နှလုံးလှုပ်ရှားသဖြင့် အော်ဟစ်ရပါသည်။
Tôi mệt nhọc và rêm nhiều quá, Tôi la hét vì cớ lòng tôi bồn chồn.
9 ၉ အိုဘုရားရှင်၊ အကျွန်ုပ်အလိုရှိသမျှသည် ရှေ့တော်၌ ထင်ရှားပါ၏။ အကျွန်ုပ်ညည်းတွားခြင်း ကိုလည်း အကြွင်းမဲ့သိတော်မူ၏။
Chúa ôi! các sự ao ước tôi đều ở trước mặt Chúa, Sự rên siếc tôi chẳng giấu Chúa.
10 ၁၀ အကျွန်ုပ်၏ နှလုံးတုန်လှုပ်၍၊ ခွန်အားလည်း ကုန်ပါပြီ။ မျက်စိအလင်းသည် ကွယ်ပျောက်ပါပြီ။
Lòng tôi hồi hộp, sức tôi mỏn đi; Sự sáng mắt tôi cũng thiếu mất nữa.
11 ၁၁ အကျွန်ုပ်၏အဆွေခင်ပွန်း၊ အပေါင်းအဘော် တို့သည် အကျွန်ုပ် အနာရောဂါကြောင့်၊ ဝေးဝေးရပ် လျက်၊ ပေါင်းဘော်တို့သည်လည်း၊ ရှောင်လျက် နေကြ ပါ၏။
Các người thương tôi và những bạn tôi đều đứng xa tôi, Còn bà con tôi ở cách xa tôi.
12 ၁၂ အကျွန်ုပ်အသက်ကို ရှာသောသူတို့သည် ကျော့ ကွင်းများကို ထောင်ထားကြပါ၏။ အကျွန်ုပ်၌ အပြစ် ပြုခြင်းအခွင့်ကို ရှာသောသူတို့သည် တနေ့လုံးမနာလို သောစကားကိုပြော၍၊ မကောင်းသောပရိယာယ်ကို ကြံစည်ကြပါ၏။
Những kẻ tìm giết mạng sống tôi gài bẫy tôi, Kẻ tìm hại tôi nói điều dữ, Và trọn ngày toan sự phỉnh gạt.
13 ၁၃ အကျွန်ုပ်မူကား၊ နားပင်းသောသူကဲ့သို့ မကြား။ နှုတ်ကို မဖွင့်တတ်လူကဲသို့ ဖြစ်ပါ၏။
Nhưng tôi như kẻ điếc, không nghe chi, Như người câm, không mở miệng.
14 ၁၄ နားမကြား၊ ပြန်၍မငြင်းနိုင်သော သူကဲ့သို့ ဖြစ်ပါ၏။
Tôi đã trở nên như người không nghe, Như người chẳng có lời đối lại ở trong miệng mình.
15 ၁၅ အကြောင်းမူကား၊ အိုထာဝရဘုရား၊ ကိုယ် တော်ကိုအကျွန်ုပ် ကိုးစားပါ၏။ အကျွန်ုပ်၏ အရှင် ဘုရားသခင်၊ ကိုယ်တော်သည် ပြန်ပြောတော်မူမည်။
Vì, Đức Giê-hô-va ôi! tôi để lòng trông cậy nơi Ngài, Hỡi Chúa là Đức Chúa Trời tôi, Chúa sẽ đáp lại;
16 ၁၆ သို့မဟုတ်၊ သူတို့သည် အကျွန်ုပ်အမှုမှာ ဝမ်း မြောက်ကြပါလိမ့်မည်။ အကျွန်ုပ်သည် ခြေချော်သော အခါ အကျွန်ုပ်တဘက်၌ ကိုယ်ကိုချီးမြှောက်ကြပါ လိမ့်မည်ဟု လျှောက်ပါပြီ။
Vì tôi có nói rằng: Nguyện chúng nó chớ mừng rỡ vì cớ tôi! Khi chân tôi xiêu tó, chúng nó dấy lên cách kiêu ngạo cùng tôi.
17 ၁၇ အကျွန်ုပ်လဲလုသည်ဖြစ်၍၊ ကိုယ်ဆင်းရဲခြင်းကို အစဉ်အောက် မေ့လျက်နေပါ၏။
Tôi gần sa ngã, Nỗi đau đớn vẫn ở trước mặt tôi;
18 ၁၈ ကိုယ်အပြစ်ကိုဘော်ပြပါ၏။ ပြစ်မှားမိသော ကြောင့် စိတ်ပူပန်ခြင်းရှိပါ၏။
Vì tôi sẽ xưng gian ác tôi ra, Tôi buồn rầu vì tội lỗi tôi.
19 ၁၉ အကျွန်ုပ်၏ ရန်သူတို့ကား၊ ကျန်းမာလျက်၊ ခွန်အားကြီးလျက်ရှိ ကြပါ၏။ အကျွန်ုပ်ကို မဟုတ်မှန်ဘဲ မုန်းသောသူတို့ကား၊ များပြားကြပါ၏။
Nhưng kẻ thù nghịch tôi còn sống và mạnh, Các kẻ ghét tôi vô cớ thì nhiều;
20 ၂၀ အကျွန်ုပ်သည် ကျေးဇူးတရားကို ကြိုးစား၍ ကျင့်သောကြောင့် ကျေးဇူးအတွက် အပြစ်ပြုတတ်သော သူတို့သည်အကျွန်ုပ်ကို ရန်ဘက်ပြုကြပါ၏။
Còn những kẻ lấy dữ trả lành Cũng là cừu địch tôi, bởi vì tôi theo điều lành.
21 ၂၁ အိုထာဝရဘုရား၊ အကျွန်ုပ်ကို စွန့်ပစ်တော်မမူ ပါနှင့်။ အကျွန်ုပ်၏ ဘုရား၊ အကျွန်ုပ်နှင့်ဝေးဝေးနေတော် မမူပါနှင့်။
Đức Giê-hô-va ôi! xin chớ lìa bỏ tôi. Đức Chúa Trời tôi ôi! xin chớ cách xa tôi.
22 ၂၂ အကျွန်ုပ်ကို ကယ်တင်တော်မူသောဘုရားရှင်၊ အကျွန်ုပ်ကိုမစခြင်းငှါ အလျင်အမြန်ကြွလာတော်မူပါ။ အောက်မေ့စေခြင်းငှါ စပ်ဆိုသောဆာလံ။
Chúa ôi! Chúa là sự cứu rỗi tôi, Hãy mau mau đến tiếp trợ tôi.