< ဆာလံ 36 >
1 ၁ ဘုရားသခင်ကို ကြောက်ရွံ့ရသောအကြောင်း သည် မတရားသောသူ၏ မျက်စိ၌မထင်ဟု၊ ထိုသူပြု တတ်သော ဒုစရိုက်ကို ငါထောက်၍ သဘောကျ၏။
Dem Musikmeister; vom Knechte des Herrn, von David. Eingebung der Sünde beherrscht den Frevler,
2 ၂ သူ၏အပြစ်ကို တွေ့တော်မမူ၊ ရွံရှာတော်မမူဟု ကိုယ်မျက်စိရှေ့၌ ကိုယ်ကောင်းသော အယောင်ကို ဆောင်တတ်၏။
denn sie verblendet ihn mit Schmeichelreden, daß er in Verschuldung gerät, indem er Haß ausübt.
3 ၃ သူပြောသောစကားသည် အဓမ္မစကား၊ လှည့် စားသောစကားဖြစ်၏။ ကောင်းသောအကျင့်ကို ကျင့်စေ တတ်သောပညာကို စွန့်လေပြီ။
Was er ausspricht, ist Unheil und Trug; aufgehört hat er, verständig zu sein, um gut zu handeln.
4 ၄ အိပ်ရာပေါ်မှာ မကောင်းသောအမှုကို ကြံစည် တတ်၏။ မကောင်းသော လမ်းသို့အမြဲလိုက်၍၊ ဆိုးယုတ် သောအကျင့်ကို ရွံရှာခြင်းမရှိ။
Unheil sinnt er auf seinem Lager, tritt hin auf den Weg der Bosheit, das Schlechte verabscheut er nicht.
5 ၅ အိုထာဝရဘုရား၊ ကရုဏာတော်သည် ကောင်း ကင်သို့၎င်း၊ သစ္စာတော်သည် မိုဃ်းတိမ်သို့၎င်း မှီပါ၏။
O HERR, bis zum Himmel reicht deine Gnade, deine Treue bis hin an die Wolken;
6 ၆ ဖြောင့်မတ်တော်မူခြင်းတရားသည် ကြီးမားစွာ သောတောင်ရိုးနှင့် တူပါ၏။ တရားစီရင်တော်မူချက် တို့သည် အလွန်နက်နဲရာ ဖြစ်ကြပါ၏။ အိုထာဝရာဘုရား၊ ကိုယ်တော်သည် လူမျိုးနှင့် တိရစ္ဆာန်မျိုးကို စောင့်မတော် မူ၏။
deine Gerechtigkeit steht fest wie die Gottesberge, deine Gerichte gleichen dem weiten Weltmeer; Menschen und Tieren hilfst du, o HERR.
7 ၇ အိုဘုရားသခင်၊ ကရုဏာတော်သည် အလွန် မြတ်နိုးဘွယ်ဖြစ်ပါ၏။ ထိုကြောင့် လူသားတို့သည် အတောင်တော်အရိပ်ကို ခိုလှုံလျက်နေရကြပါ၏။
Wie köstlich ist deine Gnade, o Gott, daß Menschenkinder sich bergen im Schatten deiner Flügel!
8 ၈ အိမ်တော်၏ကြွယ်ဝခြင်းနှင့် ရောင့်ရဲလျက် နေ၍၊ ကိုယ်တော်၏ချမ်းသာမြစ်ရေကို သောက်စေခြင်း ငှါ အခွင့်ပေးတော်မူ၏။
Sie laben sich an den reichen Gütern deines Hauses, und du tränkst sie mit dem Strom deiner Wonnen;
9 ၉ အကြောင်းမူကား၊ ကိုယ်တော်ထံမှာ အသက် စမ်းရေတွင်းရှိပါ၏။ အလင်းတော်ထဲမှာ အကျွန်ုပ်တို့ သည် အလင်းကို ရကြပါ၏။
denn bei dir ist der Brunnquell des Lebens, und in deinem Lichte schauen wir Licht.
10 ၁၀ ကိုယ်တော်ကို သိသောသူတို့အား၊ ကရုဏာ တော်ကို၎င်း၊ သဘောဖြောင့်သောသူတို့အား ဖြောင့်မတ် တော်မူခြင်း တရားကို၎င်း တည်မြဲတည်စေတော်မူပါ။
Erhalte deine Gnade denen, die dich kennen, und deine Gerechtigkeit den redlich Gesinnten!
11 ၁၁ မာန၏ခြေသည် အကျွန်ုပ်ကို မနင်းပါစေနှင့်။ မတရားသောသူတို့သည် အကျွန်ုပ်ကို နေရာမရွေ့ကြပါ စေနှင့်။
Laß den Fuß des Hochmuts mich nicht treten und die Hand der Frevler mich nicht vertreiben!
12 ၁၂ ဒုစရိုက်ကို ပြုသောသူတို့သည် ထိုအရပ်၌ပင် လဲလျက်နေရကြပါ၏။ လှဲခြင်းကို ခံရသောကြောင့်၊ တဖန်ထခြင်းငှါ မတတ်နိုင်ကြပါ။
Einst werden die Übeltäter gefallen sein, niedergestürzt und können nicht wieder aufstehn.