< ဆာလံ 32 >
1 ၁ အပြစ်မှလွှတ်ခြင်း၊ ဒုစရိုက်အပြစ်ကို ဖုံးအုပ် ခြင်းသို့ ရောက်သောသူသည် မင်္ဂလာရှိ၏။
AN INSTRUCTION OF DAVID. O the blessedness of him whose transgression [is] forgiven, Whose sin is covered.
2 ၂ ထားဝရဘုရား အပြစ်တင်တော်မူခြင်းနှင့် လွတ် ၍၊ လှည့်စားတတ်သော စိတ်သဘောနှင့် ကင်းစင်သော သူသည် မင်္ဂလာရှိ၏။
O the blessedness of a man, To whom YHWH does not impute iniquity, And in whose spirit there is no deceit.
3 ၃ ငါသည် အပြစ်ကိုမဘော်မပြဘဲ နေစဉ်အခါ၊ တနေ့လုံးညည်း တွားသောအားဖြင့်၊ ငါ့အရိုးတို့သည် ဆွေးမြေ့ခြင်းသို့ ရောက်ကြ၏။
When I have kept silence, my bones have become old, Through my roaring all the day.
4 ၄ နေ့ညဉ့်မပြတ် ကိုယ်တော်၏လက်သည် အကျွန်ုပ်အပေါ်မှာ လေး၍၊ အကျွန်ုပ်၏ ချွေးရည်သည် နွေကာလ၌ သွေ့ခြောက်ခြင်းကဲ့သို့ ဖြစ်ပါ၏။
When by day and by night Your hand is heavy on me, My moisture has been changed Into the droughts of summer. (Selah)
5 ၅ တဖန်အကျွန်ုပ်သည် ကိုယ်အပြစ်ကိုရှေ့တော်၌ ဝန်ချပါ၏။ ပြု မိသောဒုစရိုက်ကို ဝှက်၍မထားပါ။ ငါလွန်ကျူးသောအရာကို ထာဝရဘုရားအား ဘော်ပြ တောင်းပန်မည်ဟုပြောဆိုသောအခါ၊ ကိုယ်တော်သည် အကျွန်ုပ်ပြစ်မှားခြင်းအပြစ်ကို လွှတ်တော်မူ၏။
I cause You to know my sin, And I have not covered my iniquity. I have said, “I confess to YHWH concerning My transgressions,” And You have taken away the iniquity of my sin. (Selah)
6 ၆ ထိုကြောင့် ကိုယ်တော်ကို တွေ့သင့်သော အချိန် ကာလ၌၊ သန့်ရှင်းသူအပေါင်းတို့သည် ရှေ့တော်၌ တောင်းလျှောက်ကြပါလိမ့်မည်။ အကယ်စင်စစ် လွှမ်မိုး တတ်သောရေကြီးသည် သူတို့ထံသို့ မချဉ်းရပါ။
For every saintly one prays this to You, In the time to find [You]. Surely at an overflowing of many waters, They do not come to him.
7 ၇ ကိုယ်တော်သည် အကျွန်ုပ်ခိုလှုံရာ ဖြစ်တော် မူ၏။ အကျွန်ုပ်ကို ဘေးလွှတ်စေခြင်းငှါ ကွယ်ကာ စောင့်မတော်မူ၏။ ကယ်လွှတ်ကြောင်းကို ဆိုသောသီချင်း နှင့် အကျွန်ုပ်ကို ခြံရံစေတော်မူ၏။
You [are] a hiding place for me, You keep me from distress, Surround me [with] songs of deliverance. (Selah)
8 ၈ သင့်ကိုငါသွန်သင်မည်။ သင်သွားရမည့်လမ်းကို ပြညွှန်မည်။ သင့်ကိုကြည့်ရှုပြုစုမည်။ ဥာဏ်ပညာမဲ့သော မြင်လားကဲ့သို့ မဖြစ်နှင့်။
I cause you to act wisely, And direct you in the way that you go, I cause My eye to take counsel concerning you.
9 ၉ သူသည်သင့်ထံသို့ မချဉ်းကပ်သောကြောင့်၊ ပစပ်ကို ဇက်ခွံ့၍၊ ဇက်ကြိုးနှင့်ဆွဲရမည်။
Do not be as a horse—as a mule, Without understanding, With bridle and bit, its ornaments, to curb, Not to come near to you.
10 ၁၀ မတရားသောသူသည် များစွာသောဒုက္ခကို ခံရ၏။ ထာဝရဘုရား၌ ကိုးစားသောသူကိုကား၊ ကရုဏာ တော်သည် ဝန်းရံတတ်၏။
Many [are] the pains of the wicked; As for him who is trusting in YHWH, Kindness surrounds him.
11 ၁၁ ဖြောင့်မတ်သောသူတို့၊ ထာဝရဘုရား၌ ဝမ်း မြောက်ရွှင်လန်းကြလော့။ သဘောဖြောင့်သောသူတို့၊ ရွှင်လန်းစွာ သီချင်းဆိုကြလော့။
Be glad in YHWH, and rejoice, you righteous, And sing, all you upright of heart!