< ဆာလံ 29 >
1 ၁ အိုဘုရားသခင်သားတို့၊ ထာဝရဘုရားသည် ဘုန်းတန်ခိုးကြီးတော်မူသည်ဟု ဝန်ခံကြလော့။
၁အိုဘုရား သခင်သား တို့၊ ထာဝရဘုရား သည် ဘုန်း တန်ခိုး ကြီးတော်မူသည်ဟု ဝန်ခံ ကြလော့။
2 ၂ ထာဝရဘုရား၏ နာမတော်သည် ဘုန်းကြီး တော်မူသည်ဟု ဝန်ခံလျက်၊ သန့်ရှင်းသောတန်ဆာကို ဆင်၍၊ ထာဝရဘုရားကို ကိုးကွယ်ကြလော့။
၂ထာဝရဘုရား ၏ နာမတော် သည် ဘုန်းကြီး တော်မူသည်ဟု ဝန်ခံ လျက် ၊ သန့်ရှင်း သောတန်ဆာ ကို ဆင်၍ ၊ ထာဝရဘုရား ကို ကိုးကွယ် ကြလော့။
3 ၃ ထာဝရဘုရား၏ အသံတော်သည် သမုဒ္ဒရာ ပေါ်မှာ ရှိတော်မူ၏။ ဘုန်းကြီးတော်မူသော ဘုရား သခင်သည် မိုဃ်းချုန်းတော်မူ၏။ ထာဝရဘုရားသည် များစွာသောရေပေါ်မှာ ရှိတော်မူ၏။
၃ထာဝရ ဘုရား၏ အသံ တော်သည် သမုဒ္ဒရာ ပေါ် မှာ ရှိတော်မူ၏။ ဘုန်းကြီး တော်မူသောဘုရား သခင် သည် မိုဃ်းချုန်း တော်မူ၏။ ထာဝရဘုရား သည် များစွာ သောရေ ပေါ် မှာ ရှိတော်မူ၏။
4 ၄ ထာဝရဘုရား၏ အသံတော်သည် တန်ခိုး နှင့်ပြည့်စုံတော်မူ၏။ ထာဝရဘုရား၏ အသံတော်သည် ဘုန်းအာနုဘော်နှင့် ပြည့်စုံတော်မူ၏။
၄ထာဝရဘုရား ၏ အသံ တော်သည် တန်ခိုး နှင့် ပြည့်စုံတော်မူ၏။ ထာဝရဘုရား ၏ အသံ တော်သည် ဘုန်း အာနုဘော်နှင့် ပြည့်စုံတော်မူ၏။
5 ၅ ထာဝရဘုရား၏ အသံတော်သည် အာရဇ်ပင် တို့ကို ချိုးတော်မူ၏။ အကယ်စင်စစ် ထာဝရဘုရားသည် လေဗနုန်အာရဇ်တော်ကို ချိုးတော်မူ၏။
၅ထာဝရဘုရား ၏ အသံ တော်သည် အာရဇ် ပင် တို့ကို ချိုး တော်မူ၏။ အကယ်စင်စစ်ထာဝရဘုရား သည် လေဗနုန် အာရဇ် တောကို ချိုး တော်မူ၏။
6 ၆ တောကို နွားသငယ်ကဲ့သို့၎င်း၊ လေဗနုန်တော နှင့် စိရုန်တောကို ကြံ့သငယ်ကဲ့သို့၎င်း ခုန်စေတော်မူ၏။
၆တောကို နွား သငယ်ကဲ့သို့ ၎င်း ၊ လေဗနုန် တော နှင့် စိရုန် တောကို ကြံ့ သငယ် ကဲ့သို့ ၎င်း ခုန် စေတော်မူ၏။
7 ၇ ထာဝရဘုရား၏ အသံတော်သည် မီးလျှံကို ခွဲတော်မူ၏။
၇ထာဝရဘုရား ၏ အသံ တော်သည် မီး လျှံ ကို ခွဲ တော်မူ၏။
8 ၈ ထာဝရဘုရား၏ အသံတော်သည် တောကို ချောက်ချားတော်မူ၏။ ထာဝရဘုရားသည် ကာဒေရှ တောကို ချောက်ချားတော်မူ၏။
၈ထာဝရဘုရား ၏ အသံ တော်သည် တော ကို ချောက် ချားတော်မူ၏။ ထာဝရဘုရား သည် ကာဒေရှ တော ကို ချောက်ချား တော်မူ၏။
9 ၉ ထာဝရဘုရား၏ အသံတော်သည် သမင်ဒရယ် မတို့ကို မွေးဘွားစေတော်မူ၏။ တောတန်ဆာတို့ကိုလည်း ပယ်ရှင်းတော်မူ၏။ ဗိမာန်တော်၌ ခပ်သိမ်းသောသူတို့ သည် ဘုန်းတော်ကို ဘော်ပြကြစေ။
၉ထာဝရဘုရား ၏ အသံ တော်သည် သမင် ဒရယ် မတို့ကို မွေးဘွား စေတော်မူ၏။ တော တန်ဆာတို့ကိုလည်း ပယ်ရှင်း တော်မူ၏။ ဗိမာန် တော်၌ ခပ်သိမ်း သောသူ တို့ သည် ဘုန်းတော် ကို ဘော် ပြကြစေ။
10 ၁၀ ထာဝရဘုရားသည် မိုဃ်းသက်မုန်တိုင်းပေါ်မှာ ထိုင်တော်မူ၏။ အကယ်စင်စစ် ထာဝရဘုရားသည် အစဉ်အမြဲ ရှင်ဘုရင်အရာနှင့် ထိုင်တော်မူ၏။
၁၀ထာဝရဘုရား သည် မိုဃ်း သက်မုန်တိုင်းပေါ် မှာ ထိုင် တော်မူ၏။ အကယ်စင်စစ်ထာဝရဘုရား သည် အစဉ် အမြဲရှင် ဘုရင်အရာနှင့် ထိုင် တော်မူ၏။
11 ၁၁ ထာဝရဘုရားသည် မိမိလူစုကို ခိုင်ခံ့စေတော် မူမည်။ ထာဝရဘုရားသည် မိမိလူစုအား ငြိမ်သက်ခြင်း ကောင်းကြီးမင်္ဂလာကို ပေးတော်မူမည်။
၁၁ထာဝရဘုရား သည် မိမိ လူစု ကို ခိုင်ခံ့ စေတော်မူမည်။ ထာဝရဘုရား သည် မိမိ လူစု အား ငြိမ်သက် ခြင်း ကောင်းကြီး မင်္ဂလာကို ပေးတော်မူမည်။