< ဆာလံ 29 >

1 အိုဘုရားသခင်သားတို့၊ ထာဝရဘုရားသည် ဘုန်းတန်ခိုးကြီးတော်မူသည်ဟု ဝန်ခံကြလော့။
Dāvida dziesma. Dodiet Tam Kungam, jūs varenie, dodiet Tam Kungam godu un spēku.
2 ထာဝရဘုရား၏ နာမတော်သည် ဘုန်းကြီး တော်မူသည်ဟု ဝန်ခံလျက်၊ သန့်ရှင်းသောတန်ဆာကို ဆင်၍၊ ထာဝရဘုရားကို ကိုးကွယ်ကြလော့။
Dodiet Tam Kungam Viņa Vārda godu, pielūdziet To Kungu svētā glītumā.
3 ထာဝရဘုရား၏ အသံတော်သည် သမုဒ္ဒရာ ပေါ်မှာ ရှိတော်မူ၏။ ဘုန်းကြီးတော်မူသော ဘုရား သခင်သည် မိုဃ်းချုန်းတော်မူ၏။ ထာဝရဘုရားသည် များစွာသောရေပေါ်မှာ ရှိတော်မူ၏။
Tā Kunga balss pār ūdeņiem, tas stiprais, godības pilnais Dievs liek pērkoniem rūkt, Tas Kungs pār lieliem ūdeņiem.
4 ထာဝရဘုရား၏ အသံတော်သည် တန်ခိုး နှင့်ပြည့်စုံတော်မူ၏။ ထာဝရဘုရား၏ အသံတော်သည် ဘုန်းအာနုဘော်နှင့် ပြည့်စုံတော်မူ၏။
Tā Kunga balss iet ar spēku, Tā Kunga balss iet ar godību.
5 ထာဝရဘုရား၏ အသံတော်သည် အာရဇ်ပင် တို့ကို ချိုးတော်မူ၏။ အကယ်စင်စစ် ထာဝရဘုရားသည် လေဗနုန်အာရဇ်တော်ကို ချိုးတော်မူ၏။
Tā Kunga balss salauž ciedra kokus, Tas Kungs salauž ciedra kokus uz Lībanus.
6 တောကို နွားသငယ်ကဲ့သို့၎င်း၊ လေဗနုန်တော နှင့် စိရုန်တောကို ကြံ့သငယ်ကဲ့သို့၎င်း ခုန်စေတော်မူ၏။
Un liek tiem lēkāt kā teļam, Lībanum un Sirjonam kā jaunam vērsim.
7 ထာဝရဘုရား၏ အသံတော်သည် မီးလျှံကို ခွဲတော်မူ၏။
Tā Kunga balss cērt ar uguns liesmām.
8 ထာဝရဘုရား၏ အသံတော်သည် တောကို ချောက်ချားတော်မူ၏။ ထာဝရဘုရားသည် ကာဒေရှ တောကို ချောက်ချားတော်မူ၏။
Tā Kunga balss dara tuksnesi drebam, Tas Kungs dara drebam Kadešas tuksnesi.
9 ထာဝရဘုရား၏ အသံတော်သည် သမင်ဒရယ် မတို့ကို မွေးဘွားစေတော်မူ၏။ တောတန်ဆာတို့ကိုလည်း ပယ်ရှင်းတော်မူ၏။ ဗိမာန်တော်၌ ခပ်သိမ်းသောသူတို့ သည် ဘုန်းတော်ကို ဘော်ပြကြစေ။
Tā Kunga balss iztrūcina stirnas un atklāj mežus, un Viņa svētā vietā ikviens slavē Viņa godu.
10 ၁၀ ထာဝရဘုရားသည် မိုဃ်းသက်မုန်တိုင်းပေါ်မှာ ထိုင်တော်မူ၏။ အကယ်စင်စစ် ထာဝရဘုရားသည် အစဉ်အမြဲ ရှင်ဘုရင်အရာနှင့် ထိုင်တော်မူ၏။
Tas Kungs nosēdies, sūtīt ūdens plūdus; Tas Kungs sēdēs, viens ķēniņš mūžīgi.
11 ၁၁ ထာဝရဘုရားသည် မိမိလူစုကို ခိုင်ခံ့စေတော် မူမည်။ ထာဝရဘုရားသည် မိမိလူစုအား ငြိမ်သက်ခြင်း ကောင်းကြီးမင်္ဂလာကို ပေးတော်မူမည်။
Tas Kungs dos Saviem ļaudīm stiprumu, Tas Kungs svētīs Savus ļaudis ar mieru.

< ဆာလံ 29 >