< ဆာလံ 29 >
1 ၁ အိုဘုရားသခင်သားတို့၊ ထာဝရဘုရားသည် ဘုန်းတန်ခိုးကြီးတော်မူသည်ဟု ဝန်ခံကြလော့။
Giver Herren, I Guds Børn! giver Herren Ære og Styrke.
2 ၂ ထာဝရဘုရား၏ နာမတော်သည် ဘုန်းကြီး တော်မူသည်ဟု ဝန်ခံလျက်၊ သန့်ရှင်းသောတန်ဆာကို ဆင်၍၊ ထာဝရဘုရားကို ကိုးကွယ်ကြလော့။
Giver Herren hans Navns Ære, tilbeder for Herren i hellig Prydelse.
3 ၃ ထာဝရဘုရား၏ အသံတော်သည် သမုဒ္ဒရာ ပေါ်မှာ ရှိတော်မူ၏။ ဘုန်းကြီးတော်မူသော ဘုရား သခင်သည် မိုဃ်းချုန်းတော်မူ၏။ ထာဝရဘုရားသည် များစွာသောရေပေါ်မှာ ရှိတော်မူ၏။
Herrens Røst er over Vandene; Ærens Gud tordner; Herren er over de store Vande.
4 ၄ ထာဝရဘုရား၏ အသံတော်သည် တန်ခိုး နှင့်ပြည့်စုံတော်မူ၏။ ထာဝရဘုရား၏ အသံတော်သည် ဘုန်းအာနုဘော်နှင့် ပြည့်စုံတော်မူ၏။
Herrens Røst er med Kraft; Herrens Røst er med Herlighed.
5 ၅ ထာဝရဘုရား၏ အသံတော်သည် အာရဇ်ပင် တို့ကို ချိုးတော်မူ၏။ အကယ်စင်စစ် ထာဝရဘုရားသည် လေဗနုန်အာရဇ်တော်ကို ချိုးတော်မူ၏။
Herrens Røst sønderbryder Cedre, og Herren har sønderbrudt Libanons Cedre.
6 ၆ တောကို နွားသငယ်ကဲ့သို့၎င်း၊ လေဗနုန်တော နှင့် စိရုန်တောကို ကြံ့သငယ်ကဲ့သို့၎င်း ခုန်စေတော်မူ၏။
Og han gør, at de springe som en Kalv, Libanon og Sirjon som en ung Enhjørning.
7 ၇ ထာဝရဘုရား၏ အသံတော်သည် မီးလျှံကို ခွဲတော်မူ၏။
Herrens Røst slaar ned med Ildsluer.
8 ၈ ထာဝရဘုရား၏ အသံတော်သည် တောကို ချောက်ချားတော်မူ၏။ ထာဝရဘုရားသည် ကာဒေရှ တောကို ချောက်ချားတော်မူ၏။
Herrens Røst gør, at Ørken bæver; Herren gør, at Kades's Ørk bæver.
9 ၉ ထာဝရဘုရား၏ အသံတော်သည် သမင်ဒရယ် မတို့ကို မွေးဘွားစေတော်မူ၏။ တောတန်ဆာတို့ကိုလည်း ပယ်ရှင်းတော်မူ၏။ ဗိမာန်တော်၌ ခပ်သိမ်းသောသူတို့ သည် ဘုန်းတော်ကို ဘော်ပြကြစေ။
Herrens Røst bringer Hinder til at føde og blotter Skovene; men i hans Tempel siger enhver: „Ære!”
10 ၁၀ ထာဝရဘုရားသည် မိုဃ်းသက်မုန်တိုင်းပေါ်မှာ ထိုင်တော်မူ၏။ အကယ်စင်စစ် ထာဝရဘုရားသည် အစဉ်အမြဲ ရှင်ဘုရင်အရာနှင့် ထိုင်တော်မူ၏။
Herren har siddet ved Syndfloden, og Herren sidder, en Konge evindelig.
11 ၁၁ ထာဝရဘုရားသည် မိမိလူစုကို ခိုင်ခံ့စေတော် မူမည်။ ထာဝရဘုရားသည် မိမိလူစုအား ငြိမ်သက်ခြင်း ကောင်းကြီးမင်္ဂလာကို ပေးတော်မူမည်။
Herren skal give sit Folk Kraft; Herren skal velsigne sit Folk i Freden.