< ဆာလံ 28 >
1 ၁ အကျွန်ုပ်၏ ကျောက်ဖြစ်တော်မူသော ထာဝရ ဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်အော်ဟစ်ပါ၏။ မထူးဘဲ နေတော်မမူပါနှင့်။ မထူးဘဲနေတော်မူလျှင်၊ အကျွန်ုပ် သည် သင်္ချိုင်းတွင်းထဲသို့ ဆင်းသောသူ ကဲ့သို့ဖြစ်ရ ပါမည်။
David ih Saam laa. Aw Angraeng, ka lungsong, nang ni kang kawk; pathim ai ah om hmah; nang pathim ai nahaeloe, tangqom thungah krah nihcae baktiah ni ka om tih.
2 ၂ အကျွန်ုပ်သည် သန့်ရှင်းသောဗျာဒိတ်ဌာနတော်သို့ လက်ကိုချီ၍၊ ကိုယ်တော်ကို အော်ဟစ်သောအခါ၊ အကျွန်ုပ်တောင်းလျှောက်သော အသံကို နားထောင် တော်မူပါ။
Na hmuenciim bangah ban ka payangh moe, nang kang kawk naah, tahmen kang hnikhaih lok to na tahngai paeh.
3 ၃ အိမ်နီးချင်း၏ အကျိုးကိုဖျက်ဆီးလိုသော စိတ်နှလုံးရှိသည်နှင့်၊ လောကဝတ်စကားကို ပြောတတ် သောသူတည်းဟူသော ဆိုးယုတ်သောအမှု၊ မတရား သောအမှုကို ပြုတတ်သောသူတို့နှင့်အတူ အကျွန်ုပ်ကို သွေးဆောင်တော်မမူပါနှင့်။
Angmacae imtaeng kaminawk khaeah angdaehhaih lok thui kami, palung thungah loe sethaih poek kami, kasae kaminawk, sethaih sah kaminawk hoi nawnto na caeh haih hmah.
4 ၄ သူတို့ကျင့်သော အကျင့်ဓလေ့ဆိုးယုတ်သည် နှင့်အညီ၊ အကျိုးအပြစ်ကို ဆပ်ပေးတော်မူပါ။ သူတို့ ပြုမူသည် အတိုင်းဆပ်ပေး၍၊ အပြစ်နှင့် အလျောက်စီရင် တော်မူပါ။
Nihcae khaeah a sak o ih tuinuen baktih, a sak o ih sethaih baktih toengah, pathok let ah: ban hoi a sak o ih tok baktih toengah, paek ah loe lokcaek ah.
5 ၅ သူတို့သည် ထာဝရဘုရား၏အမှုတော်ကို၎င်း၊ လက်တော်နှင့်ပြုပြင်တော်မူရာကို၎င်း မမှတ်ကြသော ကြောင့်၊ တည်ဆောက်တော်မမူ၊ ဖြိုဖျက်တော်မူမည်။
Angraeng ih toknawk hoi a sak ih hmuennawk to tidoeh dawncang ai ah a oh o pongah, to kaminawk to anih mah amrosak tih, nihcae loe angthawk o let mak ai boeh.
6 ၆ ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသ တည်း။
Tahmen ka hnikhaih loknawk anih mah ang thaih pae pongah, Angraeng khaeah tahamhoihaih om nasoe.
7 ၇ ငါတောင်းလျှောက်သောအသံကို နားထောင် တော်မူပြီ။ ထာဝရဘုရားသည် ငါ၏ခွန်အားဗလ၊ ငါ၏ အကွယ်အကာဖြစ်တော်မူ၏။ ငါ့နှလုံးသည် ထိုဘုရားကို ကိုးစား၍၊ ငါ့ကို စောင့်မတော်မူသောကြောင့်၊ ငါ့နှလုံး သည်ရွှင်လန်းလျက်ရှိ၏။ သီချင်းဆိုလျက်ဂုဏ်တော်ကို ငါချီးမွမ်း မည်။
Angraeng loe ka thacakhaih hoi ka buephaih ah oh; ka palungthin mah anih to oep pongah, anih mah ang bomh: to pongah ka plungthin anghoehaih hoiah koi; anih to laa hoiah ka pakoeh han.
8 ၈ ထာဝရဘုရားသည် မိမိလူစု၏ ခွန်အားဗလ ဖြစ်တော်မူ၏။ အထံတော်၌ ဘိသိတ်ခံသောသူ၏ ကယ်တင်ခြင်းအကြောင်းကို ခိုင်ခံ့မြဲမြံစေတော်မူ၏။
Angraeng loe angmah ih kaminawk hanah thacakhaih ah oh; situi a bawh ih kami hanah thacak pahlonghaih ah oh.
9 ၉ ကိုယ်တော်၏လူစုကို ကယ်တင်၍၊ အမွေတော် ကို ကောင်းကြီးမင်္ဂလာပေးတော်မူပါ။ သူတို့ကိုအုပ်ထိန်း ၍၊ ထာဝရချီးမြှောက်ခြင်းရှိစေတော်မူပါ။
Nangmah ih kaminawk to pahlong ah loe, na qawktoep kaminawk to tahamhoihaih paek ah: nihcae to khenzawn ah loe dungzan khoek to toep ah.