< ဆာလံ 27 >

1 ထာဝရဘုရားသည် ငါ၏အလင်း၊ ငါ့ကို ကယ်တင်သော အရှင်ဖြစ်တော်မူ၏။ ငါသည် အဘယ် သူကို ကြောက်ရအံ့နည်း။ ထာဝရဘုရားသည် ငါ့၏ အသက်ခိုလှုံရာဖြစ်တော်မူ၏။ ငါသည် အဘယ်သူကိုမျှ ကြောက်လန့်ရအံ့နည်း။
Na Rawiri. Ko Ihowa toku marama, toku whakaoranga; kia wehi ahau i a wai? Ko Ihowa te kaha o toku ora; ko wai e mataku ai ahau?
2 ငါ့ကိုအငြိုးထားသော ရန်သူလူဆိုးတို့သည်၊ ငါ့အသားကို ကိုက်စားမည်ဟု လာကြသောအခါ၊ ခြေ တိုက်မိ၍ လဲကြ၏။
I te whakatatanga mai o te hunga kino, o oku hoariri, o oku hoa whainga, ki te kai i oku kikokiko, tutuki ana ratou, hinga ana.
3 ငါတဘက်၌ တပ်ချကြသော်လည်း၊ ငါ့နှလုံး မကြောက်တတ်။ စစ်ချီ၍လာကြသော်လည်း၊ ထိုအမှုတွင် ပင် တည်ကြည်သော စိတ်ရှိလိမ့်မည်။
Ahakoa whakapae noa te ope i ahau e kore toku ngakau e wehi: ahakoa ara noa te pakanga ki ahau, ka au tonu ia ahau.
4 ထာဝရဘုရား၏ တင့်တယ်ခြင်း အသရေတော် ကို ဖူးမြင်၍၊ ဗိမာန်တော်၌ မွေ့လျော်ခြင်းအလိုငှါ၊ ထာဝရဘုရား၏ အိမ်တော်မှာ တသက်လုံးနေရမည် အကြောင်းတည်းဟူသော အခွင့်တခုကို ထာဝရဘုရား၌ ငါဆုတောင်းပြီ။ ထိုအခွင့်ကို ရှာရဦးမည်။
Kotahi taku mea i inoi ai i a Ihowa, ko taku tena e rapu ai: kia noho i te whare o Ihowa i nga ra katoa e ora ai ahau, kia kite ai i te ataahua o Ihowa, kia ui ai i roto i tona temepara.
5 အကြောင်းမူကား၊ ဘေးအန္တရာယ်ရောက်သည့် ကာလ၊ တဲတော်တွင် ငါ့ကို ကိုးကွယ်တော်မူမည်။ ဗိမာန် တော်အတွင်းအရပ်၌၊ ငါ့ကို ဝှက်ထားတော်မူမည်။ ကျောက်ပေါ်မှာလည်း ငါ့ကိုတင်ထားတော်မူမည်။
Ka huna hoki ahau e ia ki tona teneti i te ra o te he, ka huna ki te wahi ngaro i tona tapenakara, ka hapainga ahau ki runga ki te kohatu.
6 ယခုပင် ငါ့ပတ်လည်၌ရှိသော ရန်သူတို့၏ အပေါ်သို့ ငါ့၏ဦးခေါင်းကို ချီးမြှောက်တော်မူ၏။ ထိုကြောင့် ဗိမာန်တော်မှာ တံပိုးမှုတ်ခြင်းနှင့်တကွ ယဇ် ပူဇော်ပါမည်။ သီချင်းဆိုပါမည်။ ထာဝရဘုရားကို ထောမနာသီချင်းဆိုပါမည်။
Na, aianei ka teitei toku mahunga ki runga ake i oku hoariri, e karapoti nei i ahau; a ka patua e ahau i roto i tona tapenakara he whakahere hari; ka waiata ahau, ae ka himene ki a Ihowa.
7 အိုထာဝရဘုရား၊ အကျွန်ုပ်အောဟစ်သော အသံကိုနားထောင်တော်မူပါ။ အကျွန်ုပ်ကို သနား၍ ထူးတော်မူပါ။
Whakarongo mai ki toku reo, e Ihowa, ua karanga ahau, tohungia ahau, whakahokia mai hoki he kupu ki ahau.
8 ငါ၏မျက်နှာကို ရှာကြလော့ဟူသော အမိန့် တော်ကို ရှေ့တော်၌ အကျွန်ုပ်သည် သတိပြုလျက်၊ အိုထာဝရဘုရား၊ ကိုယ်တော်၏ မျက်နှာကို ရှာပါမည်။
I a koe i mea, Rapua e koutou toku mata; ka mea toku ngakau ki a koe, ka rapu ahau i tou mata, e Ihowa.
9 အကျွန်ုပ်ကို မျက်နှာလွှဲတော်မမူပါနှင့်။ အမျက် ထွက်၍ ကိုယ်တော်၏ ကျွန်ကိုပယ်တော်မမူပါနှင့်။ အကျွန်ုပ်ကို ကယ်တင်တော်မူသောဘုရား၊ ကိုယ်တော် သည် အကျွန်ုပ်ကို မစတော်မူဘူးသည်ဖြစ်၍၊ အကျွန်ုပ်ကို စွန့်ပစ်တော်မမူပါနှင့်။
Kaua tou mata e huna ki ahau, kaua tau pononga e peia atu ua riri koe: ko koe toku kaiawhina, kei mahue ahau i a koe, kei whakarerea e koe e te Atua o toku whakaoranga.
10 ၁၀ ကိုယ်မိဘတို့သည် အကျွန်ုပ်ကိုစွန့်သော်လည်း၊ ထာဝရဘုရားသည် အကျွန်ုပ်ကို ချီယူတော်မူမည်။
Ki te whakarerea ahau e toku papa, e toku whaea, ko Ihowa hei tukunga atu moku.
11 ၁၁ အိုထာဝရဘုရား၊ ကိုယ်တော်၏လမ်းကို အကျွန်ုပ်အား ပြသသွန်သင်တော်မူပါ။ အကျွန်ုပ်၏ ရန်သူတို့ကြောင့် ဖြောင့်သောလမ်းထဲ၌ အကျွန်ုပ်ကို ပို့ဆောင်တော်မူပါ။
E Ihowa, whakaakona ahau ki tau ara; arahina ahau i te ara tika, he hoariri hoki oku.
12 ၁၂ မမှန်သောသက်သေကို ခံသောသူတို့နှင့် ညှဉ်း ဆဲခြင်းငှါ၊ ပြင်းစွာ အသက်ရှူသော သူတို့သည် အကျွန်ုပ် တဘက်၌ ထကြသည်ဖြစ်၍၊ ရန်သူတို့အလိုသို့ အကျွန်ုပ် ကို အပ်နှံတော်မမူပါနှင့်။
Kaua ahau e tukua ki te hiahia o oku hoariri; kua whakatika mai hoki ki ahau he kaiwhakapae teka, me te hunga manawa nanakia.
13 ၁၃ အကယ်စင်စစ် အသက်ရှင်သောသူတို့၏ နေရာတွင်၊ ထာဝရဘုရား၏ ကျေးဇူးတော်ကို ငါတွေ့မြင် ပြီဟု ယုံမှတ်စွဲလမ်းခြင်းရှိ၏။
Kua ngohe ahau, me i kaua ahau i whakapono, tera ahau e kite i te pai o te Atua i te whenua o te ora.
14 ၁၄ ထာဝရဘုရားကို မြော်လင့်လော့။ အားယူ၍ ရဲရင့်သော စိတ်နှလုံးရှိလော့။ ထာဝရဘုရားကို မြော်လင့် လျက်နေလော့။
Taria a Ihowa: kia maia, a kia kaha tou ngakau; ina, taria a Ihowa.

< ဆာလံ 27 >