< ဆာလံ 25 >
1 ၁ အိုထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ် တသလျက်နေပါ၏။
to/for David to(wards) you LORD soul my to lift: trust
2 ၂ အကျွန်ုပ်၏ ဘုရားသခင်၊ ကိုယ်တော်ကို အကျွန်ုပ်ခိုလှုံသည်ဖြစ်၍၊ ရှက်ကြောက်ခြင်းသို့ မရောက် ပါစေနှင့်။ အကျွန်ုပ်၏ ရန်သူတို့သည် အကျွန်ုပ်ကို အောင်၍ အောင်ပွဲကိုမခံပါစေနှင့်။
God my in/on/with you to trust not be ashamed not to rejoice enemy my to/for me
3 ၃ အကယ်စင်စစ် ကိုယ်တော်ကို မြော်လင့်သော သူတို့သည် ရှက်ကြောက်ခြင်းသို့ မရောက်ရကြပါ။ အကြောင်းမရှိဘဲ သစ္စာကိုဖျက်သော သူတို့သည် ရှက်ကြောက်ခြင်းသို့ ရောက်ရကြပါလိမ့်မည်။
also all to await you not be ashamed be ashamed [the] to act treacherously emptily
4 ၄ အိုထာဝရဘုရား၊ ကိုယ်တော်၏လမ်းတို့ကို အကျွန်ုပ်အား ပြညွှန်၍၊ ခရီးတော်တို့ကို သွန်သင်တော် မူပါ။
way: conduct your LORD to know me way your to learn: teach me
5 ၅ ကိုယ်တော်၏ သမ္မာတရားကိုပြ၍၊ အကျွန်ုပ်ကို သွန်သင်တော်မူပါ။ အကြောင်းမူကား၊ ကိုယ်တော်သည် အကျွန်ုပ်ကို ကယ်တင်သော ဘုရားသခင်ဖြစ်တော်မူ၏။ ကိုယ်တော်ကို အစဉ်မြော်လင့်လျက် နေပါ၏။
to tread me in/on/with truth: true your and to learn: teach me for you(m. s.) God salvation my [obj] you to await all [the] day
6 ၆ အိုထာဝရဘုရား၊ ရှေးကာလမှစ၍၊ ပြတော်မူ သောကရုဏာနှင့် မေတ္တာသဘောကို အောက်မေ့တော် မူပါ။
to remember compassion your LORD and kindness your for from forever: antiquity they(masc.)
7 ၇ အကျွန်ုပ်သည် အသက်အရွယ်ငယ်စဉ်၊ ပြစ်မှား မိသောအပြစ်တို့ကို အောက်မေ့တော်မမူပါနှင့်။ ကောင်း မြတ်တော်မူသည်ဖြစ်၍။ ကရုဏာတော်ရှိသည်အတိုင်း၊ အကျွန်ုပ်ကို အောက်မေ့တော်မူပါထာဝရဘုရား။
sin youth my and transgression my not to remember like/as kindness your to remember to/for me you(m. s.) because goodness your LORD
8 ၈ ထာဝရဘုရားသည် ကောင်းသောသဘော၊ ဖြောင့်မတ်သောသဘောနှင့် ပြည့်စုံတော်မူသည်ဖြစ်၍၊ အပြစ်ရှိသောသူတို့ကို လမ်းပြတော်မူ၏။
pleasant and upright LORD upon so to show sinner in/on/with way: conduct
9 ၉ နှိမ့်ချလျက်ရှိသော သူတို့ကို တရားလမ်း၌ သွေးဆောင်တော်မူ၏။ နှိမ့်ချလျက်ရှိသောသူတို့အား ခရီးတော်တို့ကို သွန်သင်တော်မူ၏။
to tread poor in/on/with justice and to learn: teach poor way: conduct his
10 ၁၀ ထာဝရဘုရား၏ လမ်းခရီးရှိသမျှတို့သည် ပဋိညာဉ်တရားတော်နှင့် သက်သေခံတော်မူချက်တို့ကို စောင့်ရှောက်သော သူတို့အား ကရုဏာနှင့် သစ္စာဖြစ်ကြ သတည်း။
all way LORD kindness and truth: faithful to/for to watch covenant his and testimony his
11 ၁၁ အိုထာဝရဘုရား၊ အကျွန်ုပ်အပြစ်များလှသော ကြောင့် နာမတော်ကိုထောက်၍ ချမ်းသာပေးတော်မူပါ။
because name your LORD and to forgive to/for iniquity: crime my for many he/she/it
12 ၁၂ အကြင်သူသည် ထာဝရဘုရားကို ကြောက်ရွံ့ တတ်၏။ ထိုသူအား နှစ်သက်ဘွယ်သောလမ်းကို ပြညွှန် တော်မူမည်။
who? this [the] man afraid LORD to show him in/on/with way: conduct to choose
13 ၁၃ ထိုသူသည် ကိုယ်တိုင်ကောင်းမွန်စွာ ကျိန်းဝပ် ၍၊ သူ၏အမျိုးအနွယ်သည်လည်း ပြည်တော်ကို အမွေ ခံရလိမ့်မည်။
soul his in/on/with good to lodge and seed: children his to possess: possess land: country/planet
14 ၁၄ ထာဝရဘုရားကို ကြောက်ရွံ့သောသူတို့သည် ကိုယ်တော်မြတ်နှင့် မိဿဟာယဖွဲ့ရသောအခွင့်နှင့် ပဋိညာဉ်တရားတော်ကို သိရသော အခွင့်ရှိကြ၏။
counsel LORD to/for afraid his and covenant his to/for to know them
15 ၁၅ အကျွန်ုပ်သည် ထာဝရဘုရားကို အစဉ်မြော် လင့်လျက် နေပါ၏။ အကြောင်းမူကား၊ အကျွန်ုပ်၏ခြေကို ကျော့ကွင်းထဲက နှုတ်ယူတော်မူမည်။
eye my continually to(wards) LORD for he/she/it to come out: send from net foot my
16 ၁၆ အကျွန်ုပ်သည် တယောက်တည်းကျန်ကြွင်း၍ နှိမ့်ချခြင်းကို ခံရသောကြောင့်၊ အကျွန်ုပ်ကို မျက်နှာပြု၍ ကယ်မသနားတော်မူပါ။
to turn to(wards) me and be gracious me for only and afflicted I
17 ၁၇ အကျွန်ုပ် စိတ်နှလုံးဆင်းရဲသည်ကို ချမ်းသာ ပေး၍၊ အမှုများထဲက ကယ်နှုတ်တော်မူပါ။
distress heart my to enlarge from distress my to come out: send me
18 ၁၈ အကျွန်ုပ်နှိမ့်ချခြင်းနှင့် ပူပန်ခြင်းကို ကြည့်ရှု၍၊ အကျွန်ုပ်အပြစ်ရှိသမျှတို့ကို လွှတ်တော်မူပါ။
to see: examine affliction my and trouble my and to lift: forgive to/for all sin my
19 ၁၉ အကျွန်ုပ်၏ ရန်သူတို့သည် များပြားကြောင်းနှင့် အကျွန်ုပ်ကို ပြင်းစွာမုန်းထားကြောင်းကို ဆင်ခြင်တော် မူပါ။
to see: examine enemy my for to multiply and hating violence to hate me
20 ၂၀ အကျွန်ုပ်အသက်ကိုစောင့်ရှောက်၍၊ အကျွန်ုပ် ကို ကယ်တင် တော်မူပါ။ အကျွန်ုပ်သည် ကိုယ်တော်ကို ခိုလှုံပါသည်ဖြစ်၍၊ ရှက်ကြောက်ခြင်းသို့ မရောက်ပါ စေနှင့်။
to keep: guard [emph?] soul my and to rescue me not be ashamed for to seek refuge in/on/with you
21 ၂၁ ကိုယ်တော်ကိုမြော်လင့်လျက် နေပါသည်ဖြစ်၍၊ အပြစ်ကင်းခြင်းနှင့် သဘောဖြောင့်ခြင်းသည် အကျွန်ုပ်ကို စောင့်ရှောက်ပစေသော။
integrity and uprightness to watch me for to await you (LORD *X*)
22 ၂၂ အိုဘုရားသခင်၊ ဣသရေလအမျိုးကို ခပ်သိမ်း သော ဒုက္ခအထဲက ရွေးနှုတ်တော်မူပါ။
to ransom God [obj] Israel from all distress his