< ဆာလံ 24 >
1 ၁ ထာဝရဘုရားသည် မြေကြီးနှင့် မြေကြီးတန်ဆာ ကို၎င်း၊ လောကဓာတ်နှင့်လောကသားတို့ကို၎င်း၊ ပိုင်တော်မူ၏။
SAPWILIM en Ieowa sappa o audepa kan, sap o meakaros me kauson poa.
2 ၂ အကြောင်းမူကား၊ ထိုနေရာကို သမုဒ္ဒရာပေါ် မှာတည်၍၊ ရေများပေါ်မှာ မြဲမြံစေတော်မူပြီ။
Pwe a kotin pasonedier ni kailan madau, o a kotin wiadar pon pil akan.
3 ၃ ထာဝရဘုရား၏ တောင်တော်ပေါ်သို့ အဘယ်သူ သည် တက်ရမည်နည်း။ သန့်ရှင်းရာဌာနတော်၌ အဘယ် သူသည် ရပ်နေရမည်နည်းဟူမူကား၊
Is me pan kodalang pon dol en Ieowa? O is me pan kak uda ni mol en Ieowa saraui?
4 ၄ သန့်ရှင်းသောလက်နှင့် ဖြူစင်သောနှလုံးရှိသော သူ၊ မုသာကိုမမှီဝဲ မဆည်းကပ်၊ မမှန်သောကျိန်ဆိုခြင်းကို မပြုသောသူသည်၊
Me pa a kan sota sapung o mongiong i makelekel; me sota kin mauki padak sapung, o me sota kin kaula likam.
5 ၅ ထာဝရဘုရား၏ လက်တော်မှ ကောင်းကြီး မင်္ဂလာကို၎င်း၊ ကယ်တင်တော်မူသော ဘုရားသခင်၏ လက်တော်မှ ဖြောင့်မတ်ခြင်းတရားကို၎င်း ခံရလိမ့်မည်။
I me pan kamaula ren Ieowa, o a pan pung kila ren Kot a saunkamaur.
6 ၆ ထိုသူသည် ထာဝရဘုရားကို ရှာသောအမျိုး၊ မျက်နှာတော်ကို ရှာသောယာကုပ်အမျိုးဖြစ်သတည်း။
I kainok, me kin peiki ong Kot, me kin rapaki silang omui, Kot en Iakop. (Sela)
7 ၇ အချင်းတံခါးတို့၊ တံခါးမုတ်ကိုကြွလိုက်ကြ။ အချင်းထာဝရတံခါးတို့၊ ကိုယ်ကိုကြွလိုက်ကြ။ ဘုန်းကြီး သောရှင်ဘုရင် ဝင်တော်မူမည်။
Komail ritingada wanim laud o langada wanim nin sappa, pwe Nammarki lingan en kotilong!
8 ၈ ဘုန်းကြီးသောရှင်ဘုရင်ကား အဘယ်သူနည်း။ အစွမ်းတန်ခိုးနှင့် ပြည့်စုံတော်မူသော ထာဝရဘုရား၊ စစ်တိုက်ခြင်းငှါ တန်ခိုးကြီးတော်မူသော ထာဝရဘုရား ပေတည်း။
Is Nanmarki lingan men et? I Ieowa roson o manaman, Ieowa me rasong nan mauin.
9 ၉ အချင်းတံခါးတို့၊ တံခါးမုတ်ကိုကြွလိုက်ကြ။ အချင်းထာဝရတံခါးတို့၊ ကိုယ်ကိုကြွလိုက်ကြ။ ဘုန်းကြီး သောရှင်ဘုရင်ဝင်တော်မူမည်။
Komail ritingada wanim laud o langada wanim nin sappa, pwe Nanmarki lingan en kotilong!
10 ၁၀ ဘုန်းကြီးသောရှင်ဘုရင်ကား အဘယ်သူနည်း။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားပေတည်း။ ထိုဘုရားသည် ဘုန်းကြီးသောရှင်ဘုရင် ဖြစ်တော်မူ သတည်း။
Is Nanmarki lingan men et? I Ieowa Sepaot; I Nanmarki lingan. (Sela)