< ဆာလံ 22 >
1 ၁ အကျွန်ုပ်ဘုရား၊ အကျွန်ုပ်ဘုရား၊ အဘယ် ကြောင့် အကျွန်ုပ်ကို စွန့်ပစ်တော်မူသနည်း။ အကျွန်ုပ်ကို မကယ်တင်ဘဲ အကျွန်ုပ်အော်ဟစ်သော စကားကို နား မထောင်ဘဲ အဘယ်ကြောင့် အဝေးမှာနေတော်မူ သနည်း။
၁ကျွန်တော်မျိုး၏ဘုရား အို ကျွန်တော်မျိုး၏ ဘုရား၊ အဘယ်ကြောင့်ကျွန်တော်မျိုးအား စွန့်ပစ်တော်မူပါသနည်း။ ကယ်မတော်မူရန်ကျွန်တော်မျိုးသည်ဟစ် အော်ပါ၏။ သို့ရာတွင်ယခုတိုင်အောင်ကယ်မတော်မမူပါ။
2 ၂ အကျွန်ုပ်ဘုရား၊ နေ့အခါအကျွန်ုပ်အော်ဟစ် သော်လည်း၊ ကိုယ်တော်သည် နားမထောင်ပါ။ ညဉ့်အခါ အော်ဟစ်သော်လည်း သက်သာခြင်းသို့ မရောက်ပါ။
၂ကျွန်တော်မျိုး၏ဘုရား၊နေ့အခါ၌ကိုယ်တော် အား ကျွန်တော်မျိုးခေါ်ပါ၏။ သို့ရာတွင်ကိုယ်တော်သည်ထူးတော်မမူပါ။ ညဥ့်အခါကျွန်တော်မျိုးခေါ်ပါ၏။ သို့ရာတွင်ကျွန်တော်မျိုးစိတ်သက်သာခွင့်ကို မရပါ။
3 ၃ ကိုယ်တော်မူကား၊ ဣသရေလအမျိုးသားတို့ ချီးမွမ်းရာ၌ ကျိန်းဝပ်လျက် သန့်ရှင်းခြင်းရှိတော်မူ၏။
၃သို့ရာတွင်ကိုယ်တော်ရှင်သည်ပလ္လင်တော်ပေါ်တွင် စံတော်မူသောအရှင်၊ ဣသရေလအမျိုးသားတို့ထောမနာပြုခြင်းကို ခံတော်မူရသောအရှင်ဖြစ်တော်မူပါ၏။
4 ၄ အကျွန်ုပ်တို့ဘိုးဘေးတို့သည် ကိုယ်တော်ကို ကိုးစား ကြပါ၏။ ကိုးစားကြသည်တွင်၊ ကိုယ်တော်သည် ကယ် တင်တော်မူ၏။
၄ကျွန်တော်မျိုးတို့၏ဘိုးဘေးများသည်ကိုယ်တော်ကို ကိုးစားခဲ့ကြပါ၏။ ယင်းသို့သူတို့ကိုးစားသည့်အတိုင်း ကိုယ်တော်သည်လည်းသူတို့အား ကယ်တော်မူခဲ့ပါ၏။
5 ၅ သူတို့သည် ကိုယ်တော်ကို အော်ဟစ်၍ ကယ် တင်ခြင်းသို့ ရောက်ပါ၏။ ကိုယ်တော်ကို ကိုးစား၍ ရှက် ကြောက်ခြင်းနှင့် ကင်းလွတ်ကြပါ၏။
၅သူတို့သည်ကိုယ်တော်၏ထံတော်သို့အော်ဟစ် တောင်းလျှောက်ကြသဖြင့် ဘေးဥပဒ်များမှလွတ်မြောက်ခဲ့ကြပါ၏။ သူတို့သည်ကိုယ်တော်ကိုယုံကြည်ကိုးစား ကြသည် နှင့်အမျှအကျိုးကိုခံစားကြရပါ၏။
6 ၆ အကျွန်ုပ်မူကား၊ လူမဟုတ်၊ ပိုးကောင်မျှသာ ဖြစ်ပါ၏။ လူများ ကဲ့ရဲ့စရာ၊ လူစုအရှက်ခွဲစရာဘို့ ဖြစ်ပါ၏။
၆သို့ရာတွင်ကျွန်တော်မျိုးသည်လူမဟုတ်၊ ပိုးကောင်မျှသာဖြစ်၍လူတကာတို့ကဲ့ရဲ့ စရာ၊ မထီလေးစားပြုစရာဖြစ်ပါ၏။
7 ၇ အကျွန်ုပ်ကိုမြင်သမျှသောသူတို့သည် ပြက်ယယ် ပြုခြင်း၊ နှုတ်ခမ်းဖြဲခြင်း၊ ခေါင်းညိတ်ခြင်းကို ပြုကြပါ၏။
၇ကျွန်တော်မျိုးအားမြင်သောသူတိုင်း ပြောင်လှောင်ကြပါ၏။ သူတို့သည်လျှာကိုထုတ်လျက်ဦးခေါင်းကို ခါကြပါ၏။
8 ၈ သူသည် ထာဝရဘုရားကို ကိုးစားပြီ၊ သူ့ကို နှုတ်တော်မူပါလေစေ။ သူ၌အလိုရှိလျှင် ယခုပင် ကယ်တင်တော်မူပါလေစေဟု ဆိုကြပါ၏။
၈သူတို့က``သင်သည်ထာဝရဘုရားကိုအားကိုး ဘိ၏။ ကိုယ်တော်သည်သင့်ကိုအဘယ်ကြောင့် မကယ်ပါသနည်း။ ထာဝရဘုရားသည်သင့်ကို နှစ်သက်မြတ်နိုးတော်မူလျှင် အဘယ်ကြောင့်သင့်အားကယ်မတော် မမူ ပါသနည်း'' ဟုဆိုကြ၏။
9 ၉ သို့သော်လည်းကိုယ်တော်သည် အကျွန်ုပ်ကို အမိဝမ်းထဲက ဆွဲယူ၍၊ နို့စို့သည်ကာလ၌ စိုးရိမ်ခြင်း အကြောင်းကို ပယ်ရှင်းတော်မူ၏။
၉ကျွန်တော်မျိုးအားဘေးဥပဒ်ကင်းရှင်းစွာ အမိဝမ်းမှမွေးဖွားစေတော်မူသောအရှင် ကား ကိုယ်တော်ရှင်ပင်ဖြစ်ပါ၏။ နို့စို့သူငယ်ဖြစ်စဉ်အခါကလည်း ကျွန်တော်မျိုးအားကိုယ်တော်ရှင်သည် ဘေးမဲ့လုံခြုံစွာထားတော်မူခဲ့ပါ၏။
10 ၁၀ အကျွန်ုပ်သည် ဘွားကတည်းကပင် လက်တော် သို့ရောက်ပါ၏။ အမိဝမ်းထဲမှစ၍ ကိုယ်တော်သည် အကျွန်ုပ်ဘုရားသခင်ဖြစ်တော်မူပါပြီ။
၁၀ကျွန်တော်မျိုးသည်မွေးဖွားချိန်မှအစ ပြု၍ ကိုယ်တော်ရှင်ကိုအားကိုးခဲ့ပါ၏။ ထိုအချိန်မှစ၍ကိုယ်တော်ရှင်သည် ကျွန်တော်မျိုး၏ဘုရားဖြစ်တော်မူပါ၏။
11 ၁၁ အကျွန်ုပ်နှင့်ဝေးဝေးနေတော်မမူပါနှင့်။ဘေးအန္တရာယ် ရောက်လုနီးပါပြီ။ မစသောသူမရှိပါ။
၁၁ကျွန်တော်မျိုးနှင့်ဝေးဝေးနေတော်မမူပါနှင့်။ ကျွန်တော်မျိုးဒုက္ခရောက်ပါတော့မည်။ ကူမမည့်သူလည်းတစ်ယောက်မျှမရှိပါ။
12 ၁၂ နွားလားဥသဘတို့သည် အကျွန်ုပ်ကိုဝိုင်း၍၊ အားကြီးသော ဗာရှန်ဥသဘတို့သည် ဝန်းရံလျက် နေကြ ပါ၏။
၁၂ကျွန်တော်မျိုး၏ရန်သူတို့သည်ဗာရှန်ဒေသမှ ကြောက်မက်ဖွယ်ကောင်းသောနွားသိုးများကဲ့သို့ ကျွန်တော်မျိုးကိုဝိုင်းရံထားကြပါ၏။
13 ၁၃ ကိုက်ဖြတ်၍ ဟောက်တတ်သော ခြင်္သေ့ကဲ့သို့ အကျွန်ုပ်ကို ပစပ်ဟကြပါ၏။
၁၃ခြင်္သေ့များကဲ့သို့ခံတွင်းကိုဟ၍ဟိန်းဟောက် ကာ ကျွန်တော်မျိုးကိုကိုက်ဖြတ်မည်ပြုကြ၏။
14 ၁၄ အကျွန်ုပ်သည် ရေကဲ့သို့သွန်ခြင်းကို ခံရ၍၊ အရိုးအဆစ်ရှိသမျှတို့သည် ပြုတ်ကြပါ၏။ အကျွန်ုပ်နှလုံး သည် ဘယောင်းကဲ့သို့ဖြစ်၍၊ ရင်ထဲမှာ အရည်ကျိုလျက် ရှိပါ၏။
၁၄ကျွန်တော်မျိုး၏ခွန်အားသည်မြေကြီးပေါ်တွင် ဖိတ်သည့်ရေကဲ့သို့ခန်းခြောက်သွားပါ၏။ ကျွန်တော်မျိုး၏အရိုးအားလုံးသည် အဆစ်ပြုတ်လျက်နေပါ၏။ ရင်တွင်းမှနှလုံးသားသည်အရည်ပျော် သော ဖယောင်းကဲ့သို့ဖြစ်၍နေပါ၏။
15 ၁၅ အကျွန်ုပ်ခွန်အားသည် အိုးခြမ်းကဲ့သို့ ခန်း ခြောက်၍၊ လျှာလည်း ပါးရိုး၌ ကပ်လျက်ရှိပါ၏။အကျွန်ုပ် ကို သေမြေတိုင်အောင် ချတော်မူပါပြီ။
၁၅ကျွန်တော်မျိုး၏လည်ချောင်းသည်မြေမှုန့် ကဲ့သို့ ခြောက်လျက်ကျွန်တော်မျိုး၏လျှာသည်လည်း အာခေါင်တွင်ကပ်၍နေပါ၏။ ကိုယ်တော်သည်ကျွန်တော်မျိုးအားသေစေရန် မြေမှုန့်တွင်စွန့်ပစ်ထားတော်မူပါပြီ။
16 ၁၆ ခွေးတို့သည် အကျွန်ုပ်ကိုဝိုင်းလျက်၊ စုဝေးသော လူဆိုးတို့သည် ဝန်းရံလျက်နေ၍၊ အကျွန်ုပ်၏ ခြေလက် တို့ကို ထိုးဖောက်ကြပါပြီ။
၁၆လူဆိုးတစ်စုသည်ကျွန်တော်မျိုးကို ဝိုင်းထားကြပါ၏။ သူတို့သည်တောခွေးအုပ်ကဲ့သို့ကျွန်တော်မျိုး အနီးသို့ချဉ်းကပ်လာပြီးလျှင် ကျွန်တော်မျိုး၏ခြေလက်များကိုကိုက်ဖြတ် ကြပါ၏။
17 ၁၇ ကိုယ်အရိုးရှိသမျှတို့ကို အကျွန်ုပ်ရေတွက်နိုင် ပါ၏။ သူတို့သည် အကျွန်ုပ်ကိုကြည့်မြင်၍ အားရလျက် နေကြပါ၏။
၁၇ကျွန်တော်မျိုး၏အရိုးများအားလုံးပင် ပြိုင်းပြိုင်း ပေါ်လာပါ၏။ ရန်သူတို့သည်ကျွန်တော်မျိုးကိုအားရ ဝမ်းသာစွာ စူးစိုက်၍ကြည့်ကြပါ၏။
18 ၁၈ အကျွန်ုပ်အဝတ်ကို အချင်းချင်းဝေဖန်၍၊ အကျွန်ုပ်အင်္ကျီကို စာရေးတံချကြပါ၏။
၁၈ကျွန်တော်မျိုး၏အဝတ်များကိုသူတို့သည် အချင်းချင်းခွဲဝေ၍ယူကြပါ၏။ ကျွန်တော်မျိုး၏ဝတ်လုံကိုမဲချကြပါ၏။
19 ၁၉ အိုထာဝရဘုရား၊ အကျွန်ုပ်နှင့်ဝေးဝေးနေတော် မမူပါနှင့်။ အကျွန်ုပ်ခွန်အားဗလ၊ အကျွန်ုပ်ကို မစခြင်းငှါ အလျင်အမြန် ကြွလာတော်မူပါ။
၁၉အို ထာဝရဘုရား၊ ကျွန်တော်မျိုးနှင့်ဝေးဝေးနေတော်မမူပါနှင့်။ လျင်မြန်စွာကြွလာ၍ကယ်တော်မူပါ။
20 ၂၀ အကျွန်ုပ်အသက်ကို ထားဘေးမှ၎င်း၊ အကျွန်ုပ် အချစ်ဆုံးကို ခွေးလက်မှ၎င်း ကယ်လွတ်တော်မူပါ။
၂၀ဋ္ဌားဘေးမှကျွန်တော်မျိုးအားကယ်တော်မူပါ။ ခွေးကဲ့သို့သောသူတို့၏ဘေးမှကျွန်တော် မျိုး၏ အသက်ကိုကယ်တော်မူပါ။
21 ၂၁ ခြင်္သေ့ခံတွင်းမှ အကျွန်ုပ်ကိုကယ်တင်၍၊ ကြံ့ ဦးချိုထဲမှာ အကျွန်ုပ်ခေါ်သောအသံကို နားထောင်တော် မူပါ။
၂၁ခြင်္သေ့ကဲ့သို့ကြမ်းကြုတ်သောသူတို့၏လက်မှ ကျွန်တော်မျိုး၏အသက်ကိုကယ်တော်မူပါ။ နွားသိုးရိုင်းကဲ့သို့သောသူတို့၏အရှေ့တွင် ကျွန်တော်မျိုးသည်ခိုကိုးရာမဲ့ဖြစ်၍နေပါ၏။
22 ၂၂ အကျွန်ုပ်သည် သိတင်းတော်ကို ညီအစ်ကိုတို့ အား ကြားပြောပါမည်။ ပရိသတ်အလယ်မှာ ကိုယ်တော် ကို ချီးမွမ်းပါမည်။
၂၂ကိုယ်တော်ပြုတော်မူသောအမှုအရာတို့ကို ကျွန်တော်မျိုး၏သားချင်းတို့အားပြော ကြားပါမည်။ ထိုသူတို့စည်းဝေးရာတွင်ကျွန်တော်မျိုးသည် ကိုယ်တော်အားထောမနာပြုပါမည်။
23 ၂၃ ထာဝရဘုရားကို ကြောက်ရွံ့သော အချင်းတို့၊ ချီးမွမ်းခြင်းကို ပြုကြလော့။ ယာကုပ်အမျိုးအပေါင်းတို့၊ ဂုဏ်ကျေးဇူးတော်ကို ဘော်ပြကြပါလော့။ ဣသရေလ အမျိုးအပေါင်းတို့၊ ကိုယ်တော်ကို ကြောက်ရွံ့ကြလော့။
၂၃ထာဝရဘုရား၏အစေခံတို့၊ကိုယ်တော်ကို ထောမနာပြုကြလော့။ ယာကုပ်၏သားမြေးတို့၊ကိုယ်တော်အား ဂုဏ်ပြုချီးကူးကြလော့။ ဣသရေလအမျိုးသားတို့၊ကိုယ်တော်အား ဝတ်ပြုကိုးကွယ်ကြလော့။
24 ၂၄ အကြောင်းမူကား၊ နှိမ့်ချလျက်ရှိသောသူ၏ နှိမ့်ချသောအဖြစ်ကို မထီမဲ့မြင်ပြုတော်မူသည်မဟုတ်။ မျက်နှာတော်ကိုမလွှဲ၊ အော်ဟစ်သောအခါ နားထောင် တော်မူပြီ။
၂၄ကိုယ်တော်သည်ဆင်းရဲသူတို့အားပစ်ထား တော်မမူပါ။ သူတို့၏ဆင်းရဲဒုက္ခများကိုလည်း လျစ်လူရှုတော်မမူပါ။ ကိုယ်တော်သည်သူတို့ကိုမျက်နှာတော်လွှဲ တော်မမူပါ။ ကူမတော်မူရန်သူတို့အော်ဟစ် တောင်းလျှောက်သည်ကိုနားညောင်းတော်မူပါ၏။
25 ၂၅ အကျွန်ုပ်သည် မဟာပရိသတ်အလယ်မှာ ကိုယ်တော်ကို ချီးမွမ်း၍၊ ကိုယ်တော်ကို ကြောက်ရွံ့သော သူတို့ရှေ့မှာ၊ သစ္စာဂတိထားသည်အတိုင်း သစ္စာဝတ်ကို ဖြေပါမည်။
၂၅ကျွန်တော်မျိုးသည်ကိုယ်တော်ပြုတော်မူသော ကျေးဇူးတော်အတွက် ကိုယ်တော်အားကိုးကွယ်သူလူပရိသတ်ရှေ့တွင် ကိုယ်တော်အားထောမနာပြုပါမည်။ ကျွန်တော်မျိုးသည်မိမိကတိသစ္စာပြုခဲ့သည့် အတိုင်း ယဇ်ပူဇော်ပါမည်။
26 ၂၆ နှိမ့်ချလျက်ရှိသော သူတို့သည် ဝစွာစားရကြ လိမ့်မည်။ ထာဝရဘုရားကိုရှာသောသူတို့သည် ချီးမွမ်း ကြလိမ့်မည်။ သင်တို့စိတ်နှလုံးသည် အစဉ်အမြဲအား ဖြည့်ရလိမ့်မည်။
၂၆ဆင်းရဲသူတို့သည်ဝစွာစားရကြပါလိမ့်မည်။ ဘုရားသခင်ထံတော်သို့ချဉ်းကပ်ကြသူ တို့သည် ကိုယ်တော်အားထောမနာပြုကြပါလိမ့်မည်။ သူတို့သည်ထာဝစဉ်ကောင်းစားကြပါစေ သော။
27 ၂၇ မြေကြီးစွန်းရှိသမျှတို့သည် သတိရ၍၊ ထာဝရ ဘုရားထံတော်သို့ ပြောင်းလဲကြလိမ့်မည်။ လူအမျိုးအနွယ် ပေါင်းတို့သည် ရှေ့တော်၌ ကိုးကွယ်ကြလိမ့်မည်။
၂၇လူမျိုးတကာတို့သည်ထာဝရဘုရားကို သတိရကြလိမ့်မည်။ ကမ္ဘာအရပ်ရပ်မှလူမျိုးအပေါင်းတို့သည် စိတ်သဘောပြောင်းလဲ၍ကိုယ်တော်ကို ကိုးကွယ်ဆည်းကပ်ကြလိမ့်မည်။
28 ၂၈ အကြောင်းမူကား၊ ထာဝရဘုရားသည် စိုးစံ ပိုင်တော်မူ၏။ လူမျိုးတို့ကို မင်းပြုတော်မူ၏။
၂၈ထာဝရဘုရားသည်ဘုရင်ဖြစ်တော်မူ၏။ လူမျိုးတကာတို့ကိုအုပ်စိုးတော်မူ၏။
29 ၂၉ မြေကြီးပေါ်မှာ ကြွယ်ဝသောသူအပေါင်းတို့ သည် စား၍ကိုးကွယ်ကြလိမ့်မည်။ ကိုယ်အသက်ကိုမစောင့် နိုင်။ မြေမှုန့်သို့ဆင်းရသော သူအပေါင်းတို့သည်လည်း၊ ရှေ့တော်၌ ညွတ်ပြတ်ဝပ်တွားကြလိမ့်မည်။
၂၉မာနကြီးသူအပေါင်းတို့သည်ကိုယ်တော်အား ဦးညွှတ်ရှိခိုးကြလိမ့်မည်။ သေမျိုးဖြစ်သူလူအပေါင်းတို့သည်ရှေ့တော်၌ ဦးညွှတ်ရှိခိုးကြလိမ့်မည်။
30 ၃၀ သူတို့အမျိုးအနွယ်သည်လည်း ဝတ်တော်ကို ပြုသဖြင့်၊ လူအစဉ်အဆက်တို့သည် ထာဝရဘုရား၏ သိတင်းတော်ကို ကြားရကြလိမ့်မည်။
၃၀အနာဂတ်လူမျိုးဆက်တို့သည်ကိုယ်တော်၏ အမှုတော်ကိုထမ်းဆောင်ကြလိမ့်မည်။ ယခုလူမျိုးဆက်တို့သည်လာလတ္တံ့သော လူမျိုးဆက်အားဘုရားရှင်၏အကြောင်း တော်ကို ပြောကြားကြလိမ့်မည်။
31 ၃၁ ဤသို့စီရင်တော်မူပြီးမှ သူတို့သည်ပေါ်လာ၍၊ တရားသောအမှုတော်ကိုဘွားသောလူမျိုးအား ဘော်ပြ ရကြလိမ့်မည်။
၃၁``ထာဝရဘုရားသည်မိမိ၏လူစုတော်အား ကယ်တော်မူခဲ့၏'' ဟုလာလတ္တံ့သော လူမျိုးဆက်အားပြောကြားကြလိမ့်မည်။