< ဆာလံ 20 >
1 ၁ ဘေးအန္တရာယ်ရောက်သောကာလ၌၊ ထာဝရ ဘုရားသည် ကိုယ်တော်စကားကို နားထောင်၍၊ ယာကုပ် ၏ ဘုရားသခင်နာမတော်သည် ချီးမြှောက်တော်မူပါစေ သော။
En Psalm Davids, till att föresjunga. Herren höre dig i nödene; Jacobs Guds Namn beskydde dig.
2 ၂ သန့်ရှင်းရာဌာနတော်ထဲက ကူညီ၍၊ ဇိအုန် တောင်ပေါ်က ထောက်ပင့်တော်မူပါစေသော။
Han sände dig hjelp af helgedomenom, och styrke dig utaf Zion.
3 ၃ ကိုယ်တော်၏ ပူဇော်သက္ကာအလုံးစုံတို့ကို အောက်မေ့၍၊ မီးရှို့သောယဇ်ကို လက်ခံတော်မူပါစေ သော။
Han tänke uppå all din spisoffer; och din bränneoffer vare fet. (Sela)
4 ၄ ကိုယ်တော်၏ စိတ်အလိုရှိသည်အတိုင်း ပေး သနား၍၊ အကြံအစည်တော်ရှိသမျှတို့ကို ပြည့်စုံစေခြင်းငှါ ပြုတော်မူပါစေသော။
Han gifve dig hvad ditt hjerta begärar, och fullborde all din anslag.
5 ၅ ကိုယ်တော်၏ ကယ်တင်ခြင်းကြောင့် အကျွန်ုပ် တို့သည် ဝမ်းမြောက်၍၊ အကျွန်ုပ်တို့ ဘုရားသခင်၏ အခွင့်နှင့် အလံကို ထူကြလိမ့်မည်။ ထာဝရဘုရားသည် ကိုယ်တော်ဆုတောင်းသမျှအတိုင်း ကျေးဇူးပြု တော်မူပါ စေသော။
Vi fröjde oss, att du oss hjelper; och i vår Guds Namn rese vi baneret upp; Herren fullborde alla dina böner.
6 ၆ ထာဝရဘုရားပေးတော်မူ၍ ဘိသိက်ခံသောသူ အား၊ ကယ်တင်တော်မူကြောင်းကို၎င်း၊ လက်ျာလက်တော် ကယ်တင်ခြင်း အစွန်းနှင့် ထိုသူ၏ စကားကိုသန့်ရှင်း သော ကောင်းကင်ပေါ်မှာ နားထောင်တော်မူကြောင်းကို၎င်း ယခုငါသိ၏။
Nu märker jag, att Herren hjelper sin smorda, och hörer honom i sinom helga himmel; hans högra hand hjelper väldeliga.
7 ၇ အချို့သောသူတို့သည် ရထားကို၎င်း၊ အချို့တို့ သည် မြင်းကို၎င်း၊ ချီးမွမ်းတတ်ကြ၏။ ငါတို့မူကား၊ ငါတို့ဘုရားသခင်တည်းဟူသော ထာဝရဘုရား၏ နာမ တော်ကို ချီးမွမ်းကြလိမ့်မည်။
De andre förlåta sig på vagnar och hästar; men vi tänke på Herrans vår Guds Namn.
8 ၈ သူတို့သည်နှိမ့်ချ၍ လဲလျက်ရှိကြ၏။ ငါတို့မူကား၊ ထ၍ မတ်တတ်နေကြ၏။ အိုထာဝရ ဘုရား၊ မင်းကြီးကို ကယ်တင်တော်မူပါ။
De äro nederstötte och fallne; men vi stå upprätte.
9 ၉ အကျွန်ုပ်တို့ခေါ်သောအခါ နားထောင်တော် မူပါ။
Hjelp, Herre; Konungen höre oss, när vi rope.