< ဆာလံ 20 >

1 ဘေးအန္တရာယ်ရောက်သောကာလ၌၊ ထာဝရ ဘုရားသည် ကိုယ်တော်စကားကို နားထောင်၍၊ ယာကုပ် ၏ ဘုရားသခင်နာမတော်သည် ချီးမြှောက်တော်မူပါစေ သော။
Que el Señor te oiga en el día de la angustia; que el nombre del Dios de Jacob te defienda;
2 သန့်ရှင်းရာဌာနတော်ထဲက ကူညီ၍၊ ဇိအုန် တောင်ပေါ်က ထောက်ပင့်တော်မူပါစေသော။
Que él te envíe ayuda desde el lugar santo, y te dé fuerzas desde Sión;
3 ကိုယ်တော်၏ ပူဇော်သက္ကာအလုံးစုံတို့ကို အောက်မေ့၍၊ မီးရှို့သောယဇ်ကို လက်ခံတော်မူပါစေ သော။
Tenga en cuenta todas tus ofrendas y esté satisfecho con tu holocausto; (Selah)
4 ကိုယ်တော်၏ စိတ်အလိုရှိသည်အတိုင်း ပေး သနား၍၊ အကြံအစည်တော်ရှိသမျှတို့ကို ပြည့်စုံစေခြင်းငှါ ပြုတော်မူပါစေသော။
Puede él darte el deseo de tu corazón y lleve a cabo todos tus propósitos.
5 ကိုယ်တော်၏ ကယ်တင်ခြင်းကြောင့် အကျွန်ုပ် တို့သည် ဝမ်းမြောက်၍၊ အကျွန်ုပ်တို့ ဘုရားသခင်၏ အခွင့်နှင့် အလံကို ထူကြလိမ့်မည်။ ထာဝရဘုရားသည် ကိုယ်တော်ဆုတောင်းသမျှအတိုင်း ကျေးဇူးပြု တော်မူပါ စေသော။
Nos alegraremos en tu salvación, y en el nombre de nuestro Dios levantaremos nuestras banderas: que el Señor te dé todas tus peticiones.
6 ထာဝရဘုရားပေးတော်မူ၍ ဘိသိက်ခံသောသူ အား၊ ကယ်တင်တော်မူကြောင်းကို၎င်း၊ လက်ျာလက်တော် ကယ်တင်ခြင်း အစွန်းနှင့် ထိုသူ၏ စကားကိုသန့်ရှင်း သော ကောင်းကင်ပေါ်မှာ နားထောင်တော်မူကြောင်းကို၎င်း ယခုငါသိ၏။
Ahora estoy seguro de que el Señor da la salvación a su rey; él le dará una respuesta desde su cielo santo con la fuerza de la salvación en su diestra.
7 အချို့သောသူတို့သည် ရထားကို၎င်း၊ အချို့တို့ သည် မြင်းကို၎င်း၊ ချီးမွမ်းတတ်ကြ၏။ ငါတို့မူကား၊ ငါတို့ဘုရားသခင်တည်းဟူသော ထာဝရဘုရား၏ နာမ တော်ကို ချီးမွမ်းကြလိမ့်မည်။
Algunos ponen su fe en carruajes y algunos en caballos; mas nosotros confiaremos en el nombre del Señor nuestro Dios.
8 သူတို့သည်နှိမ့်ချ၍ လဲလျက်ရှိကြ၏။ ငါတို့မူကား၊ ထ၍ မတ်တတ်နေကြ၏။ အိုထာဝရ ဘုရား၊ မင်းကြီးကို ကယ်တင်တော်မူပါ။
Ellos flaquean y caen; mas nosotros nos levantamos, seguimos firmes y estamos en pie.
9 အကျွန်ုပ်တို့ခေါ်သောအခါ နားထောင်တော် မူပါ။
Ven a nuestra ayuda, Señor: que el Rey nos escuche cuando clamamos.

< ဆာလံ 20 >