< ဆာလံ 2 >
1 ၁ လူမျိုးတို့သည် အဘယ်ကြောင့် ရုန်းရင်းခတ် ပြုကြသနည်း။ လူစုတို့သည် အဘယ်ကြောင့် အချည်းနှီး ကြံစည်ကြသနည်း။
He aha ka nana ai nga tauiwi, ka whakaaro horihori ai nga iwi?
2 ၂ လောကီရှင်ဘုရင်တို့သည် ထကြ၍၊ မှူးမတ် အရာရှိတို့လည်း၊ ထာဝရဘုရားနှင့် ခရစ်တော်ကို ရန်ဘက်ပြုလျက်၊
Whakatika mai ana nga kingi o te whenua, runanga tahi ana nga ariki, ki te whawhai ki a Ihowa, ki tana tangata hoki i whakawahi ai; me te ki ano,
3 ၃ သူတို့ချည်နှောင်ခြင်းကို မြေကြကုန်အံ့။ ချည် နှောင်သောကြိုးတို့ကို ဖယ်ကြကုန်အံ့ သင်းဖွဲ့ကြ၏။
Kia motumotuhia e tatou a raua here, kia akiritia a raua taura i a tatou.
4 ၄ ကောင်းကင်ဘုံ၌ ထိုင်တော်မူသောသူသည် ပြုံးရယ်၍၊ ထာဝရဘုရားသည် သူတို့ကို ကဲ့ရဲ့တော်မူ၏။
Ko ia kei te rangi e noho ana, ka kata ia: ka whakahi te Ariki ki a ratou.
5 ၅ ထိုအခါအမျက်တော်ထွက်၍၊ သူတို့ကိုမိန့်တော် မူမည်။ ပြင်းစွာသော အမျက်တော်နှင့် သူတို့ကို ပူပန် စေတော်မူမည်။
Na ka korero ia ki a ratou me te riri ano: ka tino weriweri hoki, ka whakahorere i a ratou,
6 ၆ ငါ၏ရှင်ဘုရင်ကို သန့်ရှင်းသော ဇိအုန်တောင် တော်ပေါ်မှာ၊ ငါ့ကိုယ်တိုင် ဘိသိတ်ပေးပြီဟု မိန့်တော် မူမည်။
Ahakoa ra ka whakawahia e ahau taku kingi ki runga ki taku maunga tapu, ki Hiona.
7 ၇ ဗျာဒိတ်တော်အချက်ကို ငါပြန်ကြားပေအံ့။ ထာဝရဘုရားက သင်သည် ငါ့သားဖြစ်၏။ ယနေ့ပင် သင့်ကို ငါဖြစ်ဘွားစေပြီ။
Maku e whakapuaki te kupu, kua mea a Ihowa ki ahau, Ko koe taku tama, nonaianei koe i whakatupuria ai e ahau.
8 ၈ ငါ့ကိုတောင်းလော့။ လူအမျိုးမျိုးတို့ကို သင်၏ အမွေဥစ္စာဘို့ ငါပေးမည်။ မြေကြီးစွန်းတိုင်အောင် ပိုင် ထိုက်သော အခွင့်ကိုလည်း ငါပေးမည်။
Inoi ki ahau, a ka hoatu e ahau ki a koe nga tauiwi hei kainga mou, me nga topito o te whenua hei nohoanga tupu mou.
9 ၉ သင်သည်သူတို့ကို သံလှံတံနှင့်အုပ်စိုး၍၊ မြေအိုးကို ခွဲဖျက်သကဲ့ သို့ခွဲဖျက်လိမ့်မည်ဟု ငါ့အားမိန့်တော်မူပြီ။
Ka wawahi koe i a ratou ki te whiu rino, mongamonga noa ratou i a koe, ano he oko na te kaihanga rihi.
10 ၁၀ သို့ဖြစ်၍ ရှင်ဘုရင်တို့၊ ပညာသတိရှိကြလော့။ လောကီမင်းတို့၊ ဆုံးမခြင်းကို ခံကြလော့။
Na kia mahara ra, e nga kingi: kia akona, e nga kaiwhakawa o te whenua.
11 ၁၁ ကြောက်ရွံ့သောစိတ်နှင့် ထာဝရဘုရား၏ အမှု တော်ကို ထမ်းရွက်၍၊ တုန်လှုပ်ခြင်းနှင့် ဝမ်းမြောက်ကြ လော့။
Mahi atu ki a Ihowa i runga i te wehi, kia hari me te wiri.
12 ၁၂ သားတော်ကို နမ်းကြလော့။ သို့မဟုတ်လျှင် အမျက်တော်ထွက်၍၊ သင်တို့သည်လမ်း၌ ပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်။ အမျက်တော်သည် ချက်ခြင်းထွက်လိမ့်မည်။ သားတော်ကို ကိုးစားသောသူအပေါင်းတို့ သည် မင်္ဂလာရှိကြ၏။
Kihia te tama kei riri ia, a ka mate koutou i te ara, ka hohoro tonu hoki te mura o tona riri. Ka hari katoa te hunga e whakawhirinaki ana ki a ia.