< ဆာလံ 18 >
1 ၁ အိုထာဝရဘုရား၊ အကျွန်ုပ်၏ ခွန်အားဗလ တည်းဟူသော ကိုယ်တော်ကို အကျွန်ုပ်ချစ်ပါ၏။
၁ထာဝရဘုရား ၏ကျွန်ဒါဝိဒ် သည် ရှောလု မင်းမှစ၍ရန်သူ အပေါင်း တို့လက် မှ ကယ်လွှတ် တော်မူခြင်းကျေးဇူးကိုခံရသောအခါ ၊ ထာဝရဘုရား ရှေ့ တော်၌မြွက်ဆို သော သီချင်း စကား ဟူမူကား။ အိုထာဝရဘုရား ၊ အကျွန်ုပ် ၏ ခွန်အား ဗလ တည်းဟူသောကိုယ်တော် ကို အကျွန်ုပ်ချစ် ပါ၏။
2 ၂ ထာဝရဘုရားသည် ငါ၏ကျောက်၊ ငါ၏မြို့ရိုး၊ ငါ့ကိုကယ်လွှတ်သောသခင်၊ ငါ၏ဘုရား၊ ငါကိုးစားသော အစွမ်းသတ္တိ၊ ငါ၏ အကွယ်အကာ၊ ငါ့ကိုကယ်တင်သော ဦးချို၊ ငါ၏ရဲတိုက်ဖြစ်တော်မူ၏။
၂ထာဝရဘုရား သည် ငါ ၏ကျောက် ၊ ငါ ၏မြို့ရိုး ၊ ငါ့ ကိုကယ် လွှတ်သောသခင်၊ ငါ ၏ဘုရား ၊ ငါကိုးစား သော အစွမ်း သတ္တိ၊ ငါ ၏ အကွယ် အကာ၊ ငါ့ ကိုကယ်တင် သော ဦးချို ၊ ငါ ၏ရဲတိုက် ဖြစ်တော်မူ၏။
3 ၃ ချီးမွမ်းအပ်သော ထာဝရဘုရားကို ငါတောင်း လျှောက်၍ ရန်သူတို့ လက်မှကယ်တင်ခြင်းသို့ ရောက်၏။
၃ချီးမွမ်း အပ်သော ထာဝရဘုရား ကို ငါတောင်း လျှောက်၍ ရန်သူ တို့ လက်မှ ကယ်တင် ခြင်းသို့ ရောက်၏။
4 ၄ သေခြင်းကြိုးတို့သည် ငါ့ကိုဝိုင်းမိ၍၊ ဖျက်ဆီး တတ်သော ရေစီးခြင်းကြောင့် ငါကြောက်လန့်ရ၏။
၄သေ ခြင်းကြိုး တို့သည် ငါ့ ကိုဝိုင်း မိ၍ ၊ ဖျက်ဆီး တတ်သော ရေစီး ခြင်းကြောင့် ငါ ကြောက်လန့် ရ၏။
5 ၅ မရဏာနိုင်ငံ၏ ကြိုးတို့သည်ဝိုင်း၍၊ သေမင်း၏ ကျော့ကွင်းသည် ငါ့ကိုကျော့မိလျက် ရှိ၏။ (Sheol )
၅မရဏာ နိုင်ငံ၏ ကြိုး တို့သည်ဝိုင်း ၍၊ သေမင်း ၏ ကျော့ကွင်း သည် ငါ့ ကိုကျော့မိ လျက် ရှိ၏။ (Sheol )
6 ၆ ထိုသို့ငါသည် ဆင်းရဲငြိုငြင်သောအခါ ထာဝရ ဘုရားကိုခေါ်၍၊ ငါ၏ဘုရားသခင်ကို အော်ဟစ်လေ၏။ ခေါ်သောအသံကို ဗိမာန်တော်ထဲ မှာကြားတော်မူ၍၊ အော်ဟစ်သောအသံသည် နားတော်ထဲသို့ ဝင်လေ၏။
၆ထိုသို့ငါ သည် ဆင်းရဲ ငြိုငြင်သောအခါ ထာဝရဘုရား ကို ခေါ် ၍ ၊ ငါ ၏ဘုရား သခင်ကို အော်ဟစ် လေ၏။ ခေါ် သောအသံ ကို ဗိမာန် တော်ထဲ မှာကြား တော်မူ၍ ၊ အော်ဟစ်သောအသံသည် နား တော်ထဲ သို့ ဝင် လေ၏။
7 ၇ ထိုအခါ အမျက်တော်ထွက်သောအားဖြင့် မြေကြီးတုန်လှုပ်၍၊ တောင်အမြစ်တို့သည် တရွေ့ရွေ့ လှုပ်ရှားကြ၏။
၇ထိုအခါ အမျက် တော်ထွက်သောအားဖြင့် မြေကြီး တုန်လှုပ် ၍ ၊ တောင် အမြစ် တို့သည် တရွေ့ရွေ့လှုပ်ရှား ကြ၏။
8 ၈ နှာခေါင်းတော်ထဲက မီးခိုးထွက်၍၊ နှုတ်တော် ထဲက မီးလောင်သောအားဖြင့်၊ မီးခဲတောက်လေ၏။
၈နှာခေါင်း တော်ထဲ က မီးခိုး ထွက် ၍ ၊ နှုတ် တော် ထဲ က မီး လောင်သောအားဖြင့်၊ မီးခဲ တောက် လေ၏။
9 ၉ မိုဃ်းကောင်းကင်ကိုညွှတ်သဖြင့် ဆင်းသက် တော်မူ၍၊ ခြေဘဝါးတော်အောက်၌ မှောင်မိုက်ဖြစ်လေ ၏။
၉မိုဃ်းကောင်းကင် ကိုညွှတ် သဖြင့် ဆင်းသက် တော်မူ၍ ၊ ခြေဘဝါး တော်အောက် ၌ မှောင်မိုက် ဖြစ်လေ ၏။
10 ၁၀ ခေရုဗိမ်ကိုစီးလျက် ပျံတော်မူ၏။ လေ၏ အတောင်တို့အပေါ် မှာလျင်စွာ ပျံတော်မူ၏။
၁၀ခေရုဗိမ် ကိုစီး လျက် ပျံ တော်မူ၏။ လေ ၏ အတောင် တို့အပေါ် မှာလျင် စွာ ပျံတော်မူ၏။
11 ၁၁ မှောင်မိုက်ထဲမှာ ပုန်းကွယ်တော်မူ၍၊ တခဲနက် သောရေနှင့်ထူထပ်သော မိုဃ်းတိမ်တို့သည် ကိုယ်တော် ကို ကာရံလျက်ရှိကြ၏။
၁၁မှောင်မိုက် ထဲမှာ ပုန်း ကွယ်တော်မူ၍၊ တခဲနက် သောရေ နှင့်ထူထပ်သော မိုဃ်း တိမ် တို့သည် ကိုယ်တော် ကို ကာရံ လျက်ရှိကြ၏။
12 ၁၂ ရှေ့တော်၌ ရောင်ခြည်ကြောင့်တိမ်ထပ်တို့သည် မိုဃ်းသီးနှင့် မီးခဲပါလျက် လွင့်ကြ၏။
၁၂ရှေ့ တော်၌ ရောင်ခြည် ကြောင့် တိမ် ထပ်တို့သည် မိုဃ်းသီး နှင့် မီးခဲ ပါလျက် လွင့် ကြ၏။
13 ၁၃ ထာဝရဘုရားသည်လည်း၊ ကောင်းကင်ပေါ်မှာ မိုဃ်းချုန်း၍၊ အမြင့်ဆုံးသော ဘုရားသည် အသံတော်ကို လွှင့်တော်မူ၏။
၁၃ထာဝရဘုရား သည်လည်း၊ ကောင်းကင် ပေါ် မှာ မိုဃ်းချုန်း ၍ ၊ အမြင့်ဆုံး သော ဘုရား သည် အသံ တော်ကို လွှင့် တော်မူ၏။
14 ၁၄ လေးမြှားတော်တို့ကိုပစ်၍ လျှပ်စစ်ပြက်စေ သဖြင့်၊ ရန်သူတို့ကို အရပ်ရပ်သို့ခွဲ၍ ရှုံးစေတော်မူ၏။
၁၄လေးမြှား တော်တို့ကိုပစ် ၍ လျှပ်စစ် ပြက်စေ သဖြင့် ၊ ရန်သူ တို့ကို အရပ်ရပ်သို့ခွဲ ၍ ရှုံး စေတော်မူ၏။
15 ၁၅ ထိုအခါ အိုထာဝရဘုရား၊ ကိုယ်တော်သည် အပြစ်တင်၍ နှာခေါင်းတော်ထဲက အသက်ရှုတော်မူ သောအားဖြင့်၊ သမုဒ္ဒရာအောက်ပြင်နှင့် လောကတိုက် မြစ်တို့သည်ပွင့်လစ် ထင်ပေါ်လျက်ရှိကြ၏။
၁၅ထိုအခါ အိုထာဝရဘုရား ၊ ကိုယ်တော် သည် အပြစ်တင် ၍ နှာခေါင်း တော်ထဲက အသက် ရှု တော်မူသောအားဖြင့် ၊ သမုဒ္ဒရာ အောက် ပြင်နှင့် လောက တိုက် မြစ် တို့သည်ပွင့် လစ် ထင် ပေါ်လျက်ရှိကြ၏။
16 ၁၆ ထာဝရဘုရားသည် အထက်အရပ်က လက် တော်ကို ဆန့်၍၊ တခဲနက်သောရေထဲက ငါ့ကို ဆယ်ယူ တော်မူ၏။
၁၆ထာဝရဘုရားသည် အထက် အရပ်က လက် တော်ကို ဆန့် ၍၊ တခဲ နက်သောရေ ထဲ က ငါ့ ကို ဆယ် ယူ တော်မူ၏။
17 ၁၇ ငါ့ကိုမုန်းသောသူတည်းဟူသော ငါပြိုင်၍မနိုင် နိုင်အောင် ခွန်အားကြီးသော ရန်သူတို့လက်မှ ငါ့ကို ကယ်လွှတ်တော်မူ၏။
၁၇ငါ့ ကိုမုန်း သောသူတည်းဟူသောငါပြိုင်၍မနိုင် နိုင်အောင် ခွန်အား ကြီးသော ရန်သူ တို့လက်မှ ငါ့ ကို ကယ် လွှတ်တော်မူ၏။
18 ၁၈ ဘေးဥပဒ်ရောက်သောကာလ၌ သူတို့သည် ဆီးတားသော်လည်း၊ ထာဝရဘုရားသည်ငါမှီခိုရာဖြစ်၍၊
၁၈ဘေးဥပဒ် ရောက်သောကာလ ၌ သူတို့သည် ဆီးတား သော်လည်း ၊ ထာဝရဘုရား သည်ငါ မှီခို ရာ ဖြစ်၍၊
19 ၁၉ ငါ့ကိုကျယ်ဝန်းရာအရပ်သို့ ပို့ဆောင်တော်မူ၏။ ငါ့ကိုနှစ်သက်သောကြောင့် ကယ်လွှတ်တော်မူ၏။
၁၉ငါ့ ကိုကျယ်ဝန်း ရာအရပ်သို့ ပို့ဆောင် တော်မူ၏။ ငါ့ ကို နှစ်သက် သောကြောင့် ကယ် လွှတ်တော်မူ၏။
20 ၂၀ ငါဖြောင့်မတ်ခြင်းရှိသည်အလျောက်၊ ထာဝရ ဘုရားသည် အကျိုးကို ပေး၍၊ ငါ့လက်စင်ကြယ်ခြင်း၏ အကျိုးကို စီရင်တော်မူ၏။
၂၀ငါ ဖြောင့်မတ် ခြင်းရှိသည်အလျောက် ၊ ထာဝရဘုရား သည် အကျိုး ကိုပေး ၍၊ ငါ့ လက် စင်ကြယ် ခြင်း၏ အကျိုး ကို စီရင်တော်မူ၏။
21 ၂၁ အကြောင်းမူကား၊ ငါသည်ထာဝရဘုရား၏ လမ်းတော်သို့ အစဉ်လိုက်၏။ ငါ၏ဘုရားသခင့်ထံမှ ပြစ်မှား၏မသွား။
၂၁အကြောင်း မူကား၊ ငါသည်ထာဝရဘုရား ၏ လမ်း တော်သို့ အစဉ်လိုက်၏။ ငါ ၏ဘုရား သခင့်ထံ မှ ပြစ်မှား ၍ မ သွား။
22 ၂၂ စီရင်တော်မူချက်ရှိသမျှကို ငါသည် မျက်မှောက် ပြု၏။ အထုံးအဖွဲ့တော်တို့ကို မပယ်၊
၂၂စီရင် တော်မူချက်ရှိသမျှ ကို ငါ သည် မျက်မှောက် ပြု၏။ အထုံး အဖွဲ့တော်တို့ကို မ ပယ်၊
23 ၂၃ ရှေ့တော်မှာဖြောင့်မတ်၍၊ ကိုယ်ဒုစရိုက်ကို ကြဉ် ရှောင်၏။
၂၃ရှေ့ တော်မှာဖြောင့်မတ် ၍ ၊ ကိုယ် ဒုစရိုက် ကို ကြဉ်ရှောင် ၏။
24 ၂၄ ထိုကြောင့် ရှေ့တော်မှာထင်ရှားသော ငါ၏ ဖြောင့်မတ်ခြင်း၊ လက်စင်ကြယ်ခြင်းရှိသည်နှင့် အလျောက် ထာဝရဘုရားသည် ငါ၌ အကျိုးကို ပေးတော်မူပြီ။
၂၄ထိုကြောင့် ရှေ့ တော်မှာ ထင်ရှား သော ငါ ၏ ဖြောင့်မတ် ခြင်း၊ လက် စင်ကြယ် ခြင်းရှိသည်နှင့် အလျောက် ထာဝရဘုရား သည် ငါ ၌ အကျိုး ကိုပေး တော်မူပြီ။
25 ၂၅ သနားတတ်သောသူအား ကိုယ်တော်သည် သနားခြင်းသဘောကို၎င်း၊ ဖြောင့်မတ်သောသူအား ဖြောင့်မတ်ခြင်း သဘောကို၎င်း၊
၂၅သနား တတ်သောသူအား ကိုယ်တော်သည် သနား ခြင်းသဘောကို၎င်း၊ ဖြောင့်မတ် သောသူ အား ဖြောင့်မတ် ခြင်း သဘောကို၎င်း၊
26 ၂၆ သန့်ရှင်းသောသူအား သန့်ရှင်းခြင်းသဘော ကို၎င်း၊ ဆန့်ကျင်သော သူအားဆန့်ကျင်သောသဘော ကို၎င်း ပြတော်မူ၏။
၂၆သန့်ရှင်း သောသူအား သန့်ရှင်း ခြင်းသဘောကို၎င်း ၊ ဆန့်ကျင် သောသူအား ဆန့်ကျင် သောသဘော ကို၎င်းပြတော်မူ၏။
27 ၂၇ နှိမ့်ချလျက်ရှိသောသူတို့ကို ကိုယ်တော်သည် ကယ်တင်၍၊ ထောင်လွှားသော မျက်နှာကိုမူကား ရှုတ်ချ တော်မူ၏။
၂၇နှိမ့်ချ လျက်ရှိသောသူ တို့ကို ကိုယ်တော် သည် ကယ်တင် ၍ ၊ ထောင်လွှား သော မျက်နှာ ကိုမူကား ရှုတ်ချ တော်မူ၏။
28 ၂၈ အိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်၏ မီးခွက်ကို ထွန်း၍၊ အကျွန်ုပ်၏ဘုရားသခင်သည် အကျွန်ုပ်၏မှောင်မိုက်ကို လင်းစေတော်မူ၏။
၂၈အိုထာဝရဘုရား ၊ ကိုယ်တော် သည် အကျွန်ုပ် ၏ မီးခွက် ကို ထွန်း ၍၊ အကျွန်ုပ် ၏ဘုရား သခင်သည် အကျွန်ုပ် ၏မှောင်မိုက် ကို လင်း စေတော်မူ၏။
29 ၂၉ အကျွန်ုပ်သည် ကိုယ်တော်ကိုအမှီပြု၍၊ တပ်ကို ဖျက်ပါပြီ။ အကျွန်ုပ်၏ဘုရားသခင်ကို အမှီပြုလျက် မြို့ရိုးကို ကျော်၍ ဝင်ပါပြီ။
၂၉အကျွန်ုပ်သည် ကိုယ်တော် ကို အမှီပြု ၍ ၊ တပ်ကို ဖျက် ပါပြီ။ အကျွန်ုပ် ၏ဘုရား သခင်ကို အမှီပြု လျက် မြို့ရိုး ကို ကျော် ၍ ဝင်ပါပြီ။
30 ၃၀ ဘုရားသခင် စီရင်တော်မူသော အမှုသည် စုံလင်၏။ ထာဝရဘုရား၏သစ္စာတော်သည် အစစ်ခံ၍ တည်၏။ ခိုလှုံသော သူအပေါင်းတို့၏ အကွယ်အကာ ဖြစ်တော်မူ၏။
၃၀ဘုရား သခင်စီရင်တော်မူသောအမှု သည် စုံလင် ၏။ ထာဝရဘုရား ၏သစ္စာ တော်သည် အစစ် ခံ၍ တည်၏။ ခိုလှုံ သော သူအပေါင်း တို့၏ အကွယ် အကာဖြစ်တော်မူ၏။
31 ၃၁ ထာဝရဘုရားမှတပါး အဘယ်ဘုရားသခင် ရှိသနည်း။ ငါတို့ ဘုရားသခင်မှတပါး အဘယ်မည်သော ကျောက်ရှိသနည်း။
၃၁ထာဝရဘုရား မှ တပါး အဘယ် ဘုရား သခင်ရှိသနည်း။ ငါ တို့ ဘုရား သခင်မှတပါး အဘယ် မည်သော ကျောက် ရှိသနည်း။
32 ၃၂ ထိုဘုရားသခင်သည် ငါ့ကိုခွန်အား ခါးပန်းနှင့် စည်း၍ ငါသွားရာ လမ်းကို ဖြောင့်စေတော်မူ၏။
၃၂ထိုဘုရား သခင်သည် ငါ့ ကိုခွန်အား ခါးပန်းနှင့် စည်း ၍ ငါ သွားရာ လမ်း ကို ဖြောင့် စေ တော်မူ၏။
33 ၃၃ ငါ့ခြေကို သမင်ခြေကဲ့သို့ လျင်မြန်စေ၍၊ ငါ၏ မြင့်ရာအရပ်ပေါ်မှာ ငါ့ကိုတင်ထားတော်မူ၏။
၃၃ငါ့ ခြေ ကို သမင်ခြေ ကဲ့သို့ လျင်မြန် စေ၍ ၊ ငါ ၏ မြင့် ရာအရပ်ပေါ် မှာ ငါ့ ကိုတင် ထားတော်မူ၏။
34 ၃၄ ငါ့လက်ကို စစ်မှု၌လေ့ကျက်စေခြင်းငှါ သွန်သင် တော်မူ၍၊ ကြေးဝါးလေးကို ငါ့လက်ရုံးနှင့် ငါတင်နိုင်၏။
၃၄ငါ့ လက် ကို စစ်မှု ၌ လေ့ကျက်စေခြင်းငှါ သွန်သင် တော်မူ၍ ၊ ကြေးဝါ လေး ကို ငါ့ လက်ရုံး နှင့် ငါတင် နိုင်၏။
35 ၃၅ ကိုယ်တော်သည် ကယ်တင်တော်မူခြင်း ဒိုင်း လွှားကို အပ်၍၊ လက်ျာလက်တော်အားဖြင့် မစတော် မူ၏။ သည်းခံတော်မူခြင်းအားဖြင့် အကျွန်ုပ်သည် ချီးမြှောက်ခြင်းသို့ ရောက်ပါ။
၃၅ကိုယ်တော် သည် ကယ်တင် တော်မူခြင်း ဒိုင်း လွှားကို အပ် ၍ ၊ လက်ျာ လက်တော်အားဖြင့် မစ တော်မူ ၏။ သည်းခံ တော်မူခြင်းအားဖြင့် အကျွန်ုပ် သည် ချီးမြှောက် ခြင်းသို့ ရောက်ပါ။
36 ၃၆ အကျွန်ုပ်သွားသောလမ်းကို ရှင်းလင်း၍ ခြေ မချော်စေခြင်းငှါ ပြုတော်မူသောအားဖြင့်၊
၃၆အကျွန်ုပ် သွားသောလမ်း ကို ရှင်းလင်း ၍ ခြေ မ ချော် စေခြင်းငှါ ပြုတော်မူသောအားဖြင့်၊
37 ၃၇ အကျွန်ုပ်သည် ရန်သူတို့ကို လိုက်၍မှီသဖြင့်၊ သူတို့ကို မပယ်ရှင်းမှီတိုင်အောင် မပြန်ပါ။
၃၇အကျွန်ုပ် သည် ရန်သူ တို့ကို လိုက် ၍ မှီ သဖြင့် ၊ သူ တို့ကို မ ပယ်ရှင်း မှီတိုင်အောင်မ ပြန် ပါ။
38 ၃၈ သူတို့သည် အကျွန်ုပ်ခြေအောက်မှာ လဲလျက် ရှိ၍ မထနိုင်အောင် အကျွန်ုပ်သည် နှိပ်နင်းပါ၏။
၃၈သူ တို့သည် အကျွန်ုပ် ခြေ အောက် မှာ လဲ လျက် ရှိ၍ မ ထ နိုင်အောင် အကျွန်ုပ်သည် နှိပ် နင်းပါ၏။
39 ၃၉ အကြောင်းမူကား၊ စစ်တိုက်ခြင်းငှါ ကိုယ် တော်သည် အကျွန်ုပ်ကို ခွန်အားခါးပန်းနှင့်စည်း၍၊ အကျွန်ုပ်တဘက်၌ ထသောသူတို့ကို အကျွန်ုပ်အောက်မှာ လှဲတော်မူ၏။
၃၉အကြောင်းမူကား၊ စစ်တိုက် စေခြင်းငှါ ကိုယ်တော် သည် အကျွန်ုပ် ကို ခွန်အား ခါးပန်းနှင့်စည်း ၍၊ အကျွန်ုပ် တဘက်၌ ထ သောသူတို့ကို အကျွန်ုပ် အောက် မှာ လှဲ တော်မူ၏။
40 ၄၀ အကျွန်ုပ်ကို မုန်းသောရန်သူတို့၏ လည်ပင်းကို အကျွန်ုပ်၌ အပ်၍၊ ဖျက်ဆီးရသောအခွင့်ကို ပေးတော် မူ၏။
၄၀အကျွန်ုပ် ကို မုန်း သောရန်သူတို့၏ လည်ပင်း ကို အကျွန်ုပ် ၌ အပ်၍၊ ဖျက်ဆီး ရသောအခွင့်ကိုပေး တော်မူ ၏။
41 ၄၁ သူတို့သည် အော်ဟစ်ကြသောအခါ၊ ကယ်တင် သောသူမရှိ။ ထာဝရဘုရားကို အော်ဟစ်သော်လည်း ထူးတော်မမူ။
၄၁သူတို့သည် အော်ဟစ် ကြသောအခါ ၊ ကယ်တင် သောသူ မရှိ။ ထာဝရဘုရား ကို အော်ဟစ်သော်လည်း ထူး တော်မ မူ။
42 ၄၂ ထိုအခါအကျွန်ုပ်သည် သူတို့ကို လေတိုက်သော မြေမှုန့်ကိုကဲ့သို့၊ ညက်ညက်ချေပြီးမှ၊ လမ်း၌အမှိုက်ကို ကဲ့သို့ သွန်ပစ်လေ၏။
၄၂ထိုအခါအကျွန်ုပ်သည် သူ တို့ကို လေတိုက် သော မြေမှုန့် ကိုကဲ့သို့ ၊ ညက်ညက် ချေပြီးမှ ၊ လမ်း ၌အမှိုက် ကို ကဲ့သို့ သွန်ပစ် လေ၏။
43 ၄၃ လူစုတို့သည် ဆိုင်ပြိုင်တိုက်လှန်ခြင်းမှ အကျွန်ုပ် ကို ကယ်လွှတ်၍၊ တပါးအမျိုးသားတို့၏ အကဲအမှူးအရာ ၌ ခန့်ထားတော်မူသောအားဖြင့်၊ အကျွန်ုပ်မသိဘူးသော လူစုသည်အကျွန်ုပ်ထံ၌ ကျွန်ခံပါ၏။
၄၃လူစု တို့သည် ဆိုင်ပြိုင် တိုက်လှန်ခြင်းမှ အကျွန်ုပ် ကို ကယ်လွှတ် ၍၊ တပါးအမျိုးသား တို့၏ အကဲအမှူး အရာ ၌ ခန့်ထား တော်မူသောအားဖြင့်၊ အကျွန်ုပ်မ သိ ဘူးသော လူစု သည်အကျွန်ုပ်ထံ၌ ကျွန်ခံ ပါ၏။
44 ၄၄ အကျွန်ုပ်စကားသံကို ကြားသည်ခဏခြင်းတွင် နားထောင်ပါ၏။ တပါးအမျိုးသားတို့သည် အကျွန်ုပ်ကို တောင်းပန်ကြပါ၏။
၄၄အကျွန်ုပ် စကား သံကို ကြား သည်ခဏခြင်းတွင် နားထောင် ပါ၏။ တပါး အမျိုးသား တို့သည် အကျွန်ုပ် ကို တောင်းပန် ကြပါ၏။
45 ၄၅ ညှိုးနွမ်းသည်ဖြစ်၍ ခိုလှုံရာအရပ်ထဲက တုန် လှုပ်လျက် ထွက်ကြပါ၏။
၄၅ညှိုးနွမ်း သည်ဖြစ်၍ ခိုလှုံ ရာအရပ်ထဲ က တုန်လှုပ် လျက် ထွက်ကြပါ၏။
46 ၄၆ ထာဝရဘုရားသည် အသက်ရှင်တော်မူသည် ဖြစ်၍၊ ငါ၏ကျောက်၌ မင်္ဂလာရှိပါစေသတည်း။ ငါ့ကို ကယ်တင်တော်မူသော ဘုရားသခင်၌ ချီးမြှောက်ခြင်း ရှိပါစေသတည်း။
၄၆ထာဝရဘုရား သည် အသက် ရှင်တော်မူသည် ဖြစ်၍ ၊ ငါ ၏ကျောက် ၌ မင်္ဂလာ ရှိပါစေသတည်း။ ငါ့ ကို ကယ်တင် တော်မူသောဘုရား သခင်၌ ချီးမြှောက် ခြင်း ရှိပါစေသတည်း။
47 ၄၇ ငါ့ဘက်၌ တရားသဖြင့်စီရင်၍၊ လူစုတို့ကို ငါ့အောက်မှာ နှိမ့်ချသောသူကား ဘုရားသခင်ပေတည်း။
၄၇ငါ့ ဘက်၌ တရားသဖြင့်စီရင်၍၊ လူစုတို့ကို ငါ့ အောက် မှာ နှိမ့်ချ သောသူ ကား ဘုရား သခင်ပေတည်း။
48 ၄၈ ရန်သူတို့လက်မှ ငါ့ကို ကယ်လွှတ်တော်မူ၏။ အကျွန်ုပ်တဘက်၌ ထသောသူတို့အပေါ်သို့ ကိုယ်တော် သည် အကျွန်ုပ်ကိုမြှောက်တင်၍၊ လုယူဖျက်ဆီးတတ် သောသူ၏လက်မှ ကယ်လွှတ်တော်မူ၏။
၄၈ရန်သူ တို့လက်မှ ငါ့ ကို ကယ် လွှတ်တော်မူ၏။ အကျွန်ုပ် တဘက်၌ ထ သောသူတို့အပေါ် သို့ ကိုယ်တော်သည် အကျွန်ုပ် ကိုမြှောက် တင်၍၊ လုယူ ဖျက်ဆီးတတ် သောသူ ၏လက်မှ ကယ် လွှတ်တော်မူ၏။
49 ၄၉ ထိုကြောင့် အိုထာဝရဘုရား၊ အကျွန်ုပ်သည် တပါးအမျိုးသားတို့တွင် ကျေးဇူးတော်ကို ချီးမွမ်း၍၊ နာမတော်ကို ထောမနာသီချင်း ဆိုပါမည်။
၄၉ထိုကြောင့် အိုထာဝရဘုရား ၊ အကျွန်ုပ်သည် တပါးအမျိုးသား တို့တွင် ကျေးဇူး တော်ကို ချီးမွမ်း၍ ၊ နာမတော် ကို ထောမနာသီချင်း ဆိုပါမည်။
50 ၅၀ ဘုရားသခင်သည် မိမိခန့်ထားသော မင်းကြီးကို အထူးသဖြင့် ကယ်လွှတ်တော်မူ၏။ ဘိသိက်တော်ကို ခံရသော ဒါဝိဒ်မှမစ၍ အမျိုးအနွယ်အား ကာလအစဉ် အဆက် ကရုဏာကျေးဇူးကို ပြုတော်မူ၏။ ထာဝရဘုရား၏ ကျွန်ဒါဝိဒ်သည် ရှောလုမင်းမှစ၍ ရန်သူအပေါင်း တို့လက်မှ ကယ်လွှတ်တော်မူခြင်း ကျေးဇူးကို ခံရသောအခါ၊ ထာဝရဘုရား ရှေ့တော်၌မြွက်ဆိုသောသီချင်းစကားဟူမူကား။
၅၀ဘုရားသခင်သည် မိမိခန့်ထားသော မင်းကြီး ကို အထူး သဖြင့်ကယ် လွှတ်တော်မူ၏။ ဘိသိက် တော်ကို ခံရသောဒါဝိဒ် မှစ၍ အမျိုး အနွယ်အား ကာလအစဉ် အဆက် ကရုဏာ ကျေးဇူးကို ပြု တော်မူ၏။