< ဆာလံ 16 >
1 ၁ အကျွန်ုပ်ကို စောင့်မတော်မူပါဘုရား။ ကိုယ်တော်ကို အကျွန်ုပ်ခိုလှုံပါ၏။
Mikitamu ya Davide. Ndisungeni Inu Mulungu, pakuti ine ndimathawira kwa Inu.
2 ၂ ကိုယ်တော်သည် အကျွန်ုပ်၏သခင်ဖြစ်တော်မူ သည်ဟု ထာဝရဘုရားကို အကျွန်ုပ်လျှောက်ဆိုပါပြီ။ ကျေးဇူးတော်မှတပါး အခြားသောမင်္ဂလာသည်အကျွန်ုပ် ၌ မရှိပါ။
Ndinati kwa Yehova, “Inu ndinu Ambuye anga; popanda Inu, ine ndilibe chinthu chinanso chabwino.”
3 ၃ ပြည်တော်၌နေသော သန့်ရှင်းသူနှင့် ထူးဆန်း သောသူတို့ကိုသာ နှစ်သက်ပါ၏။
Kunena za oyera mtima amene ali pa dziko, amenewa ndi olemekezeka, amene ndimakondwera nawo.
4 ၄ အခြားသောလမ်းသို့ လိုက်ပြေးသော သူတို့သည် များစွာသော ဆင်းရဲဒုက္ခကို ခံရကြလိမ့်မည်။ ငါသည် သူတို့သွန်းလောင်းရာ ပူဇော်သက္ကာအသွေးကို မလှူ မဆက်လို။ သူတို့ဘုရား၏နာမကို မမြွက်လို။
Anthu amene amathamangira kwa milungu ina mavuto awo adzachulukadi. Ine sindidzathira nawo nsembe zawo zamagazi kapena kutchula mayina awo ndi pakamwa panga.
5 ၅ ထာဝရဘုရားသည် ငါအမွေခံရာအဘို့၊ ငါ စားသောက်ရာအဘို့ ဖြစ်တော်မူ၏။ ကိုယ်တော်သည် အကျွန်ုပ်အမွေအနှစ်ကို စောင့်ရှောက်တော်မူ၏။
Yehova, Inu mwandipatsa cholowa changa ndi chikho changa; mwateteza kolimba gawo langa.
6 ၆ ငါပိုင်ထိုက်သောနယ်နိမိတ်သည် သာယာသော အရပ်တွင်ကျ၍၊ ကောင်းမွန်သော အမွေကို ငါခံရပြီ။
Malire a malo anga akhala pabwino; ndithudi, ine ndili cholowa chokondweretsa kwambiri.
7 ၇ ငါ့ကို ပြုစုတော်မူသော ထာဝရဘုရားကို ကောင်းကြီးပေးမည်။ ညဉ့်အချိန်၌ပင် ငါ့နှလုံးသည် ငါ့ကို နှိုးဆော်တတ်၏။
Ine ndidzatamanda Yehova amene amandipatsa uphungu; ngakhale usiku mtima wanga umandilangiza.
8 ၈ ငါသည် ထာဝရဘုရားကို အစဉ်မပြတ် မျက် မှောက်ပြု၏။ အကြောင်းမူကား၊ ငါလက်ျာဘက်၌ တည်ရှိတော်မူသည်ဖြစ်၍၊ ငါသည်လှုပ်ရှားခြင်း မရှိရ။ ထိုကြောင့် ငါ့စိတ်နှလုံးသည် သာယာခြင်း၊
Ndayika Yehova patsogolo panga nthawi zonse. Popeza Iyeyo ali kudzanja langa lamanja, sindidzagwedezeka.
9 ၉ ငါ့ဝိညာဉ်သည်လည်း ရွှင်လန်းခြင်းရှိ၏။ ထိုမှ တပါး၊ ငါ့အသားသည် မြော်လင့်လျက် ကျိန်းဝပ်လိမ့်မည်။
Choncho mtima wanga ndi wosangalala ndipo pakamwa panga pakukondwera; thupi langanso lidzakhala pabwino,
10 ၁၀ အကြောင်းမူကား၊ ကိုယ်တော်သည် အကျွန်ုပ်၏ ဝိညာဉ်ကို မရဏာနိုင်ငံ၌ ပစ်ထားတော်မမူ။ ကိုယ်တော်၏ သန့်ရှင်းသော သူအားလည်း ပုပ်စပ်ခြင်းကို ရှိစေတော် မမူဘဲလျက်၊ (Sheol )
chifukwa Inu simudzandisiya ku manda, simudzalola kuti woyera wanu avunde. (Sheol )
11 ၁၁ အသက်ရှင်ခြင်း လမ်းကို ပြညွှန်တော်မူလိမ့် မည်။ အထံတော်၌ စုံလင်သော ဝမ်းမြောက်ခြင်းအခွင့် နှင့် လက်ျာတော်နားမှာ အစဉ်အမြဲ ပျော်မွေ့ခြင်းအခွင့် ရှိပါ၏။
Inu mwandidziwitsa njira ya moyo; mudzandidzaza ndi chimwemwe pamaso panu, ndidzasangalala mpaka muyaya pa dzanja lanu lamanja.