< ဆာလံ 148 >
1 ၁ ကောင်းကင်ဘုံ၌ ထာဝရဘုရားကို ချီးမွမ်းကြ လော့။ ဘဝဂ်ပေါ်မှာ ချီးမွမ်းကြလော့။
Halleluja! Loven HERREN från himmelen, loven honom i höjden.
2 ၂ ကောင်းကင်တမန်အပေါင်းတို့၊ ထာဝရဘုရား ကို ချီးမွမ်းကြလော့။ ကောင်းကင်ဗိုလ်ခြေအပေါင်းဘို့ ချီးမွမ်းကြလော့။
Loven honom, alla hans änglar, loven honom, all hans här.
3 ၃ နေလတို့၊ ထာဝရဘုရားကိုချီးမွမ်းကြလော့။ ထွန်းလင်းသော ကြယ်အပေါင်းတို့၊ ချီးမွမ်းကြလော့။
Loven honom, sol och måne, loven honom, alla lysande stjärnor.
4 ၄ ကောင်းကင်အထပ်ထပ်နှင့် ကောင်းကင်ပေါ် မှာ ရေများတို့၊ ချီးမွမ်းကြလော့။
Loven honom, I himlars himlar och I vatten ovan himmelen.
5 ၅ ထိုအရာတို့ကိုအမိန့်တော်ရှိ၍၊ ဖန်ဆင်းတော်မူ သောကြောင့်၊ ထာဝရဘုရား၏နာမတော်ကို ချီးမွမ်း ကြစေ။
Ja, de må lova HERRENS namn, ty han bjöd, och de blevo skapade.
6 ၆ ထိုအရာတို့ကို ကာလအစဉ်အဆက် အမြဲတည် စေတော်မူ၍၊ မပျက်ရသောဓမ္မတာကို စီရင်တော်မူ၏။
Och han gav dem deras plats för alltid och för evigt; han gav dem en lag, och ingen överträder den.
7 ၇ မြေကြီး၌ရှိသောအရာ၊ ငါးကြီးများ၊ နက်နဲရာ အရပ်များ၊
Loven HERREN från jorden, I havsdjur och alla djup,
8 ၈ မီးနှင့်မိုဃ်းသီး၊ မိုဃ်းပွင့်နှင့်အခိုးအငွေ့၊ အမိန့် တော်ကို နားထောင်သော လေပြင်းမုန်တိုင်း၊
eld och hagel, snö och töcken, du stormande vind, som uträttar hans befallning,
9 ၉ တောင်ကြီးတောင်ငယ်ရှိသမျှ၊ အသီးကိုသီးသောအပင်၊ အာရဇ်ပင် ရှိသမျှ၊
I berg och alla höjder, I fruktträd och alla cedrar,
10 ၁၀ သားရဲနှင့်သားယဉ်အပေါင်း၊ တွားတတ်သော တိရိစ္ဆာန်နှင့် ပျံတတ်သော ငှက်အစရှိသော၊
I vilda djur och all boskap, I kräldjur och bevingade fåglar,
11 ၁၁ လောကီရှင်ဘုရင်များနှင့် ပြည်သူပြည်သား အပေါင်း၊ မင်းများနှင့် လောကီတရားသူကြီးအပေါင်း၊
I jordens konungar och alla folk, I furstar och alla domare på jorden,
12 ၁၂ လူပျိုနှင့်အပျိုများ၊ လူအိုနှင့်လူကလေးများတို့၊ ထာဝရဘုရားကို ချီးမွမ်းကြလော့။
I ynglingar, så ock I jungfrur, I gamle med de unga.
13 ၁၃ နာမတော်တပါးတည်းသာလျှင် မြတ်၍၊ ဘုန်းတော်သည်မြေကြီး နှင့်ကောင်းကင်အပေါ်ထက်၌ ရှိသောကြောင့်၊ ထာဝရဘုရား၏ နာမတော်ကို ချီးမွမ်း ကြစေ။
Ja, de må lova HERRENS namn, ty hans namn allena är högt, hans majestät når över jorden och himmelen.
14 ၁၄ မိမိလူစုတို့၏ဦးချိုကို ချီးမြှင့်တော်မူသဖြင့်၊ အနီးတော်၌ရှိသောလူစု၊ ဣသရေလအမျိုးသားတည်း ဟူသော မိမိသန့်ရှင်းသူအပေါင်းတို့၏ ချီးမွမ်းရာဖြစ် တော်မူ၏။ ဟာလေလုယ။
Och han har upphöjt ett horn åt sitt folk -- ett ämne till lovsång för alla hans fromma, för Israels barn, det folk som står honom nära. Halleluja!