< ဆာလံ 147 >
1 ၁ ထာဝရဘုရားကို ချီးမွမ်းကောင်းသည်ဖြစ်၍၊ ချီးမွမ်းကြလော့။ ငါတို့၏ဘုရားသခင်ကို ထောမနာပြု ခြင်းသည် သာယာလျောက်ပတ်သည် ဖြစ်၍၊ ထောမနာ သီချင်းဆိုကြလော့။
E HALELU aku oukou ia Iehova: No ka mea, he mea maikai ke hoolea aku i ko kakou Akua; No ka mea, he lealea ia, a he mea ku pono ka halelu.
2 ၂ ထာဝရဘုရားသည် ယေရုရှလင်မြို့ကို တည် ဆောက်၍၊ အဝေးသို့နှင်လိုက်သော ဣသရေလအမျိုး သားတို့ကို စုဝေးစေတော်မူ၏။
Kukulu no o Iehova ia Ierusalema; Hoiliili mai no oia i ka poe aea o ka Iseraela.
3 ၃ စိတ်ကြေမွသောသူတို့ကို နှစ်သိမ့်စေ၍၊ သူတို့၏ အနာကို ကုတော်မူ၏။
Hoomaha mai no oia i ka poe naau haehae, A wahi no hoi oia i ko lakou mau eha.
4 ၄ ကြယ်များကိုရေတွက်၍ အသီးအသီးတို့ကို သမုတ်တော်မူ၏။
Hoike mai no oia i ka heluna o na hoku; Hea ae no hoi oia ia lakou a pau ma ka inoa.
5 ၅ ငါတို့၏ဘုရားရှင်သည် ကြီးမြတ်တော်မူ၏။ တန်ခိုးတော်လည်း ကြီး၏။ဥာဏ်တော်သည်အနန္တဖြစ်၏။
He nui no ko kakou Haku, a na nui hoi kona ikaika; A he mea hiki ole ke hai aku i kona ike.
6 ၆ ထာဝရဘုရားသည် စိတ်နှိမ့်ချသော သူတို့ကို ကြွပင့်၍၊ မတရားသော သူတို့ကိုကား၊ မြေပေါ်မှာ လှဲတော်မူ၏။
Hookiekie no o Iehova i ka poe hoohaahaa; A hoohaahaa no oia i ka poe hewa ilalo i ka lepo.
7 ၇ ဂုဏ်တော်ကိုချီးမွမ်းလျက် ထာဝရဘုရား ရှေ့တော်၌ သီချင်းဆိုကြလော့။ စောင်းတီး၍၊ ငါတို့၏ ဘုရားသခင်ကို ထောမနာသီချင်းဆိုကြလော့။
E olioli aku ia Iehova, me ka mililani aku, E hoolea aku i ko kakou Akua ma ka mea kani.
8 ၈ ကောင်းကင်ကို မိုဃ်းတိမ်များနှင့် ဖုံးလွှမ်းသဖြင့်၊ မြေကြီးဘို့ မိုဃ်းရေကိုပြင်ဆင်၍၊ တောင်များပေါ်မှာ မြက်ပင်ကိုပေါက်စေတော်မူ၏။
Ka Mea i uhi i ka lani i na ao, Ka Mea i hoomakaukau i ka ua no ka honua, Ka Mea i hooulu mai i ka mauu, maluna o na mauna.
9 ၉ မြည်တတ်သော ကျီးကန်းကလေးမှစ၍၊ တိရစ္ဆာန်များတို့ကို ကျွေးမွေးတော်မူ၏။
Haawi mai no oia i ka ai na ka holoholona, Na ka poe koraka hoi, na ka mea kahea aku ia ia.
10 ၁၀ မြင်း၏ခွန်အားနှင့်လူ၏လျင်မြန်ခြင်းကို အားရ နှစ်သက်တော်မူခြင်းမရှိ။
Aole ia e lealea i ka ikaika o ka lio, Aole ia e hauoli hoi i na wawae o ke kanaka.
11 ၁၁ ကြောက်ရွံ့သောသူနှင့် ကရုဏတော်ကို မြော်လင့်သော သူတို့ကို ထာဝရဘုရား နှစ်သက်တော် မူ၏။
E lealea no o Iehova i ka poe makau aku ia ia, I ka poe hoi e hoolana ma kona lokomaikai.
12 ၁၂ အိုယေရုရှလင်မြို့၊ ထာဝရဘုရားကို ချီးမွမ်း လော့။ အိုဇိအုန်မြို့၊ သင်၏ဘုရားသခင်ကို ချီးမွမ်းလော့။
E hiilani ia Iehova, e Ierusalema, E halelu aku i kou Akua, e Ziona.
13 ၁၃ အကြောင်းမူကား၊ သင်၏တံခါးကန့်လန့်တို့ကို ခိုင်မာစေ၍၊ သင်၏အထဲမှာ သားသမီးများကို ကောင်း ကြီးပေးတော်မူ၏။
No ka mea, hoopaa no oia i na kaola o kou mau pukapa; Hoomaikai no hoi oia i kau mau keiki iloko ou.
14 ၁၄ သင်၏ပြည်စွန်းပြည်နားမှာ အမှုအရေးကို ငြိမ်း စေ၍၊ အကောင်းဆုံးသော စပါးနှင့် သင့်ကို ဝစွာ ကျွေးမွေးတော်မူ၏။
Haawi mai no oia i ka malu ma kou mau mokuna, A hoomaona mai ia oe i ka palaoa maikai.
15 ၁၅ မြေကြီးပေါ်သို့ဗျာဒိတ်တော်ကို လွှတ်တော်မူ၏။ နှုတ်ကပတ်တော်သည် အလျင်အမြန်ပြေးတတ်ပါ၏။
Hoouna mai oia i kana mau olelo i ka honua, Holo kiki no kana mau olelo.
16 ၁၆ မိုဃ်းပွင့်ကို သိုးမွေးကဲ့သို့ ချတော်မူ၏။ နှင်းခဲ ကိုလည်း ပြာကဲ့သို့ ဆွတ်ဖြူတော်မူ၏။
Haawi mai no oia i ka hau, me he hulu hipa la, Hoohelelei mai oia i ka hau paa, e like me ka lehu ahi.
17 ၁၇ မိမိမိုဃ်းသီးကို စားနုတ်စားပေါက်ကဲ့သို့ လွှတ် တော်မူ၍၊ ချမ်းစေတော်မူခြင်းကို အဘယ်သူခံနိုင် သနည်း။
Hoohelelei mai oia i kona mau huahekili e like me na huna ai: Owai hoi ka mea hiki ke ku imua o kona anuanu?
18 ၁၈ တဖန်နှုတ်ကပတ်တော်ကိုလွှတ်၍၊ ထိုမိုဃ်းပွင့် အစရှိသည်တို့ကို အရည်ကျိုတော်မူ၏။ မိမိလေကို လာစေတော်မူသဖြင့်၊ ရေတို့သည် စီးကြ၏။
Hoouna mai oia i kana olelo, a hoohehee ia lakou; Hoohuai mai oia i kona makani, a kahe iho la na wai.
19 ၁၉ နှုတ်ကပတ်အမိန့်တော်ကို ယာကုပ်အမျိုး၌၎င်း၊ စီရင်ထုံးဖွဲ့တော်မူချက်များကို ဣသရေလအမျိုး၌၎င်း ဘော်ပြတော်မူ၏။
Hoike mai no oia i kana olelo i ka Iakoba, I kana mau olelopaa hoi, a me kana hooponopono ana i ka Iseraela.
20 ၂၀ အခြားတပါးသော အမျိုးသားတို့၌ ထိုသို့ပြုတော် မမူ။ စီရင်တော်မူချက်များကို သူတို့မသိရကြ။ ဟာလေ လုယ။
Aole ia i hana pela i ko na aina e a pau; O kana hooponopono ana, aole lakou i ike mai ia. E halelu aku oukou ia Iehova.