< ဆာလံ 147 >
1 ၁ ထာဝရဘုရားကို ချီးမွမ်းကောင်းသည်ဖြစ်၍၊ ချီးမွမ်းကြလော့။ ငါတို့၏ဘုရားသခင်ကို ထောမနာပြု ခြင်းသည် သာယာလျောက်ပတ်သည် ဖြစ်၍၊ ထောမနာ သီချင်းဆိုကြလော့။
Alleluia — Louez Yahweh, car il est bon de célébrer notre Dieu, car il est doux, il est bienséant de le louer.
2 ၂ ထာဝရဘုရားသည် ယေရုရှလင်မြို့ကို တည် ဆောက်၍၊ အဝေးသို့နှင်လိုက်သော ဣသရေလအမျိုး သားတို့ကို စုဝေးစေတော်မူ၏။
Yahweh rebâtit Jérusalem, il rassemble les dispersés d’Israël.
3 ၃ စိတ်ကြေမွသောသူတို့ကို နှစ်သိမ့်စေ၍၊ သူတို့၏ အနာကို ကုတော်မူ၏။
Il guérit ceux qui ont le cœur brisé, et il panse leurs blessures.
4 ၄ ကြယ်များကိုရေတွက်၍ အသီးအသီးတို့ကို သမုတ်တော်မူ၏။
Il compte le nombre des étoiles, il les appelle toutes par leur nom.
5 ၅ ငါတို့၏ဘုရားရှင်သည် ကြီးမြတ်တော်မူ၏။ တန်ခိုးတော်လည်း ကြီး၏။ဥာဏ်တော်သည်အနန္တဖြစ်၏။
Notre Seigneur est grand, et sa force est infinie, et son intelligence n’a pas de limites.
6 ၆ ထာဝရဘုရားသည် စိတ်နှိမ့်ချသော သူတို့ကို ကြွပင့်၍၊ မတရားသော သူတို့ကိုကား၊ မြေပေါ်မှာ လှဲတော်မူ၏။
Yahweh vient en aide aux humbles, il abaisse les méchants jusqu’à terre.
7 ၇ ဂုဏ်တော်ကိုချီးမွမ်းလျက် ထာဝရဘုရား ရှေ့တော်၌ သီချင်းဆိုကြလော့။ စောင်းတီး၍၊ ငါတို့၏ ဘုရားသခင်ကို ထောမနာသီချင်းဆိုကြလော့။
Chantez à Yahweh un cantique d’actions de grâces; célébrez notre Dieu sur la harpe!
8 ၈ ကောင်းကင်ကို မိုဃ်းတိမ်များနှင့် ဖုံးလွှမ်းသဖြင့်၊ မြေကြီးဘို့ မိုဃ်းရေကိုပြင်ဆင်၍၊ တောင်များပေါ်မှာ မြက်ပင်ကိုပေါက်စေတော်မူ၏။
Il couvre les cieux de nuages, et prépare la pluie pour la terre; il fait croître l’herbe sur les montagnes.
9 ၉ မြည်တတ်သော ကျီးကန်းကလေးမှစ၍၊ တိရစ္ဆာန်များတို့ကို ကျွေးမွေးတော်မူ၏။
Il donne la nourriture au bétail, aux petits du corbeau qui crient vers lui.
10 ၁၀ မြင်း၏ခွန်အားနှင့်လူ၏လျင်မြန်ခြင်းကို အားရ နှစ်သက်တော်မူခြင်းမရှိ။
Ce n’est pas dans la vigueur du cheval qu’il se complaît, ni dans les jambes de l’homme qu’il met son plaisir;
11 ၁၁ ကြောက်ရွံ့သောသူနှင့် ကရုဏတော်ကို မြော်လင့်သော သူတို့ကို ထာဝရဘုရား နှစ်သက်တော် မူ၏။
Yahweh met son plaisir en ceux qui le craignent, en ceux qui espèrent en sa bonté.
12 ၁၂ အိုယေရုရှလင်မြို့၊ ထာဝရဘုရားကို ချီးမွမ်း လော့။ အိုဇိအုန်မြို့၊ သင်၏ဘုရားသခင်ကို ချီးမွမ်းလော့။
Jérusalem, célèbre Yahweh; Sion, loue ton Dieu.
13 ၁၃ အကြောင်းမူကား၊ သင်၏တံခါးကန့်လန့်တို့ကို ခိုင်မာစေ၍၊ သင်၏အထဲမှာ သားသမီးများကို ကောင်း ကြီးပေးတော်မူ၏။
Car il affermit les verrous de tes portes, il bénit tes fils au milieu de toi;
14 ၁၄ သင်၏ပြည်စွန်းပြည်နားမှာ အမှုအရေးကို ငြိမ်း စေ၍၊ အကောင်းဆုံးသော စပါးနှင့် သင့်ကို ဝစွာ ကျွေးမွေးတော်မူ၏။
il assure la paix à tes frontières, il te rassasie de la fleur du froment.
15 ၁၅ မြေကြီးပေါ်သို့ဗျာဒိတ်တော်ကို လွှတ်တော်မူ၏။ နှုတ်ကပတ်တော်သည် အလျင်အမြန်ပြေးတတ်ပါ၏။
Il envoie ses ordres à la terre; sa parole court avec vitesse.
16 ၁၆ မိုဃ်းပွင့်ကို သိုးမွေးကဲ့သို့ ချတော်မူ၏။ နှင်းခဲ ကိုလည်း ပြာကဲ့သို့ ဆွတ်ဖြူတော်မူ၏။
Il fait tomber la neige comme de la laine, il répand le givre comme de la cendre.
17 ၁၇ မိမိမိုဃ်းသီးကို စားနုတ်စားပေါက်ကဲ့သို့ လွှတ် တော်မူ၍၊ ချမ်းစေတော်မူခြင်းကို အဘယ်သူခံနိုင် သနည်း။
Il jette ses glaçons par morceaux: qui peut tenir devant ses frimas?
18 ၁၈ တဖန်နှုတ်ကပတ်တော်ကိုလွှတ်၍၊ ထိုမိုဃ်းပွင့် အစရှိသည်တို့ကို အရည်ကျိုတော်မူ၏။ မိမိလေကို လာစေတော်မူသဖြင့်၊ ရေတို့သည် စီးကြ၏။
Il envoie sa parole, et il les fond; il fait souffler son vent, et les eaux coulent.
19 ၁၉ နှုတ်ကပတ်အမိန့်တော်ကို ယာကုပ်အမျိုး၌၎င်း၊ စီရင်ထုံးဖွဲ့တော်မူချက်များကို ဣသရေလအမျိုး၌၎င်း ဘော်ပြတော်မူ၏။
C’est lui qui a révélé sa parole à Jacob, ses lois et ses ordonnances à Israël.
20 ၂၀ အခြားတပါးသော အမျိုးသားတို့၌ ထိုသို့ပြုတော် မမူ။ စီရင်တော်မူချက်များကို သူတို့မသိရကြ။ ဟာလေ လုယ။
Il n’a pas fait de même pour toutes les autres nations; elles ne connaissent pas ses ordonnances. Alleluia!