< ဆာလံ 146 >
1 ၁ အိုငါ့ဝိညာဉ်၊ ထာဝရဘုရားကိုချီးမွမ်းလော့။
Louvae ao Senhor. Ó alma minha, louva ao Senhor.
2 ၂ ငါသည် အသက်ရှင်စဉ်အခါ၊ ထာဝရဘုရားကို ချီးမွမ်း မည်။ ငါဖြစ်စဉ်ကာလပတ်လုံး၊ ငါ၏ဘုရားသခင်ကို ထောမနာသီချင်းဆိုမည်။
Louvarei ao Senhor durante a minha vida; cantarei louvores ao meu Deus emquanto eu fôr vivo.
3 ၃ မင်းများမှစ၍ မကယ်တင်နိုင်သော လူသားကို မကိုးစားကြနှင့်။
Não confieis em principes, nem no filho do homem, em quem não ha salvação.
4 ၄ သူသည်အသက်ထွက်၍ မြေသို့ပြန်သွားတတ် ၏။ ထိုနေ့ခြင်းတွင်၊ သူ၏အကြံအစည်တို့သည် ပျက်စီး ကြ၏။
Sae-lhe o espirito, volta para a terra: n'aquelle mesmo dia perecem os seus pensamentos.
5 ၅ ယာကုပ်အမျိုး၏ ဘုရားသခင်မစတော်မူသော သူ၊ မိမိဘုရားသခင် ထာဝရဘုရားကို မြော်လင့်သော သူသည် မင်္ဂလာရှိ၏။
Bemaventurado aquelle que tem o Deus de Jacob por seu auxilio, e cuja esperança está posta no Senhor seu Deus.
6 ၆ ထိုဘုရားသခင်သည် ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာနှင့်တကွ အရပ်ရပ်၌ ရှိသမျှတို့ကို ဖန်ဆင်း တော်မူ၏။ သစ္စာတော်ကို အစဉ်အမြဲစောင့်တော်မူ၏။
O que fez os céus e a terra, o mar e tudo quanto ha n'elles, e o que guarda a verdade para sempre;
7 ၇ ညှဉ်းဆဲခြင်းကိုခံရသော သူတို့အား တရားပြု တော်မူ၏။ ငတ်မွတ်သော သူတို့ကိုကျွေးမွေးတော်မူ၏။ ထာဝရဘုရားသည် ချုပ်ထားခြင်းကို ခံရသောသူတို့ကို လွှတ်တော်မူ၏။
O que faz justiça aos opprimidos, o que dá pão aos famintos. O Senhor solta os encarcerados.
8 ၈ ထာဝရဘုရားသည် မျက်စိကန်းသောသူတို့ကို မြင်စေတော်မူ၏။ ထာဝရဘုရားသည် နှိမ့်ချသောသူတို့ ကို ကြွပင့်တော်မူ၏။ ထာဝရဘုရားသည် ဖြောင့်မတ် သော သူတို့ကို ချစ်တော်မူ၏။
O Senhor abre os olhos aos cegos: O Senhor levanta os abatidos: o Senhor ama os justos.
9 ၉ ထာဝရဘုရားသည် ဧည့်သည်တို့ကို စောင့်မ တော်မူ၍၊ မုတ်ဆိုးမနှင့်မိဘမရှိသော သူတို့ကို ထောက်မ တော်မူ၏။ မတရားသောသူတို့၏ လမ်းကိုကား၊ ကွေ့ ကောက်စေတော်မူ၏။
O Senhor guarda os estrangeiros: sustem o orphão e a viuva, mas transtorna o caminho dos impios.
10 ၁၀ အိုဇိအုန်မြို့၊ သင်၏ဘုရားသခင်တည်းဟူသော ထာဝရဘုရားသည် ကာလအစဉ်အမြဲ ကမ္ဘာအဆက် ဆက်စိုးစံတော်မူလတံ့သတည်း။ ဟာလေလုယ။
O Senhor reinará eternamente; o teu Deus, ó Sião, é de geração em geração. Louvae ao Senhor.