< ဆာလံ 145 >
1 ၁ အကျွန်ုပ်၏ရှင်ဘုရင်၊ အကျွန်ုပ်၏ဘုရားသခင်၊ ကိုယ်တော်ချီးမြှောက်ပါမည်။ ကမ္ဘာအဆက်ဆက် နာမတော်ကို ကောင်းကြီးပေးပါမည်။
I PAN kapinga komui, ai Kot o Nanmarki, o kapinga mar omui ansau karos kokolata.
2 ၂ ကိုယ်တော်ကို နေ့တိုင်းအစဉ်ကောင်းကြီး ပေးပါမည်။ နာမတော်ကို ကမ္ဘာအဆက်ဆက် ချီးမွမ်း ပါမည်။
I pan kapinga komui ni ran akan karos, o kapinga mar omui ansau kan karos kokolata.
3 ၃ ထာဝရဘုရားသည် ကြီးမြတ်၍ အလွန်ချီးမွမ်း ဘွယ်ဖြစ်တော်မူ၏။ ကြီးမြတ်တော်မူခြင်းကို စစ်၍ မကုန်နိုင်။
Ieowa meid lapalap, o kapingapan, o sota me kak dedeki duen a lapalap.
4 ၄ အမှုတော်တို့ကို လူမျိုးအဆက်ဆက်တို့သည် ချီးမွမ်း၍၊ တန်ခိုးတော်များကိုဟောပြောကြပါလိမ့်မည်။
Seri en seri kan pan kapinga omui dodok kan, o kasokasoi duen omui manaman.
5 ၅ အကျွန်ုပ်သည်လည်း ဘုန်းတန်ခိုးအာနုဘော် တော်ကို၎င်း၊ အံ့ဘွယ်သော အမှုတော်တို့ကို၎င်း မြွက်ဆို ပါမည်။
I pan kasokasoia duen lingan en omui kapwat, o i pan kauleki duen omui manaman akan.
6 ၆ သူတို့သည် ကြောက်မတ်ဘွယ်သော အမှုတော် တို့၌ပါသော တန်ခိုးကို မြွက်ဆို၍၊ အကျွန်ုပ်သည်လည်း၊ ကြီးမြတ်တော်မူခြင်းအကြောင်းကို ကြားပြောပါမည်။
O re pan kasokasoia duen manaman en omui dodok kan, o pan kapakaparok duen omui lapalap.
7 ၇ သူတို့သည် အလွန်ကောင်းမြတ်တော်မူခြင်းကို အောက်မေ့ဘို့ရာ မြွက်ဆို၍၊ ဖြောင့်မတ်တော်မူခြင်း အရာကို ရွှင်လန်းစွာ သီချင်းဆိုကြပါလိမ့်မည်။
Irail pan kasokasoia duen omui kalangan lapalap, o pereperen o kapinga duen omui pung.
8 ၈ ထာဝရဘုရားသည် ကျေးဇူးပြုတတ်သော သဘော၊ သနားစုံမက် တတ်သောသဘောနှင့်ပြည့်စုံ၍၊ ခန္တီတော်နှင့်ကရုဏာတော်သည် အလွန်ကြွယ်ဝပါ၏။
Ieowa me dir en mak o kapunglol, kanongama o limpok.
9 ၉ ထာဝရဘုရားသည် ခပ်သိမ်းသောသူတို့အား ကျေးဇူးပြုချင်သော သဘောရှိ၍၊ ဖန်ဆင်းတော်မူသမျှ တို့ကို သနားစုံမက်တော်မူ၏။
Ieowa me kalangan ong karos o a kapunglol ong a wiawia kan karos.
10 ၁၀ အိုထာဝရဘုရား၊ ဖန်ဆင်းတော်မူသမျှတို့သည် ဂုဏ်တော်တို့ကို ပြ၍၊ ကိုယ်တော်၏ သန့်ရှင်း သူတို့သည် ကောင်းကြီးပေးကြ ပါ၏။
Sapwilim omui wiawia kan en kapinga komui. Maing Ieowa, o sapwilim omui lelapok kan en kapinga komui.
11 ၁၁ နိုင်ငံတော်၏ဘုန်းကို၎င်း၊ တန်ခိုးတော်ကို၎င်း ဟောပြောမြွက်ဆိုသဖြင့်၊
O ren kasokasoia duen lingan en wei omui, o ren kapakaparokki duen omui manaman.
12 ၁၂ တန်ခိုးပါသောအမှုတော်များနှင့် နိုင်ငံတော်၏ ဘုန်းအသရေများကို လူသားတို့အား ဘော်ပြကြပါ၏။
Pwe aramas akan en dedeki duen omui manaman o lingan ong wei omui.
13 ၁၃ ကိုယ်တော်၏နိုင်ငံသည် နိစ္စထာဝရနိုင်ငံဖြစ်၍၊ အာဏာတော် သည်ကာလအစဉ်အဆက် တည်ရပါ၏။ ထာဝရဘုရားသည် လဲသောသူရှိသမျှတို့ကို ထောက်မ တော်မူ၏။
Wei omui wei soutuk eu, o omui kakaun pan duedueta kokolata.
14 ၁၄ နှိမ့်ချသောသူအပေါင်းတို့ကို ကြွပင့်တော်မူ၏။
Ieowa kin kotin kolekol karos, me pan pupedi, o kainsen maula karos, me mamauk.
15 ၁၅ ခပ်သိမ်းသော သတ္တဝါတို့သည် ကိုယ်တော်ကို မျှော်ကြည့်ကြ၍၊ အချိန်တန်မှသူတို့ကို ကျွေးမွေးတော် မူ၏။
Por en mas karos kasikasik komui, o kom kotiki ong ir kan ar kisin manga ni ar ansau.
16 ၁၆ လက်တော်ကိုဖွင့်၍၊ အသက်ရှင်သောသတ္တဝါ အပေါင်းတို့ကို ရောင့်ရဲစေတော်မူ၏။
Kom kotiki pasang lim omui o kadirela karos, me memaur, duen kupur omui.
17 ၁၇ ထာဝရဘုရား၏ လမ်းခရီးတော်ရှိသမျှတို့သည် ဖြောင့်မတ်၍၊ ခပ်သိမ်းသော အမှုတော်တို့သည် သန့်ရှင်း ကြပါ၏။
Ieowa me pung ni al a karos o saraui ni a wiawia kan karos.
18 ၁၈ ထာဝရဘုရားသည် ပဌနာပြုသောသူအပေါင်း၊ သစ္စာနှင့်တကွ ပဌနာပြုသော သူအပေါင်း တို့၏ အနီးအပါးရှိတော်မူ၏။
Ieowa kotikot ren karos, me likwir ong i, karos, me likwir melel.
19 ၁၉ ကြောက်ရွံ့သောသူတို့၏ အလိုကို ပြည့်စုံစေ တော်မူ၏။ ထိုသူတို့၏အော်ဟစ်ခြင်းကို ကြား၍ ကယ်တင်တော်မူ၏။
A kotin wiai ong, me masak i duen ar inong. A kotin mangi ar ngidingid, ap kotin sauasa ir.
20 ၂၀ ထာဝရဘုရားသည် ကြည်ညိုသည် သူအပေါင်း တို့ကို စောင့်မတော်မူ၏။ မတရားသော သူအပေါင်းတို့ကို ကား၊ ဖျက်ဆီးတော်မူမည်။
Ieowa kin kotin sinsila karos, me pok ong i, a pan kamela me doo sang Kot akan karos.
21 ၂၁ ထာဝရဘုရားကို ချီးမွမ်းလျက်ငါမြွက်ဆိုမည်။ ခပ်သိမ်းသော လူတို့သည် သန့်ရှင်းသော နာမတော်ကို ကမ္ဘာအဆက်ဆက်ကောင်းကြီးပေးကြစေ။
Au ai pan kapinga Ieowa, o uduk karos kapinga mar a saraui ansau kan karos kokolata.