< ဆာလံ 142 >
1 ၁ ငါသည် ထာဝရဘုရားထံသို့ အသံကိုလွှင့်၍ အော်ဟစ်၏။ ငါ့အသံကို ထာဝရဘုရားထံသို့လွှင့်၍ ဆုတောင်းပဋ္ဌနာပြု၏။
Masikiri raDhavhidhi. Paakanga ari mubako. Munyengetero. Ndinodanidzira nenzwi guru kuna Jehovha; ndinosimudzira inzwi rangu kuna Jehovha, kuti andinzwire nyasha.
2 ၂ ရှေ့တော်၌ မြည်တမ်းသော စကားကို မြွက်၍၊ ခံရသောဆင်းရဲဒုက္ခကို ကြားလျှောက်ရ၏။
Ndinodurura kugununʼuna kwangu pamberi pake; ndinotaura nhamo dzangu pamberi pake.
3 ၃ အကျွန်ုပ်သည် စိတ်ပျက်လျက်ရှိသောအခါ ၊ အကျွန်ုပ်သွားသောလမ်းကို ကိုယ်တော်သိတော်မူ၏။ အကျွန်ုပ်သွားသောလမ်း၌ ကျော့ကွင်းကို ဝှက်ထားကြ ပါပြီ။
Mweya wangu paunoziya mandiri, imi ndimi munoziva nzira yangu. Munzira mandinofamba, vanhu vakandivanzira misungo.
4 ၄ လက်ျာဘက်သို့ အကျွန်ုပ်ကြည့်ရှုသောအခါ၊ အကျွန်ုပ်သိကျွမ်းသောသူမရှိပါ။ ပြေးလွတ်ရာလမ်းလည်း ပိတ်ပါ၏။ အကျွန်ုပ်အသက်ကို နှမြောသောသူမရှိပါ။
Tarirai kurudyi rwangu mugoona; hakuna ane hanya neni. Handina utiziro; hakuna ane hanya noupenyu hwangu.
5 ၅ အိုထာဝရဘုရား၊ ကိုယ်တော်ကိုအော်ဟစ်ပါ၏။ အသက်ရှင်သောသူတို့၏ နေရာ၌ကိုယ်တော်သည် အကျွန်ုပ်ခိုလှုံရာ၊ အကျွန်ုပ်ခံစားရာအဘို့ ဖြစ်တော်မူ၏။
Ndinochema kwamuri, imi Jehovha; ndinoti, “Ndimi utiziro hwangu, nomugove wangu munyika yavapenyu.”
6 ၆ အလွန်နှိမ့်ချလျက်နေသော အကျွန်ုပ်၏ ကြွေး ကြော်သံကို နားထောင်တော်မူပါ။ အကျွန်ုပ်ကို ညှဉ်းဆဲ သောသူတို့လက်မှ ကယ်နှုတ်တော်မူပါ။ သူတို့သည် အကျွန်ုပ်ထက်သာ၍ ခွန်အားကြီးကြပါ၏။
Teererai kuchema kwangu, nokuti ndiri pakushayiwa kukuru; ndinunurei kuna avo vanondidzinganisa, nokuti vanondikurira simba.
7 ၇ နာမတော်ကို အကျွန်ုပ်ချီးမွမ်းရမည်အကြောင်း၊ အကျွန်ုပ်ကို ထောင်ထဲကနှုတ်ဆောင်တော်မူပါ။ ထိုသို့ ကျေးဇူးပြုတော်မူသောအခါ၊ ဖြောင့်မတ်သောသူတို့သည် အကျွန်ုပ်ကို ဝန်းရံလျက်နေကြပါလိမ့်မည်။
Ndibudisei mutorongo, kuti ndirumbidze zita renyu. Ipapo vakarurama vachandipoteredza nokuda kwokunaka kwenyu kwandiri.