< ဆာလံ 142 >

1 ငါသည် ထာဝရဘုရားထံသို့ အသံကိုလွှင့်၍ အော်ဟစ်၏။ ငါ့အသံကို ထာဝရဘုရားထံသို့လွှင့်၍ ဆုတောင်းပဋ္ဌနာပြု၏။
ငါ သည် ထာဝရဘုရား ထံသို့ အသံ ကိုလွှင့်၍ အော်ဟစ် ၏။ ငါ့ အသံ ကို ထာဝရဘုရား ထံသို့ လွှင့်၍ ဆုတောင်း ပဋ္ဌနာပြု၏။
2 ရှေ့တော်၌ မြည်တမ်းသော စကားကို မြွက်၍၊ ခံရသောဆင်းရဲဒုက္ခကို ကြားလျှောက်ရ၏။
ရှေ့ တော်၌ မြည်တမ်း သော စကားကို မြွက် ၍၊ ခံရသောဆင်းရဲ ဒုက္ခကို ကြား လျှောက်ရ၏။
3 အကျွန်ုပ်သည် စိတ်ပျက်လျက်ရှိသောအခါ ၊ အကျွန်ုပ်သွားသောလမ်းကို ကိုယ်တော်သိတော်မူ၏။ အကျွန်ုပ်သွားသောလမ်း၌ ကျော့ကွင်းကို ဝှက်ထားကြ ပါပြီ။
အကျွန်ုပ် သည် စိတ်ပျက် လျက် ရှိသောအခါ ၊ အကျွန်ုပ် သွားသောလမ်း ကို ကိုယ်တော် သိ တော်မူ၏။ အကျွန်ုပ် သွား သောလမ်း ၌ ကျော့ကွင်း ကို ဝှက်ထား ကြ ပါပြီ။
4 လက်ျာဘက်သို့ အကျွန်ုပ်ကြည့်ရှုသောအခါ၊ အကျွန်ုပ်သိကျွမ်းသောသူမရှိပါ။ ပြေးလွတ်ရာလမ်းလည်း ပိတ်ပါ၏။ အကျွန်ုပ်အသက်ကို နှမြောသောသူမရှိပါ။
လက်ျာ ဘက်သို့ အကျွန်ုပ်ကြည့်ရှု သောအခါ ၊ အကျွန်ုပ် သိကျွမ်း သောသူမ ရှိပါ။ ပြေး လွတ်ရာလမ်းလည်း ပိတ် ပါ၏။ အကျွန်ုပ် အသက် ကို နှမြော သောသူမ ရှိပါ။
5 အိုထာဝရဘုရား၊ ကိုယ်တော်ကိုအော်ဟစ်ပါ၏။ အသက်ရှင်သောသူတို့၏ နေရာ၌ကိုယ်တော်သည် အကျွန်ုပ်ခိုလှုံရာ၊ အကျွန်ုပ်ခံစားရာအဘို့ ဖြစ်တော်မူ၏။
အိုထာဝရဘုရား ၊ ကိုယ်တော် ကို အော်ဟစ် ပါ၏။ အသက်ရှင် သောသူတို့၏ နေရာ ၌ ကိုယ်တော်သည် အကျွန်ုပ် ခိုလှုံရာ ၊ အကျွန်ုပ် ခံစားရာအဘို့ ဖြစ်တော်မူ၏။
6 အလွန်နှိမ့်ချလျက်နေသော အကျွန်ုပ်၏ ကြွေး ကြော်သံကို နားထောင်တော်မူပါ။ အကျွန်ုပ်ကို ညှဉ်းဆဲ သောသူတို့လက်မှ ကယ်နှုတ်တော်မူပါ။ သူတို့သည် အကျွန်ုပ်ထက်သာ၍ ခွန်အားကြီးကြပါ၏။
အလွန် နှိမ့်ချ လျက်နေသောအကျွန်ုပ် ၏ ကြွေးကြော် သံကို နားထောင် တော်မူပါ။ အကျွန်ုပ် ကို ညှဉ်းဆဲ သောသူတို့လက်မှ ကယ်နှုတ် တော်မူပါ။ သူတို့သည် အကျွန်ုပ် ထက် သာ၍ခွန်အား ကြီးကြပါ၏။
7 နာမတော်ကို အကျွန်ုပ်ချီးမွမ်းရမည်အကြောင်း၊ အကျွန်ုပ်ကို ထောင်ထဲကနှုတ်ဆောင်တော်မူပါ။ ထိုသို့ ကျေးဇူးပြုတော်မူသောအခါ၊ ဖြောင့်မတ်သောသူတို့သည် အကျွန်ုပ်ကို ဝန်းရံလျက်နေကြပါလိမ့်မည်။
နာမတော် ကို အကျွန်ုပ်ချီးမွမ်း ရမည်အကြောင်း ၊ အကျွန်ုပ် ကို ထောင် ထဲက နှုတ်ဆောင် တော်မူပါ။ ထိုသို့ ကျေးဇူး ပြုတော်မူသောအခါ၊ ဖြောင့်မတ် သောသူတို့သည် အကျွန်ုပ် ကို ဝန်းရံ လျက်နေရကြပါလိမ့်မည်။

< ဆာလံ 142 >