< ဆာလံ 142 >

1 ငါသည် ထာဝရဘုရားထံသို့ အသံကိုလွှင့်၍ အော်ဟစ်၏။ ငါ့အသံကို ထာဝရဘုရားထံသို့လွှင့်၍ ဆုတောင်းပဋ္ဌနာပြု၏။
משכיל לדוד בהיותו במערה תפלה קולי אל יהוה אזעק קולי אל יהוה אתחנן׃
2 ရှေ့တော်၌ မြည်တမ်းသော စကားကို မြွက်၍၊ ခံရသောဆင်းရဲဒုက္ခကို ကြားလျှောက်ရ၏။
אשפך לפניו שיחי צרתי לפניו אגיד׃
3 အကျွန်ုပ်သည် စိတ်ပျက်လျက်ရှိသောအခါ ၊ အကျွန်ုပ်သွားသောလမ်းကို ကိုယ်တော်သိတော်မူ၏။ အကျွန်ုပ်သွားသောလမ်း၌ ကျော့ကွင်းကို ဝှက်ထားကြ ပါပြီ။
בהתעטף עלי רוחי ואתה ידעת נתיבתי בארח זו אהלך טמנו פח לי׃
4 လက်ျာဘက်သို့ အကျွန်ုပ်ကြည့်ရှုသောအခါ၊ အကျွန်ုပ်သိကျွမ်းသောသူမရှိပါ။ ပြေးလွတ်ရာလမ်းလည်း ပိတ်ပါ၏။ အကျွန်ုပ်အသက်ကို နှမြောသောသူမရှိပါ။
הביט ימין וראה ואין לי מכיר אבד מנוס ממני אין דורש לנפשי׃
5 အိုထာဝရဘုရား၊ ကိုယ်တော်ကိုအော်ဟစ်ပါ၏။ အသက်ရှင်သောသူတို့၏ နေရာ၌ကိုယ်တော်သည် အကျွန်ုပ်ခိုလှုံရာ၊ အကျွန်ုပ်ခံစားရာအဘို့ ဖြစ်တော်မူ၏။
זעקתי אליך יהוה אמרתי אתה מחסי חלקי בארץ החיים׃
6 အလွန်နှိမ့်ချလျက်နေသော အကျွန်ုပ်၏ ကြွေး ကြော်သံကို နားထောင်တော်မူပါ။ အကျွန်ုပ်ကို ညှဉ်းဆဲ သောသူတို့လက်မှ ကယ်နှုတ်တော်မူပါ။ သူတို့သည် အကျွန်ုပ်ထက်သာ၍ ခွန်အားကြီးကြပါ၏။
הקשיבה אל רנתי כי דלותי מאד הצילני מרדפי כי אמצו ממני׃
7 နာမတော်ကို အကျွန်ုပ်ချီးမွမ်းရမည်အကြောင်း၊ အကျွန်ုပ်ကို ထောင်ထဲကနှုတ်ဆောင်တော်မူပါ။ ထိုသို့ ကျေးဇူးပြုတော်မူသောအခါ၊ ဖြောင့်မတ်သောသူတို့သည် အကျွန်ုပ်ကို ဝန်းရံလျက်နေကြပါလိမ့်မည်။
הוציאה ממסגר נפשי להודות את שמך בי יכתרו צדיקים כי תגמל עלי׃

< ဆာလံ 142 >