< ဆာလံ 142 >
1 ၁ ငါသည် ထာဝရဘုရားထံသို့ အသံကိုလွှင့်၍ အော်ဟစ်၏။ ငါ့အသံကို ထာဝရဘုရားထံသို့လွှင့်၍ ဆုတောင်းပဋ္ဌနာပြု၏။
[A Psalm] of instruction for David, when he was in the cave, —a Prayer. I cried to the Lord with my voice; with my voice I made supplication to the Lord.
2 ၂ ရှေ့တော်၌ မြည်တမ်းသော စကားကို မြွက်၍၊ ခံရသောဆင်းရဲဒုက္ခကို ကြားလျှောက်ရ၏။
I will pour out before him my supplication: I will declare before him mine affliction.
3 ၃ အကျွန်ုပ်သည် စိတ်ပျက်လျက်ရှိသောအခါ ၊ အကျွန်ုပ်သွားသောလမ်းကို ကိုယ်တော်သိတော်မူ၏။ အကျွန်ုပ်သွားသောလမ်း၌ ကျော့ကွင်းကို ဝှက်ထားကြ ပါပြီ။
When my spirit was fainting within me, then you knew my paths; in the very way wherein I was walking, they hid a snare for me.
4 ၄ လက်ျာဘက်သို့ အကျွန်ုပ်ကြည့်ရှုသောအခါ၊ အကျွန်ုပ်သိကျွမ်းသောသူမရှိပါ။ ပြေးလွတ်ရာလမ်းလည်း ပိတ်ပါ၏။ အကျွန်ုပ်အသက်ကို နှမြောသောသူမရှိပါ။
I looked on [my] right hand, and behold, for there was none that noticed me; refuge failed me; and there was none that cared for my soul.
5 ၅ အိုထာဝရဘုရား၊ ကိုယ်တော်ကိုအော်ဟစ်ပါ၏။ အသက်ရှင်သောသူတို့၏ နေရာ၌ကိုယ်တော်သည် အကျွန်ုပ်ခိုလှုံရာ၊ အကျွန်ုပ်ခံစားရာအဘို့ ဖြစ်တော်မူ၏။
I cried to you, O Lord, and said, You are my hope, my portion in the land of the living.
6 ၆ အလွန်နှိမ့်ချလျက်နေသော အကျွန်ုပ်၏ ကြွေး ကြော်သံကို နားထောင်တော်မူပါ။ အကျွန်ုပ်ကို ညှဉ်းဆဲ သောသူတို့လက်မှ ကယ်နှုတ်တော်မူပါ။ သူတို့သည် အကျွန်ုပ်ထက်သာ၍ ခွန်အားကြီးကြပါ၏။
Attend to my supplication, for I am brought very low; deliver me from them that persecute me; for they are stronger than I.
7 ၇ နာမတော်ကို အကျွန်ုပ်ချီးမွမ်းရမည်အကြောင်း၊ အကျွန်ုပ်ကို ထောင်ထဲကနှုတ်ဆောင်တော်မူပါ။ ထိုသို့ ကျေးဇူးပြုတော်မူသောအခါ၊ ဖြောင့်မတ်သောသူတို့သည် အကျွန်ုပ်ကို ဝန်းရံလျက်နေကြပါလိမ့်မည်။
Bring my soul out of prison, that I may give thanks to your name, O Lord; the righteous shall wait for me, until you recompense me.