< ဆာလံ 141 >
1 ၁ အိုထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ် အော်ဟစ်ပါ၏။ အလျင်အမြန် ကြွလာတော်မူပါ။ ကိုယ် တော်ကို အော်ဟစ်သောအခါ၊ အကျွန်ုပ်၏ စကားသံကို နားထောင်တော်မူပါ။
다윗의 시 여호와여 제가 주를 불렀사오니 속히 내게 임하소서 내가 주께 부르짖을 때에 내 음성에 귀를 기울이소서
2 ၂ အကျွန်ုပ်၏ ပဌနာသည်မီးရှို့သော နံ့သာပေါင်း ကဲ့သို့၎င်း၊ လက်ကိုချီခြင်းသည် ညဦးယံပူဇော်သက္ကာ ကဲ့သို့၎င်း၊ ရှေ့တော်၌ပြင်ဆင်လျက် ရှိပါစေသော။
나의 기도가 주의 앞에 분향함과 같이 되며 나의 손드는 것이 저녁 제사 같이 되게 하소서
3 ၃ အိုထာဝရဘုရား၊ အကျွန်ုပ်၏နှုတ်ရှေ့မှာ ကင်း ကို ထားတော်မူပါ။ အကျွန်ုပ်၏နှုတ်ခမ်းတံခါးကို စောင့် တော်မူပါ။
여호와여 내 입 앞에 파수꾼을 세우시고 내 입술의 문을 지키소서
4 ၄ ဒုစရိုက်ကိုပြုသောသူတို့နှင့် အတူအကျွန်ုပ်ပါ၍၊ မတရားသောအမှု၊ ဒုစရိုက်အမျိုးမျိုး၌ ကျင်လည်စေခြင်း ငှါ၊ အကျွန်ုပ်၏စိတ်နှလုံးကို မကောင်းသောအမှုအရာသို့ သွေးဆောင်တော်မမူပါနှင့်။ ထိုသူတို့၏ ခဲဘွယ်စားဘွယ် တို့ကို အကျွန်ုပ်မစားပါစေနှင့်။
내 마음이 악한 일에 기울어 죄악을 행하는 자와 함께 악을 행치 말게 하시며 저희 진수를 먹지 말게 하소서
5 ၅ ဖြောင့်မတ်သော သူသည်အကျွန်ုပ်ကို ဒဏ်ခတ် ပါစေသော၊ ကျေးဇူးရှိပါလိမ့်မည်။ ဆုံးမပါစေသော၊ အကျွန်ုပ်ဦးခေါင်းကိုလိမ်းသောဆီဖြစ်ပါလိမ့်မည်။ ထပ်၍ ပြုသော်လည်း အကျွန်ုပ်မငြင်းပါ။ ယခုမူကား၊ သူတပါး ပြုသော အဓမ္မအမှုတဘက်၌ ဆုတောင်းရပါ၏။
의인이 나를 칠지라도 은혜로 여기며 책망할지라도 머리의 기름 같이 여겨서 내 머리가 이를 거절치 아니할지라 저희의 재난 중에라도 내가 항상 기도하리로다
6 ၆ သူတို့၏အကဲအမှုးတို့သည် ကျောက်တွင်းနားမှ လွတ်၍၊ အကျွန်ုပ်၏စကားကို ကြားရကြပါ၏။ ထိုစကား လည်း ချိုပါ၏။
저희의 관장들이 바위 곁에 내려 던지웠도다 내 말이 달므로 무리가 들으리로다
7 ၇ မြေပေါ်မှာထင်းကိုခုတ်၍ခွဲသကဲ့သို့၊ မရဏာ နိုင်ငံတံခါးဝမှာ အကျွန်ုပ်တို့၏ အရိုးများတို့သည် ကွဲပြား လျက်ရှိကြပါ၏။ (Sheol )
사람이 밭 갈아 흙을 부스러뜨림 같이 우리의 해골이 음부 문에 흩어졌도다 (Sheol )
8 ၈ အိုဘုရားရှင်ထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်မျှော်ကြည့်ပါ၏။ ကိုယ်တော်၌ခိုလှုံပါ၏။ အကျွန်ုပ်၏အသက်ကို သွန်ပစ်စေတော်မမူပါနှင့်။
주 여호와여 내 눈이 주께 향하며 내가 주께 피하오니 내 영혼을 빈궁한 대로 버려두지 마옵소서
9 ၉ အကျွန်ုပ်ဘို့ ထောင်ထားကြသောကျော့ကွင်းမှ ၎င်း၊ ဒုစရိုက်ကို ပြုသောသူတို့၏ညွှတ်မှ၎င်း၊ အကျွန်ုပ်ကို လွတ်စေတော်မူပါ။
나를 지키사 저희가 나를 잡으려고 놓은 올무와 행악자의 함정에서 벗어나게 하옵소서
10 ၁၀ ထိုသို့အကျွန်ုပ်သည်လွန်သွားသောအခါ၊ မတရားသော သူအပေါင်းတို့သည် မိမိတို့ကျော်ကွင်းထဲသို့ ကျကြပါစေသော။
악인은 자기 그물에 걸리게 하시고 나는 온전히 면하게 하소서