< ဆာလံ 140 >

1 အိုထာဝရဘုရား၊ ဆိုးသောသူ၏လက်မှ အကျွန်ုပ်ကို ကယ်နှုတ်တော်မူပါ။ ကြမ်းတမ်းသော သူ၏လက်မှ အကျွန်ုပ်ကို ကွယ်ကာစောင့်မတော်မူပါ။
အိုထာဝရဘုရား ၊ ဆိုး သောသူ ၏လက်မှ အကျွန်ုပ် ကို ကယ်နှုတ် တော်မူပါ။ ကြမ်းတမ်း သောသူ ၏လက်မှ အကျွန်ုပ် ကို ကွယ်ကာ စောင့်မတော်မူပါ။
2 ထိုသူတို့သည်နှလုံးထဲမှာမကောင်းသော အကြံ အစည်ရှိ၍၊ စစ်မှုကို အစဉ်နှိုးဆော်ကြပါ၏။
ထိုသူတို့သည်နှလုံး ထဲမှာ မ ကောင်းသော အကြံ အစည် ရှိ၍ ၊ စစ်မှု ကို အစဉ် နှိုးဆော် ကြပါ၏။
3 သူတို့သည်မြွေကဲ့သို့ မိမိတို့လျှာကို သွေးတတ် ကြပါ၏။ သူတို့နှုတ်ခမ်းအထဲမှာ မြွေဆိုးအဆိပ် အတောက်ရှိပါ၏။
သူတို့သည်မြွေ ကဲ့သို့ မိမိ တို့လျှာ ကို သွေး တတ် ကြပါ၏။ သူ တို့နှုတ်ခမ်း အထဲ မှာ မြွေဆိုး အဆိပ် အတောက်ရှိပါ၏။
4 အိုထာဝရဘုရား၊ မတရားသောသူ၏ လက်မှ အကျွန်ုပ်ကိုကွယ်ကာစောင့်မတော်မူပါ။ ကြမ်းတမ်းသော သူ၏လက်မှကွယ်ကာစောင့်မတော်မူပါ။ သူတို့သည် အကျွန်ုပ်ကိုလှဲခြင်းငှါ ကြံစည်ကြပါ၏။
အိုထာဝရဘုရား ၊ မ တရားသောသူ၏ လက် မှ အကျွန်ုပ် ကိုကွယ်ကာ စောင့်မတော်မူပါ။ ကြမ်းတမ်း သောသူ ၏လက်မှ ကွယ်ကာ စောင့်မတော်မူပါ။ သူတို့သည် အကျွန်ုပ် ကိုလှဲ ခြင်းငှါ ကြံစည် ကြပါ၏။
5 မာနကြီးသောသူတို့သည် အကျွန်ုပ်ဘို့ ကျော့ ကွင်းနှင့်ကြိုးသေးများကို ဝှက်ထားကြပါ၏။ အကျွန်ုပ် သွားရာလမ်း၌ ကွန်ရွက်ကိုဖြန့်၍ ညွှတ်များကို ထားကြ ပါ၏။
မာနကြီး သောသူတို့သည် အကျွန်ုပ် ဘို့ ကျော့ကွင်း နှင့် ကြိုး သေးများကို ဝှက်ထား ကြပါ၏။ အကျွန်ုပ် သွားရာလမ်း ၌ ကွန် ရွက်ကိုဖြန့် ၍ ညွှတ် များကို ထား ကြပါ ၏။
6 ကိုယ်တော်သည်အကျွန်ုပ်၏ ဘုရားသခင်ဖြစ် တော်မူ၏ဟု ထာဝရဘုရားအား လျှောက်ထားပါ၏။ အိုထာဝရဘုရား၊ အကျွန်ုပ်ဆုတောင်းသောစကားကို နားထောင်တော်မူပါ။
ကိုယ်တော် သည်အကျွန်ုပ် ၏ ဘုရား သခင်ဖြစ် တော်မူ၏ဟု ထာဝရဘုရား အား လျှောက် ထားပါ၏။ အိုထာဝရဘုရား ၊ အကျွန်ုပ် ဆုတောင်း သောစကား ကို နားထောင် တော်မူပါ။
7 အိုဘုရားရှင်ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်၏ ကယ်တင်ခြင်းအစွမ်းသတ္တိဖြစ်တော်မူ၏။ စစ်တိုက်ရသောနေ့၌ အကျွန်ုပ် ၏ဦးခေါင်းကို ဖုံးအုပ် တော်မူ၏။
အိုဘုရား ရှင်ထာဝရဘုရား ၊ ကိုယ်တော်သည် အကျွန်ုပ် ၏ ကယ်တင် ခြင်းအစွမ်း သတ္တိဖြစ်တော်မူ၏။ စစ်တိုက် ရသောနေ့ ၌ အကျွန်ုပ် ၏ဦးခေါင်း ကို ဖုံးအုပ် တော်မူ၏။
8 အိုထာဝရဘုရား၊ မတရားသောသူ၏ အလို ပြည့်စုံရသောအခွင့်၊ သူ၏အကြံထမြောက်ရသောအခွင့် ရှိစေတော်မမူပါနှင့်။
အိုထာဝရဘုရား ၊ မ တရားသောသူ၏ အလို ပြည့်စုံရသောအခွင့်၊ သူ ၏အကြံ ထမြောက် ရသောအခွင့် ရှိစေတော်မ မူပါနှင့်။
9 ထိုသို့သောသူတို့သည် အကျွန်ုပ်ပတ်လည်၌၊ မိမိတို့ဦးခေါင်းကို မချီးမြှောက်ရဘဲ၊ မိမိတို့မြွက်ဆိုသော မကောင်းကျိုးသည် မိမိတို့ကို လွှမ်းမိုးပါစေသော။
ထိုသို့သောသူတို့သည် အကျွန်ုပ် ပတ်လည် ၌၊ မိမိတို့ဦးခေါင်း ကို မချီးမြှောက်ရဘဲ၊ မိမိ တို့မြွက်ဆို သော မ ကောင်းကျိုးသည် မိမိ တို့ကို လွှမ်းမိုး ပါစေသော။
10 ၁၀ မီးခဲတို့သည် ထိုသူတို့အပေါ်သို့ ကျရောက်ကြပါ စေသော။ မီးထဲသို့၎င်း၊ နက်သောတွင်းထဲသို့၎င်း ကျကြ ပါစေသော။ တဖန်မထကြပါစေနှင့်။
၁၀မီးခဲ တို့သည် ထိုသူ တို့အပေါ် သို့ ကျ ရောက်ကြ ပါစေသော။ မီး ထဲသို့ ၎င်း၊ နက် သောတွင်းထဲသို့ ၎င်း ကျ ကြ ပါစေသော။ တဖန်မ ထ ကြပါစေနှင့်။
11 ၁၁ ကဲ့ရဲ့တတ်သောသူသည် မြေပေါ်မှာ နေရာမမြဲ ပါစေနှင့်။ ကြမ်းတမ်းသောသူကိုလည်း ဖျက်ဆီးသည် တိုင်အောင်ဘေးဥပဒ်သည် လိုက်ပါစေသော။
၁၁ကဲ့ရဲ့ တတ်သောသူ သည် မြေ ပေါ် မှာ နေရာ မ မြဲ ပါစေနှင့်။ ကြမ်းတမ်း သောသူ ကိုလည်း ဖျက်ဆီး သည် တိုင်အောင် ဘေးဥပဒ် သည် လိုက် ပါစေသော။
12 ၁၂ ထာဝရဘုရားသည်ဆင်းရဲသော သူ၏အမှုကို စောင့်၍၊ ငတ်မွတ်သောသူဘက်၌ တရားစီရင်တော်မူ မည်ဟု ငါသိ၏။
၁၂ထာဝရဘုရား သည်ဆင်းရဲ သောသူ ၏အမှု ကို စောင့် ၍၊ ငတ်မွတ် သောသူဘက်၌ တရား စီရင်တော်မူမည် ဟု ငါသိ ၏။
13 ၁၃ အကယ်စင်စစ် တရားသောသူတို့သည် နာမ တော်ကို ချီးမွမ်းကြပါလိမ့်မည်။ သဘောဖြောင့်သော သူတို့သည် အထံတော်၌နေရကြပါလိမ့်မည်။
၁၃အကယ် စင်စစ်တရား သောသူတို့သည် နာမတော် ကို ချီးမွမ်း ကြပါလိမ့်မည်။ သဘော ဖြောင့်သောသူတို့ သည် အထံ တော်၌ နေ ရကြပါလိမ့်မည်။

< ဆာလံ 140 >