< ဆာလံ 140 >
1 ၁ အိုထာဝရဘုရား၊ ဆိုးသောသူ၏လက်မှ အကျွန်ုပ်ကို ကယ်နှုတ်တော်မူပါ။ ကြမ်းတမ်းသော သူ၏လက်မှ အကျွန်ုပ်ကို ကွယ်ကာစောင့်မတော်မူပါ။
In finem, Psalmus David. Eripe me Domine ab homine malo: a viro iniquo eripe me.
2 ၂ ထိုသူတို့သည်နှလုံးထဲမှာမကောင်းသော အကြံ အစည်ရှိ၍၊ စစ်မှုကို အစဉ်နှိုးဆော်ကြပါ၏။
Qui cogitaverunt iniquitates in corde: tota die constituebant prælia.
3 ၃ သူတို့သည်မြွေကဲ့သို့ မိမိတို့လျှာကို သွေးတတ် ကြပါ၏။ သူတို့နှုတ်ခမ်းအထဲမှာ မြွေဆိုးအဆိပ် အတောက်ရှိပါ၏။
Acuerunt linguas suas sicut serpentis: venenum aspidum sub labiis eorum.
4 ၄ အိုထာဝရဘုရား၊ မတရားသောသူ၏ လက်မှ အကျွန်ုပ်ကိုကွယ်ကာစောင့်မတော်မူပါ။ ကြမ်းတမ်းသော သူ၏လက်မှကွယ်ကာစောင့်မတော်မူပါ။ သူတို့သည် အကျွန်ုပ်ကိုလှဲခြင်းငှါ ကြံစည်ကြပါ၏။
Custodi me Domine de manu peccatoris: et ab hominibus iniquis eripe me. Qui cogitaverunt supplantare gressus meos:
5 ၅ မာနကြီးသောသူတို့သည် အကျွန်ုပ်ဘို့ ကျော့ ကွင်းနှင့်ကြိုးသေးများကို ဝှက်ထားကြပါ၏။ အကျွန်ုပ် သွားရာလမ်း၌ ကွန်ရွက်ကိုဖြန့်၍ ညွှတ်များကို ထားကြ ပါ၏။
absconderunt superbi laqueum mihi: Et funes extenderunt in laqueum: iuxta iter scandalum posuerunt mihi.
6 ၆ ကိုယ်တော်သည်အကျွန်ုပ်၏ ဘုရားသခင်ဖြစ် တော်မူ၏ဟု ထာဝရဘုရားအား လျှောက်ထားပါ၏။ အိုထာဝရဘုရား၊ အကျွန်ုပ်ဆုတောင်းသောစကားကို နားထောင်တော်မူပါ။
Dixi Domino: Deus meus es tu: exaudi Domine vocem deprecationis meæ.
7 ၇ အိုဘုရားရှင်ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်၏ ကယ်တင်ခြင်းအစွမ်းသတ္တိဖြစ်တော်မူ၏။ စစ်တိုက်ရသောနေ့၌ အကျွန်ုပ် ၏ဦးခေါင်းကို ဖုံးအုပ် တော်မူ၏။
Domine, Domine virtus salutis meæ: obumbrasti super caput meum in die belli:
8 ၈ အိုထာဝရဘုရား၊ မတရားသောသူ၏ အလို ပြည့်စုံရသောအခွင့်၊ သူ၏အကြံထမြောက်ရသောအခွင့် ရှိစေတော်မမူပါနှင့်။
Ne tradas me Domine a desiderio meo peccatori: cogitaverunt contra me, ne derelinquas me, ne forte exaltentur.
9 ၉ ထိုသို့သောသူတို့သည် အကျွန်ုပ်ပတ်လည်၌၊ မိမိတို့ဦးခေါင်းကို မချီးမြှောက်ရဘဲ၊ မိမိတို့မြွက်ဆိုသော မကောင်းကျိုးသည် မိမိတို့ကို လွှမ်းမိုးပါစေသော။
Caput circuitus eorum: labor labiorum ipsorum operiet eos.
10 ၁၀ မီးခဲတို့သည် ထိုသူတို့အပေါ်သို့ ကျရောက်ကြပါ စေသော။ မီးထဲသို့၎င်း၊ နက်သောတွင်းထဲသို့၎င်း ကျကြ ပါစေသော။ တဖန်မထကြပါစေနှင့်။
Cadent super eos carbones, in ignem deiicies eos: in miseriis non subsistent.
11 ၁၁ ကဲ့ရဲ့တတ်သောသူသည် မြေပေါ်မှာ နေရာမမြဲ ပါစေနှင့်။ ကြမ်းတမ်းသောသူကိုလည်း ဖျက်ဆီးသည် တိုင်အောင်ဘေးဥပဒ်သည် လိုက်ပါစေသော။
Vir linguosus non dirigetur in terra: virum iniustum mala capient in interitu.
12 ၁၂ ထာဝရဘုရားသည်ဆင်းရဲသော သူ၏အမှုကို စောင့်၍၊ ငတ်မွတ်သောသူဘက်၌ တရားစီရင်တော်မူ မည်ဟု ငါသိ၏။
Cognovi quia faciet Dominus iudicium inopis: et vindictam pauperum.
13 ၁၃ အကယ်စင်စစ် တရားသောသူတို့သည် နာမ တော်ကို ချီးမွမ်းကြပါလိမ့်မည်။ သဘောဖြောင့်သော သူတို့သည် အထံတော်၌နေရကြပါလိမ့်မည်။
Verumtamen iusti confitebuntur nomini tuo: et habitabunt recti cum vultu tuo.