< ဆာလံ 136 >
1 ၁ ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၍၊ ကရုဏာတော် အစဉ်အမြဲတည်သောကြောင့်၊ ဂုဏ် ကျေးဇူးတော်ကို ချီးမွမ်းကြလော့။
Give thanks to the LORD, for He is good.
2 ၂ ဘုရားတို့၏အရှင်၊ ဘုရားသခင်၏ ကရုဏာ တော် အစဉ်အမြဲတည်သောကြောင့်၊ ဂုဏ်ကျေးဇူး တော်ကို ချီးမွမ်းကြလော့။
Give thanks to the God of gods.
3 ၃ အရှင်တို့၏သခင်၊ ဘုရားရှင်၏ ကရုဏာတော် အစဉ်အမြဲ တည်သောကြောင့်၊ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြလော့။
Give thanks to the Lord of lords.
4 ၄ ကရုဏာတော် အစဉ်အမြဲတည်သည်ဖြစ်၍၊ အံ့ဘွယ်သောအမှုတို့ကို တပါးတည်းသာပြုတော် မူထသော၊
He alone does great wonders.
5 ၅ ကရုဏာတော်အစဉ်အမြဲ တည်သည်ဖြစ်၍၊ ပညာတရားအတိုင်း ကောင်းကင်ကို ဖန်ဆင်းတော်မူ ထသော၊
By His insight He made the heavens.
6 ၆ ကရုဏာတော်အစဉ်အမြဲတည်သည်ဖြစ်၍၊ ရေပေါ်မှာ မြေကြီးကို ဖြန့်တော်မူထသော၊
He spread out the earth upon the waters.
7 ၇ ကရုဏာတော်အစဉ်အမြဲတည်သည်ဖြစ်၍၊ အလင်းအိမ်ကြီးတို့ကို ဖန်ဆင်းတော်မူထသော၊
He made the great lights—
8 ၈ ကရုဏာတော်အစဉ်အမြဲတည်သည်ဖြစ်၍၊ နေ့ကိုအုပ်စိုးရသော နေကို၎င်း၊
the sun to rule the day,
9 ၉ ကရုဏာတော်အစဉ်အမြဲတည်သည်ဖြစ်၍၊ ညဉ့်ကို အုပ်စိုးရသော လနှင့်ကြယ်များကို၎င်း ဖန်ဆင်း တော်မူထသော၊
the moon and stars to govern the night.
10 ၁၀ ကရုဏာတော်အစဉ်အမြဲတည်သည်ဖြစ်၍၊ အဲဂုတ္တုပြည်မှာ သားဦးများကို ဒဏ်ခတ်တော်မူထသော၊
He struck down the firstborn of Egypt
11 ၁၁ ကရုဏာတော်အစဉ်အမြဲတည်သည်ဖြစ်၍၊ အားကြီးသော လက်၊ ဆန့်သော လက်ရုံးတော်ကို လက်နက်ပြုတော်မူထသော၊
and brought Israel out from among them
12 ၁၂ ကရုဏာတော်အစဉ်အမြဲတည်သည်ဖြစ်၍၊ ဣသရေလအမျိုးကို အဲဂုတ္တုပြည်သားတို့ အထဲက ထုတ်ဆောင်တော်မူထသော၊
with a mighty hand and an outstretched arm.
13 ၁၃ ကရုဏာတော်အစဉ်အမြဲတည်သည်ဖြစ်၍၊ ဧဒုံပင်လယ်ကို အပိုင်းပိုင်းခွဲတော်မူထသော၊
He divided the Red Sea in two
14 ၁၄ ကရုဏာတော်အစဉ်အမြဲတည်သည်ဖြစ်၍၊ ပင်လယ်အလယ်၌ ဣသရေလအမျိုးကို ရှောက်သွား စေတော်မူထသော၊
and led Israel through the midst,
15 ၁၅ ကရုဏာတော်အစဉ်အမြဲတည်သည်ဖြစ်၍၊ ဖာရောမင်းနှင့်ဗိုလ်ခြေများကို ဧဒုံပင်လယ် ထဲ၌ လှဲချတော်မူထသော၊
but swept Pharaoh and his army into the Red Sea.
16 ၁၆ ကရုဏာတော် အစဉ်အမြဲ တည်သည်ဖြစ်၍၊ မိမိလူစုကိုတော၌ ပို့ဆောင်တော်မူထသော၊
He led His people through the wilderness.
17 ၁၇ ကရုဏာတော် အစဉ်အမြဲ တည်သည်ဖြစ်၍၊ ကြီးသောဘုရင်တို့ကို ဒဏ်ခတ်တော်မူထသော၊
He struck down great kings
18 ၁၈ ကရုဏာတော်အစဉ်အမြဲတည်သည်ဖြစ်၍၊ အာမောရိပြည်ကို အစိုးရသော ရှိဟုန်မင်းကို၎င်း၊ ကရုဏာတော်အစဉ်အမြဲ တည်သည်ဖြစ်၍၊ ဗာရှန်ပြည် ကိုအစိုးရသော ဩဃမင်းကို၎င်း၊ ကရုဏာတော် အစဉ် အမြဲတည်သည်ဖြစ်၍၊ ဘုန်းကြီးသော ဘုရင်များကို၎င်း လုပ်ကြံတော်မူထသော၊
and slaughtered mighty kings—
Sihon king of the Amorites
21 ၂၁ ကရုဏာတော် အစဉ်အမြဲတည်သည်ဖြစ်၍၊ သူတို့နေရာမြေကို လွှဲတော်မူထသော၊
and He gave their land as an inheritance,
22 ၂၂ ကရုဏာတော်အစဉ်အမြဲတည်သည်ဖြစ်၍၊ မိမိကျွန်ဣသရေလအမျိုးအား အမွေကို ပေးချတော်မူ ထသော၊
a heritage to His servant Israel.
23 ၂၃ ကရုဏာတော်အစဉ်အမြဲတည်သည်ဖြစ်၍၊ နှိမ့်ချလျက်နေသော ငါတို့ကိုအောက်မေ့တော်မူထသော၊
He remembered us in our low estate
24 ၂၄ ကရုဏာတော်အစဉ်အမြဲတည်သည်ဖြစ်၍၊ ငါတို့ကိုရန်သူတို့ အထဲက ရွေးနှုတ်တော်မူထသော၊
and freed us from our enemies.
25 ၂၅ ကရုဏာတော်အစဉ်အမြဲတည်သည်ဖြစ်၍၊ ခပ်သိမ်းသောသတ္တဝါတို့ကို ကျွေးမွေးတော်မူသော၊
He gives food to every creature.
26 ၂၆ ကောင်းကင်ဘုံ၏ အရှင်ဘုရားသခင်၏ ကရုဏာတော်သည် အစဉ်အမြဲတည်သောကြောင့်၊ ဂုဏ် ကျေးဇူးတော်ကို ချီးမွမ်းကြလော့။
Give thanks to the God of heaven!