< ဆာလံ 135 >
1 ၁ ထာဝရဘုရား၏ နာမတော်ကို ချီးမွမ်းကြ လော့။
Msifuni Bwana. Lisifuni jina la Bwana, msifuni, enyi watumishi wa Bwana,
2 ၂ ထာဝရဘုရား၏ အိမ်တော်၊ ငါတို့ ဘုရား သခင်၏ အိမ်တော်တန်တိုင်းတွင် အမှုစောင့်သော ထာဝရဘုရား၏ ကျွန်တော်တို့၊ ချီးမွမ်း ခြင်းကိုပြုကြ လော့။
ninyi ambao mnatumika ndani ya nyumba ya Bwana, katika nyua za nyumba ya Mungu wetu.
3 ၃ ထာဝရဘုရားသည် ကောင်းမြတ်တော်မူသော ကြောင့်၊ ထာဝရဘုရားကို ချီးမွမ်းကြလော့။ နာမတော်ကို ထောမနာသီချင်းဆိုကြလော့။ ထိုသို့သော အမှုသည် တင့်တယ်လျောက်ပတ်ပေ၏။
Msifuni Bwana, kwa kuwa Bwana ni mwema, liimbieni sifa jina lake, kwa maana hilo lapendeza.
4 ၄ အကြောင်းမူကား၊ ထာဝရဘုရားသည် ယာကုပ် အမျိုးကို ကိုယ်တော်အဘို့၎င်း၊ ဣသရေလအမျိုးကို ဘဏ္ဍာတော်ဖြစ်စေခြင်းငှါ၎င်း ရွေးကောက်တော်မူပြီ။
Kwa maana Bwana amemchagua Yakobo kuwa wake mwenyewe, Israeli kuwa mali yake ya thamani.
5 ၅ ထာဝရဘုရားသည် ကြီးတော်မူကြောင်း၊ ငါတို့ ၏ဘုရားရှင်သည် ဘုရားတကာတို့ထက် မြတ်တော် မူကြောင်းကို ငါသိ၏။
Ninajua ya kuwa Bwana ni mkuu, kwamba Bwana wetu ni mkuu kuliko miungu yote.
6 ၆ ထာဝရဘုရားသည် ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာ၊ နက်နဲရာအရပ်ရပ်တို့၌ အလိုတော်ရှိသမျှတို့ကို ပြုတော်မူ၏။
Bwana hufanya lolote apendalo, mbinguni na duniani, katika bahari na vilindi vyake vyote.
7 ၇ မြေကြီးစွန်းမှ မိုဃ်းတိမ်တို့ကို တက်စေတော် မူ၏။ မိုဃ်းနှင့်တကွ လျှပ်စစ်ကို ဖန်ဆင်းတော်မူ၏။ ဘဏ္ဍာတော်တိုက်ထဲက လေကို ထုတ်တော်မူ၏။
Hufanya mawingu kupanda kutoka miisho ya dunia; hupeleka umeme wa radi pamoja na mvua na huleta upepo kutoka ghala zake.
8 ၈ အဲဂုတ္တုပြည်၌ လူမှစ၍ တိရစ္ဆာန်တိုင်အောင် သားဦးရှိသမျှတို့ကို ဒဏ်ခတ်တော်မူ၏။
Alimuua mzaliwa wa kwanza wa Misri, mzaliwa wa kwanza wa wanadamu na wanyama.
9 ၉ အို အဲဂုတ္တုပြည်၊ သင်၏အထဲမှာ ဖာရောမင်းမှ စ၍၊ သူ၏ကျွန်အပေါင်းတို့၏အပေါ်သို့ လက္ခဏာ သက်သေ၊ အံ့ဘွယ်သောအမှုတို့ကို စေလွှတ်တော်မူ၏။
Alipeleka ishara zake na maajabu katikati yako, ee Misri, dhidi ya Farao na watumishi wake wote.
10 ၁၀ အာမောရိပြည်ကို အစိုးရသော ရှိဟုန်မင်း၊
Aliyapiga mataifa mengi, na akaua wafalme wenye nguvu:
11 ၁၁ ဗာရှန်ပြည်ကို အစိုးရ သောဩဃမင်းနှင့်တကွ၊ ဘုန်းကြီးသော ရှင်ဘုရင်များကို ကွပ်မျက်၍၊ များပြား သော လူမျိုးနှင့်တကွ၊ ခါနာန်တိုင်းနိုင်ငံအပေါင်းတို့ကို လုပ်ကြံသဖြင့်၊
Mfalme Sihoni na Waamori, Ogu mfalme wa Bashani na wafalme wote wa Kanaani:
12 ၁၂ သူတို့နေရာ မြေကိုလွှဲ၍၊ မိမိလူ ဣသရေလ အမျိုးအား အမွေကို ပေးချေတော်မူ၏။
akatoa nchi yao kuwa urithi, urithi kwa watu wake Israeli.
13 ၁၃ အိုထာဝရဘုရား၊ ကိုယ်တော်၏ အမည်သည် နိစ္စထာဝရဖြစ်ပါ၏။ အိုထာဝရဘုရား၊ ဘွဲ့နာမတော် သည် ကာလအစဉ်အဆက် တည်ပါ၏။
Ee Bwana, jina lako ladumu milele, kumbukumbu za fahari zako, Ee Bwana, kwa vizazi vyote.
14 ၁၄ ထာဝရဘုရားသည် မိမိကျွန်တို့၏ အတွက် နောင်တရ၍၊ မိမိလူစုဘက်မှ တရားစီရင်တော်မူ၏။
Maana Bwana atawathibitisha watu wake, na kuwahurumia watumishi wake.
15 ၁၅ သာသနာပလူတို့ ကိုးကွယ်သော ရုပ်တုတို့ကား ငွေလည်းဖြစ်၏။ ရွှေလည်းဖြစ်၏။ လူလက်ဖြင့် လုပ် သော အရာပေတည်း။
Sanamu za mataifa ni fedha na dhahabu, zilizotengenezwa kwa mikono ya wanadamu.
16 ၁၆ ထိုရုပ်တုတို့သည် နှုတ်ရှိ၍ စကားမပြောတတ်။ မျက်စိရှိ၍ မမြင်တတ်။
Zina vinywa, lakini haziwezi kusema, zina macho, lakini haziwezi kuona;
17 ၁၇ နားရှိ၍ မကြားတတ်။ သူတို့ပစပ်၌လည်း ထွက်သက်ဝင်သက် မရှိပါတကား။
zina masikio, lakini haziwezi kusikia, wala hakuna pumzi katika vinywa vyao.
18 ၁၈ လုပ်သော သူတို့လည်း အတူတူ၊ ကိုးစားသော သူအပေါင်းတို့လည်း အတူတူပါတကား။
Wale wanaozitengeneza watafanana nazo, vivyo hivyo wale wote wanaozitumainia.
19 ၁၉ အိုဣသရေလ အမျိုး၊ ထာဝရဘုရားကို ကောင်းကြီးပေးလော့။ အိုအာရုန် အမျိုးအနွယ်၊ ထာဝရဘုရားကို ကောင်းကြီးပေးလော့။
Ee nyumba ya Israeli, msifuni Bwana; ee nyumba ya Aroni, msifuni Bwana;
20 ၂၀ အိုလေဝိအမျိုးအနွယ်၊ ထာဝရဘုရားကို ကောင်း ကြီးပေးလော့။ ထာဝရဘုရားကို ကြောက်ရွံ့သောသူတို့၊ ထာဝရဘုရားကို ကောင်းကြီး ပေးကြလော့။
ee nyumba ya Lawi, msifuni Bwana; ninyi mnaomcha, msifuni Bwana.
21 ၂၁ ယေရုရှလင်မြို့မှာ ကျိန်းဝပ်တော်မူသော ထာဝရဘုရားသည် ဇိအုန်တောင်ပေါ်မှာ မင်္ဂလာရှိတော် မူစေသတည်း။ ဟာလေလုယ။
Msifuni Bwana kutoka Sayuni, msifuni yeye aishiye Yerusalemu. Msifuni Bwana.