< ဆာလံ 131 >
1 ၁ အိုထာဝရဘုရား၊ အကျွန်ုပ်သည် စိတ်မမြင့်ပါ။ မျက်နှာလည်း မမော်ပါ။ ကိုယ်နှင့်မတန်၊ ကြီးမြင့်သော အမှုတို့၌ မကျင်လည်ပါ။
၁အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်မာန်မာနကိုစွန့်ပယ် ပါပြီ။ မောက်မာမှုကိုလည်းပယ်ရှားပါပြီ။ ကျွန်တော်မျိုးသည်ကြီးကျယ်လှသည့် အမှုများတွင်သော်လည်းကောင်း၊ မိမိသိရှိနားလည်ရန်ခက်ခဲလှသော အကြောင်းအရာများတွင်သော်လည်းကောင်း စိတ်မဝင်စားတော့ပါ။
2 ၂ အကယ်စင်စစ် အကျွန်ုပ်သည် အမိနို့နှင့် ကွာ သော သူငယ်ကဲ့သို့၊ ကိုယ်စိတ်ကို ဖြေ၍ ငြိမ်းစေပါပြီ။ အကျွန်ုပ်စိတ်နှလုံးသည် နို့ကွာသော သူငယ်ကဲ့သို့ ဖြစ်ပါ ၏။
၂ကျွန်တော်မျိုးသည်ကျေနပ်ရောင့်ရဲလျက် မိမိစိတ်ကိုငြိမ်းအေးစေပါပြီ။ ကလေးငယ်သည်မိခင်၏ရင်ခွင်၌ ငြိမ်သက်စွာအိပ်နေသကဲ့သို့ ကျွန်တော်မျိုး၏စိတ်နှလုံးသည်လည်း ငြိမ်သက်လျက်ရှိပါပြီ။
3 ၃ ဣသရေလအမျိုးသည် ယခုမှစ၍၊ ကာလ အစဉ်မပြတ် ထာဝရဘုရားကို မြော်လင့်ပါစေ။
၃အို ဣသရေလ၊ယခုမှအစပြု၍ ကာလအစဉ်အဆက်ထာဝရဘုရားကို ကိုးစားလော့။