< ဆာလံ 129 >

1 ငယ်သောအရွယ်မှစ၍၊ ကြိမ်ဖန်များစွာ ငါ့ကို သူတပါးတို့သည် ညှဉ်းဆဲကြပြီဟူသော စကားနှင့်ချီ၍၊ ဣသရေလအမျိုးဆိုရသော စကားဟူမူကား၊
Een bedevaartslied. Van jongs af heeft men wreed mij mishandeld, Mag Israël wel zeggen;
2 ငယ်သောအရွယ်မှစ၍၊ ကြိမ်ဖန်များစွာ ငါ့ကို သူတပါးတို့သည် ညှဉ်းဆဲကြပြီ။ သို့သော်လည်း ငါ့ကို မနိုင်ကြ။
Mij hardvochtig gekweld sinds mijn jeugd, Maar nooit mij gebroken.
3 ထွန်သော သူတို့သည် ငါ့ကျောပေါ်မှာ ထွန်၍၊ ရှည်သော ထွန်ကြောင်းတို့ကို ဖြစ်စေကြ၏။
Ploegers hebben mijn rug beploegd, En lange voren getrokken;
4 ထာဝရဘုရားသည် ဖြောင့်မတ်တော်မူ၏။ မတရားသော သူတို့၏ ကြိုးတို့ကို ဖြတ်တော်မူပြီ။
Maar Jahweh bleef trouw: De riemen der bozen sneed Hij stuk.
5 ဇိအုန်မြို့ကို မုန်းသောသူအပေါင်းတို့သည် ရှက်ကြောက်၍ လှန်ခြင်းကို ခံရကြပါစေ။
Beschaamd moeten vluchten Alle haters van Sion.
6 အိမ်မိုးပေါ်မှာ ပေါက်၍၊ အဘယ်သူမျှ မနှုတ်ဘဲ ညှိုးနွမ်းတတ် သော မြက်ပင်ကဲ့သို့ဖြစ်ကြပါစေ။
Ze zullen worden als gras op de daken, Dat vóór het opschiet, verdort;
7 ထိုမြက်ပင်ကို ရိတ်သောသူသည် လက်တဆုပ်မျှ မရ။ စည်းသောသူလည်း လက်တပွေ့မျှမရ။
Waarmee geen maaier zijn hand kan vullen, Geen hooier zijn arm.
8 လမ်း၌ ရှောက်သွားသော သူတို့ကလည်း၊ ထာဝရဘုရားပေးတော်မူသော မင်္ဂလာသက်ရောက်ပါ စေသော။ ထာဝရဘုရား၏ နာမတော်ကို အမှီပြု၍၊ သင်တို့ကို ကောင်းကြီးပေးကြ၏ဟု မပြောမဆိုရကြ။
En niemand zal in het voorbijgaan zeggen: "De zegen van Jahweh over u; Wij zegenen u in Jahweh’s Naam!"

< ဆာလံ 129 >