< ဆာလံ 127 >

1 ထာဝရဘုရားသည် အိမ်ကို ဆောက်တော်မမူ လျှင်၊ ဆောက်သော သူတို့သည် အချည်းနှီးလုပ်ဆောင် ကြ၏။ ထာဝရဘုရားသည် မြို့ကို စောင့်တော်မမူလျှင်၊ ကင်းစောင့်တို့သည် အချည်းနှီးစောင့်ကြ၏။
ထာဝရဘုရား သည် အိမ် ကို ဆောက် တော်မ မူ လျှင် ၊ ဆောက် သောသူတို့ သည် အချည်းနှီး လုပ်ဆောင် ကြ၏။ ထာဝရဘုရား သည် မြို့ ကို စောင့် တော်မ မူလျှင် ၊ ကင်း စောင့်တို့သည် အချည်းနှီး စောင့် ကြ၏။
2 စောစောထလျက်၊ ညဉ့်နက်သည်တိုင်အောင် မအိပ်ဘဲနေလျက်၊ ပင်ပန်းစွာ အစာစားလျက်နေသော် လည်း အကျိုးမရှိ။ အိပ်ပျော်ရသော အခွင့်ကို ချစ်တော်မူ သော သူအားအမှန်ပေးတော်မူ၏။
စောစော ထလျက်၊ ညဉ့်နက်သည်တိုင်အောင်မအိပ်ဘဲနေလျက်၊ ပင်ပန်း စွာ အစာ စား လျက်နေ သော်လည်း အကျိုး မရှိ။ အိပ်ပျော် ရသောအခွင့်ကို ချစ် တော်မူသောသူအား အမှန်ပေး တော်မူ၏။
3 ဘွားမြင်သော သားသမီးတို့သည်ထာဝရဘုရား ဆုချ၍ ပေးသနားတော်မူသော အမွေဥစ္စာဖြစ်ကြ၏။
ဘွား မြင်သော သား သမီးတို့သည်ထာဝရဘုရား ဆု ချ၍ ပေးသနားတော်မူသောအမွေ ဥစ္စာဖြစ်ကြ၏။
4 အသက်ပျိုစဉ်၊ ဘွားမြင်သော သားသမီးတို့ သည် သူရဲလက်၌ ရှိသောမြှားကဲ့သို့ ဖြစ်ကြ၏။
အသက် ပျိုစဉ်၊ ဘွားမြင်သော သားသမီး တို့ သည် သူရဲ လက် ၌ ရှိသောမြှား ကဲ့သို့ ဖြစ်ကြ၏။
5 မိမိမြှားတောင့်ကို သူတို့နှင့်ပြည့်စေသောသူ သည် မင်္ဂလာရှိ၏။ သူတို့သည် ရှက်ကြောက်ခြင်းမရှိ။ ရန်သူတို့ကို တံခါးဝ၌ ဆီးတားကြလိမ့်မည်။
မိမိ မြှား တောင့်ကို သူ တို့နှင့် ပြည့် စေသောသူ သည် မင်္ဂလာ ရှိ၏။ သူတို့သည် ရှက်ကြောက်ခြင်းမ ရှိ။ ရန်သူ တို့ကို တံခါး ဝ၌ ဆီးတား ကြလိမ့်မည်။

< ဆာလံ 127 >