< ဆာလံ 127 >
1 ၁ ထာဝရဘုရားသည် အိမ်ကို ဆောက်တော်မမူ လျှင်၊ ဆောက်သော သူတို့သည် အချည်းနှီးလုပ်ဆောင် ကြ၏။ ထာဝရဘုရားသည် မြို့ကို စောင့်တော်မမူလျှင်၊ ကင်းစောင့်တို့သည် အချည်းနှီးစောင့်ကြ၏။
Ein Stufenlied, von Salomo. - Wenn nicht der Herr das Haus mitbaut, so mühen sich die Bauleute vergebens. Wenn nicht der Herr die Stadt mithütet, so wacht umsonst der Wächter.
2 ၂ စောစောထလျက်၊ ညဉ့်နက်သည်တိုင်အောင် မအိပ်ဘဲနေလျက်၊ ပင်ပန်းစွာ အစာစားလျက်နေသော် လည်း အကျိုးမရှိ။ အိပ်ပျော်ရသော အခွင့်ကို ချစ်တော်မူ သော သူအားအမှန်ပေးတော်မူ၏။
Vergeblich steht ihr mit der Morgenröte auf und legt euch spät am Abend nieder, der Fronarbeiter Brot verzehrend! Zur Schlafenszeit gibt er das Rechte seinem Liebling.
3 ၃ ဘွားမြင်သော သားသမီးတို့သည်ထာဝရဘုရား ဆုချ၍ ပေးသနားတော်မူသော အမွေဥစ္စာဖြစ်ကြ၏။
Seht! Söhne sind des Herren Gabe und Leibesfrucht Belohnung.
4 ၄ အသက်ပျိုစဉ်၊ ဘွားမြင်သော သားသမီးတို့ သည် သူရဲလက်၌ ရှိသောမြှားကဲ့သို့ ဖြစ်ကြ၏။
Wie Pfeile in des Kriegers Hand sind diese jugendlichen Söhne.
5 ၅ မိမိမြှားတောင့်ကို သူတို့နှင့်ပြည့်စေသောသူ သည် မင်္ဂလာရှိ၏။ သူတို့သည် ရှက်ကြောက်ခြင်းမရှိ။ ရန်သူတို့ကို တံခါးဝ၌ ဆီးတားကြလိမ့်မည်။
Dem Manne Heil, der ihrer gar viel im Köcher hat! Sie werden nicht zuschanden, wenn sie mit Feinden an dem Tore streiten.