< ဆာလံ 126 >
1 ၁ ဘမ်းသွားချုပ်ထားသော ဇိအုန်သားတို့ကို ထာဝရဘုရား ပြန်လာစေတော်မူသောအခါ၊ ငါတို့သည် အိပ်မက်သောသူကဲ့သို့ ဖြစ်ကြ၏။
[the] song of The ascents when restored Yahweh [the] restoration of Zion we were like [those who] dream.
2 ၂ ထိုအခါ ငါတို့နှုတ်သည် ရယ်ခြင်းနှင့်၎င်း၊ ငါတို့ လျှာသည် သီချင်းဆိုခြင်းနှင့်၎င်း ပြည့်ဝ၏။ တပါးအမျိုး သားတို့ကလည်း၊ ထာဝရဘုရားသည် သူတို့အဘို့ ကြီးသောအမှုကို ပြုတော်မူပြီဟု ဆိုကြ၏။
Then it was filled laughter mouth our and tongue our a shout of joy then people said among the nations he has made great Yahweh to do with these [people].
3 ၃ ထာဝရဘုရားသည် ငါတို့အဘို့ ကြီးသောအမှုကို ပြုတော်မူပြီ။ ငါတို့သည်လည်း ဝမ်းမြောက်လျက် နေကြ ၏။
He has made great Yahweh to do with us we were joyful.
4 ၄ အိုထာဝရဘုရား၊ ဘမ်းသွားချုပ်ထားခြင်းကို ခံရသော အကျွန်ုပ်တို့ကို တောင်မျက်နှာ ချောင်းရေကဲ့သို့ တဖန်ပြန်လာစေတော်မူပါ။
Turn back! O Yahweh (captivity our *Q(k)*) like stream-beds in the Negev.
5 ၅ မျက်ရည်ကျလျက် မျိုးစေ့ကြဲသောသူတို့သည် ရွှင်လန်းလျက် စပါးရိတ်ကြလိမ့်မည်။
Those [who] sow with tear[s] with a shout of joy they will reap.
6 ၆ မျက်ရည်ကျလျက် ကြဲရန် မျိုးစေ့ကို ဆောင်၍ ထွက်သွားသော သူသည်၊ ကောက်လှိုင်းများကို ဆောင် လျက် ရွှင်လန်းသောစိတ်နှင့် အမှန်ပြန်လာလိမ့်မည်။
Certainly he will go - and weeping carrying bag of seed certainly he will come with a shout of joy carrying sheaves his.