< ဆာလံ 125 >
1 ၁ ထာဝရဘုရားကို ခိုလှုံသော သူတို့သည် မတုန် မလှုပ်၊ အစဉ်အမြဲတည်သော ဇိအုန်တောင်ကဲ့သို့ ဖြစ်ကြ ၏။
A SONG OF THE ASCENTS. Those trusting in YHWH [are] as Mount Zion, It is not moved—it abides for all time.
2 ၂ တောင်ရိုးတို့သည် ယေရုရှလင်မြို့ကို ဝန်းရံ သကဲ့သို့၊ ထာဝရဘုရားသည် မိမိလူတို့ကို ယခုမှစ၍၊ ကာလအစဉ်မပြတ်ဝန်းရံတော်မူ၏။
Jerusalem! Mountains [are] around her, And YHWH [is] around His people, From now on—even for all time.
3 ၃ ဖြောင့်မတ်သော သူတို့သည် ဒုစရိုက်ကို ပြုသော အခွင့်မရှိစေခြင်းငှါ၊ မတရားသောသူတို့၏ လှံတံသည် ဖြောင့်မတ်သော သူတို့၏ အမွေခံရာအဘို့အပေါ်မှာ မတည်မနေရ။
For the rod of wickedness does not rest on the lot of the righteous, That the righteous do not put forth their hands on iniquity.
4 ၄ အိုထာဝရဘုရား၊ ကောင်းသောသူ၊ သဘော ဖြောင့်သော သူတို့အား ကျေးဇူးပြုတော်မူပါ။
Do good, O YHWH, to the good, And to the upright in their hearts.
5 ၅ ကောက်သောလမ်းများသို့ လွှဲသွားသော သူတို့ ကိုကား၊ ထာဝရဘုရားသည် မတရားသဖြင့်ပြုသော သူတို့နှင့်အတူ ထုတ်သွားတော်မူမည်။ ဣသရေလအမျိုး ၌ ငြိမ်ဝပ်ခြင်း ရှိပါစေသော။
As for those turning [to] their crooked ways, YHWH causes them to go with workers of iniquity. Peace on Israel!