< ဆာလံ 124 >
1 ၁ ထာဝရဘုရားသည် ငါတို့ဘက်မှာ ရှိတော် မမူလျှင်ဟူသော စကားနှင့် ချီ၍၊ ဣသရေလအမျိုးဆိုရ သောစကား ဟူမူကား၊
Se não fôra o Senhor, que esteve ao nosso lado, ora diga Israel;
2 ၂ ထာဝရဘုရားသည် ငါတို့ဘက်မှာ ရှိတော် မမူလျှင်၊ လူတို့သည် ငါတို့ရန်ဘက်၌ နေကြသောအခါ၊
Se não fôra o Senhor, que esteve ao nosso lado, quando os homens se levantaram contra nós,
3 ၃ အမျက်ထွက်၍ ငါတို့ကို အသက်နှင့်တကွ မျိုကြပြီတကား။
Elles então nos teriam engulido vivos, quando a sua ira se accendesse contra nós.
4 ၄ ထိုအခါ ငါတို့ကို ရေသည်၊ လွှမ်းမိုး၍ စီးသော ရေသည် ငါတို့ဝိညာဉ်အပေါ်မှာ ကျော်သွားပြီ တကား။
Então as aguas teriam trasbordado sobre nós, e a corrente teria passado sobre a nossa alma;
5 ၅ စော်ကားသော ရေတို့သည် ငါတို့အသက် ဝိညာဉ်အပေါ်မှာ ကျော်သွားကြပြီတကား။
Então as aguas altivas teriam passado sobre a nossa alma.
6 ၆ သူတို့သွားနှင့် ကိုက်ခဲရာဘို့ ငါတို့ကို အပ်တော် မမူသော ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေ သတည်း။
Bemdito seja o Senhor, que não nos deu por preza aos seus dentes.
7 ၇ ငှက်သည် မုဆိုးတို့၏ ကျော့ကွင်းထဲက လွတ် သကဲ့သို့၊ ငါတို့အသက်သည် လွတ်လျက်ရှိ၏။ ကျော့ကွင်း ပြတ်၍ ငါတို့သည် လွတ်ကြပြီ။
A nossa alma escapou, como um passaro do laço dos passarinheiros; o laço quebrou-se, e nós escapámos.
8 ၈ ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော် မူသော ထာဝရဘုရား၏ နာမတော်အားဖြင့်၊ ငါတို့သည် မစခြင်းကျေးဇူးကို ခံရကြသတည်း။
O nosso soccorro está no nome do Senhor, que fez o céu e a terra.