< ဆာလံ 122 >
1 ၁ ငါတို့သည် ထာဝရဘုရား၏ အိမ်တော်သို့ သွားကြကုန်အံ့ဟု သူတပါးတို့သည် ပြောကြသောအခါ၊ ငါသည် ဝမ်းမြောက်ခြင်းရှိ၏။
Cantique des montées. De David. J’ai été dans la joie quand on m’a dit: « Allons à la maison de Yahweh! »
2 ၂ အို ယေရုရှလင်မြို့၊ သင်၏တံခါးတို့အတွင်း၌ ငါတို့သည်ရပ်၍ နေကြလိမ့်မည်။
Enfin! Nos pieds s’arrêtent à tes portes, Jérusalem!
3 ၃ ယေရုရှလင်မြို့သည် စေ့စပ်သော မြို့ကဲ့သို့ တည်၏။
Jérusalem, tu es bâtie comme une ville où tout se tient ensemble.
4 ၄ အမျိုးအနွှယ်တို့သည် ထိုမြို့သို့တက်ကြ၏။ ဣသရေလအမျိုး ထုံးစံရှိသည်အတိုင်း၊ ထာဝရဘုရား၏ အမျိုးအနွယ်တို့သည် ထာဝရဘုရား၏ နာမတော်ကို ချီးမွမ်းခြင်းငှါ တက်သွားကြ၏။
Là montent les tribus, les tribus de Yahweh, selon la loi d’Israël, pour louer le nom de Yahweh.
5 ၅ ထိုမြို့၌ တရားစီရင်ရာပလ္လင်၊ ဒါဝိဒ်မင်းမျိုး၏ ရာဇပလ္လင်တို့ သည်တည်ကြ၏။
Là sont établis des sièges pour le jugement, les sièges de la maison de David.
6 ၆ ယေရုရှလင်မြို့ ငြိမ်ဝပ်မည်အကြောင်း ဆု တောင်းကြလော့။ ထိုမြို့ကို မြတ်နိုးစုံမက်သော သူတို့သည် ချမ်းသာရကြပါစေသော။
Faites des vœux pour Jérusalem: Qu’ils soient heureux ceux qui t’aiment!
7 ၇ သင်၏မြို့ရိုးအတွင်း၌ ငြိမ်ဝပ်ခြင်း၊ သင်၏ဘုံ ဗိမာန်တို့၌ ချမ်းသာခြင်းရှိပါစေသော။
Que la paix règne dans tes murs, la prospérité dans tes palais!
8 ၈ သင်၌ငြိမ်ဝပ်ခြင်းရှိပါစေသောဟု ငါသည် ညီအစ်ကိုအတွက်၊ အဆွေခင်ပွန်းတို့အတွက် ပြောဆို ပါမည်။
A cause de mes frères et de mes amis, je demande pour toi la paix;
9 ၉ ငါတို့ဘုရားသခင် ထာဝရဘုရား၏ အိမ်တော် ကို ထောက်၍၊ သင်၏အကျိုးကို ရှာပါမည်။
à cause de la maison de Yahweh, notre Dieu, je désire pour toi le bonheur.