< ဆာလံ 120 >
1 ၁ အကျွန်ုပ်သည် ဆင်းရဲခံရသောအခါ ထာဝရ ဘုရားကို အော်ဟစ်၍၊ ထာဝရဘုရားသည် နားထောင် တော်မူ၏။
Matkalaulu. Ahdistuksessani minä huudan Herraa, ja hän vastaa minulle.
2 ၂ အိုထာဝရဘုရား၊ အကျွန်ုပ်အသက်ကို သစ္စာ မရှိသော နှုတ်မှ၎င်း၊ လှည့်စားတတ်သော လျှာမှ၎င်း ကယ်နှုတ်တော်မူပါ။
Herra, pelasta minun sieluni valheellisista huulista, petollisesta kielestä.
3 ၃ အိုလှည့်စားတတ်သောလျှာ၊ သင်သည်အဘယ် ကျေးဇူးရှိ သနည်း။ အဘယ်အကျိုးကိုခံရသနည်း။
Mitä hän sinulle antaa ja mitä siihen vielä lisää, sinä petollinen kieli?
4 ၄ အားကြီးသော သူ၏ ထက်သောမြှားကဲ့သို့၎င်း၊ ရသမ်သစ်သား မီးခဲကဲ့သို့၎င်းဖြစ်၏။
Väkivaltaisen teräviä nuolia ynnä kinsteripensaan tulisia hiiliä!
5 ၅ ငါသည် မေရှက်ပြည်၌ တည်းခို၍၊ ကေဒါတဲ၌ နေရသည် အရာမှာ အမင်္ဂလာရှိ၏။
Voi minua, että minun täytyy oleskella muukalaisena Mesekissä, asua Keedarin majojen keskellä!
6 ၆ ငြိမ်သက်ခြင်းကို မုန်းသော သူတို့နှင့်အတူ၊ ငါ့ဝိညာဉ်သည် ကြာမြင့်စွာနေရပါသည်တကား။
Kauan on minun sieluni täytynyt asua niiden seurassa, jotka rauhaa vihaavat.
7 ၇ ငါသည် ငြိမ်သက်ခြင်းဘက်မှာနေ၏။ ငါပြော လျှင်မူကား၊ သူတို့သည် စစ်တိုက်ခြင်းငှါ အလိုရှိကြ၏။
Minä pidän rauhan, mutta jos sanan sanon, niin he ovat sotaan valmiit.