< ဆာလံ 120 >

1 အကျွန်ုပ်သည် ဆင်းရဲခံရသောအခါ ထာဝရ ဘုရားကို အော်ဟစ်၍၊ ထာဝရဘုရားသည် နားထောင် တော်မူ၏။
“A psalm of steps.” In my distress I called upon the LORD, And he answered me.
2 အိုထာဝရဘုရား၊ အကျွန်ုပ်အသက်ကို သစ္စာ မရှိသော နှုတ်မှ၎င်း၊ လှည့်စားတတ်သော လျှာမှ၎င်း ကယ်နှုတ်တော်မူပါ။
O LORD! deliver me from lying lips, From the deceitful tongue!
3 အိုလှည့်စားတတ်သောလျှာ၊ သင်သည်အဘယ် ကျေးဇူးရှိ သနည်း။ အဘယ်အကျိုးကိုခံရသနည်း။
What profit to thee, Or what advantage to thee, is the false tongue?
4 အားကြီးသော သူ၏ ထက်သောမြှားကဲ့သို့၎င်း၊ ရသမ်သစ်သား မီးခဲကဲ့သို့၎င်းဖြစ်၏။
It is like the sharp arrows of the mighty man; Like coals of the juniper.
5 ငါသည် မေရှက်ပြည်၌ တည်းခို၍၊ ကေဒါတဲ၌ နေရသည် အရာမှာ အမင်္ဂလာရှိ၏။
Alas for me, that I sojourn in Mesech, That I dwell in the tents of Kedar!
6 ငြိမ်သက်ခြင်းကို မုန်းသော သူတို့နှင့်အတူ၊ ငါ့ဝိညာဉ်သည် ကြာမြင့်စွာနေရပါသည်တကား။
Too long have I dwelt With them that hate peace!
7 ငါသည် ငြိမ်သက်ခြင်းဘက်မှာနေ၏။ ငါပြော လျှင်မူကား၊ သူတို့သည် စစ်တိုက်ခြင်းငှါ အလိုရှိကြ၏။
I am for peace; yet, when I speak for it, They are for war.

< ဆာလံ 120 >