< ဆာလံ 12 >

1 အိုထာဝရဘုရား၊ ကယ်တင်တော်မူပါ။ သူတော် ကောင်းမျိုးသည် ပြတ်၍ သစ္စာရှိသောလူမျိုးသည် လူသားတို့တွင် ကွယ်ပျောက်ပါ၏။
အိုထာဝရဘုရား ၊ ကယ်တင် တော်မူပါ။ သူတော်ကောင်း မျိုးသည် ပြတ် ၍ သစ္စာရှိ သောလူမျိုးသည် လူ သား တို့တွင် ကွယ်ပျောက် ပါ၏။
2 အိမ်နီးချင်းတို့သည် တဦးကိုတဦး မုသာသုံး၍ ချော့မော့သော နှုတ်ခမ်း၊ နှစ်ခွသော စိတ်နှင့်ပြောတတ် ကြပါ၏။
အိမ်နီးချင်း တို့သည် တ ဦးကိုတဦးမုသာ သုံး၍ ချော့မော့ သော နှုတ်ခမ်း ၊ နှစ်ခွ သောစိတ် နှင့် ပြော တတ် ကြပါ၏။
3 ငါတို့သည် ကိုယ်လျှာအားဖြင့် နိုင်မည်။
ငါတို့သည် ကိုယ် လျှာ အားဖြင့် နိုင် မည်။ကိုယ် နှုတ်ခမ်း သည် ကိုယ်အမှုကိုစောင့်လိမ့်မည်။
4 ကိုယ်နှုတ်ခမ်းသည် ကိုယ်အမှုကို စောင့်လိမ့် မည်။ ငါတို့၏သခင်ကား အဘယ်သူနည်းဟု ပြောဆို သော သူတို့၏ ချော့မော့သော နှုတ်ခမ်းနှင့် ဝါကြွားသော လျှာရှိသမျှတို့ကို ထာဝရဘုရားသည် ဖြတ်တော်မူမည်။
ငါ တို့၏ သခင် ကား အဘယ်သူ နည်းဟု ပြောဆို သော သူတို့၏ချော့မော့ သောနှုတ်ခမ်း နှင့် ဝါကြွား သောလျှာ ရှိသမျှ တို့ကို ထာဝရဘုရား သည် ဖြတ် တော်မူမည်။
5 ဆင်းရဲသောသူသည် ခံရသောညှဉ်းဆဲခြင်း၊ ငတ်မွတ်သောသူ၏ ငိုကြွေးခြင်းကြောင့် ယခုငါထမည်။ ကဲ့ရဲ့ခြင်းကိုခံရသော သူအား ချမ်းသာပေးမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
ဆင်းရဲ သောသူသည် ခံရသောညှဉ်းဆဲ ခြင်း၊ ငတ်မွတ် သောသူ၏ ငိုကြွေး ခြင်းကြောင့် ယခု ငါထ မည်။ ကဲ့ရဲ့ ခြင်းကိုခံရသောသူ အား ချမ်းသာ ပေးမည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
6 ထာဝရဘုရား မိန့်တော်မူချက်တို့သည် သန့်ရှင်း ခြင်းရှိ၍ မြေနှင့် ကင်းစင်စေခြင်းငှါ၊ မိုက်၌ခုနစ်ကြိမ် စစ်သော ငွေကဲ့သို့ဖြစ်ကြ၏။
ထာဝရဘုရား မိန့် တော်မူချက်တို့သည် သန့်ရှင်း ခြင်းရှိ၍၊ မြေ နှင့် ကင်းစင် စေခြင်းငှါ၊ မိုက် ၌ ခုနစ် ကြိမ် စစ် သော ငွေ ကဲ့သို့ဖြစ်ကြ၏။
7 အိုထာဝရဘုရား၊ ကိုယ်တော်သည် ထိုသူတို့ကို ဤလူမျိုးမှ အစဉ်ကာကွယ်စောင့်မတော်မူမည်။
အိုထာဝရဘုရား ၊ ကိုယ်တော် သည် ထိုသူ တို့ကို ဤလူမျိုး မှ အစဉ် ကာကွယ် စောင့်မ တော်မူမည်။
8 ဆိုးယုတ်သောသူတို့သည် ချီးမြှောက်ခြင်းသို့ ရောက်သည် ကာလ၊ မတရားသောသူတို့သည် အရပ်ရပ် လှည့်လည်ရသော အခွင့်ရှိကြ၏။
ဆိုးယုတ် သောသူ တို့သည် ချီးမြှောက် ခြင်းသို့ ရောက်သည် ကာလ ၊ မတရား သောသူတို့သည် အရပ်ရပ် လှည့် လည်ရသောအခွင့်ရှိကြ၏။

< ဆာလံ 12 >