< ဆာလံ 12 >
1 ၁ အိုထာဝရဘုရား၊ ကယ်တင်တော်မူပါ။ သူတော် ကောင်းမျိုးသည် ပြတ်၍ သစ္စာရှိသောလူမျိုးသည် လူသားတို့တွင် ကွယ်ပျောက်ပါ၏။
Al Capo de’ musici. Sopra l’ottava. Salmo di Davide. Salva, o Eterno, poiché l’uomo pio vien meno, e i fedeli vengono a mancare tra i figliuoli degli uomini.
2 ၂ အိမ်နီးချင်းတို့သည် တဦးကိုတဦး မုသာသုံး၍ ချော့မော့သော နှုတ်ခမ်း၊ နှစ်ခွသော စိတ်နှင့်ပြောတတ် ကြပါ၏။
Ciascuno mentisce parlando col prossimo; parlano con labbro lusinghiero e con cuor doppio.
3 ၃ ငါတို့သည် ကိုယ်လျှာအားဖြင့် နိုင်မည်။
L’Eterno recida tutte le labbra lusinghiere, la lingua che parla alteramente,
4 ၄ ကိုယ်နှုတ်ခမ်းသည် ကိုယ်အမှုကို စောင့်လိမ့် မည်။ ငါတို့၏သခင်ကား အဘယ်သူနည်းဟု ပြောဆို သော သူတို့၏ ချော့မော့သော နှုတ်ခမ်းနှင့် ဝါကြွားသော လျှာရှိသမျှတို့ကို ထာဝရဘုရားသည် ဖြတ်တော်မူမည်။
quelli che dicono: Con le nostre lingue prevarremo; le nostre labbra sono per noi; chi sarà signore su noi?
5 ၅ ဆင်းရဲသောသူသည် ခံရသောညှဉ်းဆဲခြင်း၊ ငတ်မွတ်သောသူ၏ ငိုကြွေးခြင်းကြောင့် ယခုငါထမည်။ ကဲ့ရဲ့ခြင်းကိုခံရသော သူအား ချမ်းသာပေးမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
Per l’oppressione dei miseri, per il grido d’angoscia de’ bisognosi, ora mi leverò, dice l’Eterno; darò loro la salvezza alla quale anelano.
6 ၆ ထာဝရဘုရား မိန့်တော်မူချက်တို့သည် သန့်ရှင်း ခြင်းရှိ၍ မြေနှင့် ကင်းစင်စေခြင်းငှါ၊ မိုက်၌ခုနစ်ကြိမ် စစ်သော ငွေကဲ့သို့ဖြစ်ကြ၏။
Le parole dell’Eterno son parole pure, sono argento affinato in un crogiuolo di terra, purificato sette volte.
7 ၇ အိုထာဝရဘုရား၊ ကိုယ်တော်သည် ထိုသူတို့ကို ဤလူမျိုးမှ အစဉ်ကာကွယ်စောင့်မတော်မူမည်။
Tu, o Eterno, li proteggerai, li preserverai da questa generazione in perpetuo.
8 ၈ ဆိုးယုတ်သောသူတို့သည် ချီးမြှောက်ခြင်းသို့ ရောက်သည် ကာလ၊ မတရားသောသူတို့သည် အရပ်ရပ် လှည့်လည်ရသော အခွင့်ရှိကြ၏။
Gli empi vanno attorno da tutte le parti quando la bassezza siede in alto tra i figliuoli degli uomini.