< ဆာလံ 118 >

1 ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၍၊ ကရုဏာတော် အစဉ်အမြဲ တည်သောကြောင့်၊ ဂုဏ်ကျေးဇူး တော်ကို ချီးမွမ်းကြလော့။
הוֹדוּ לַיהֹוָה כִּי־טוֹב כִּי לְעוֹלָם חַסְדּֽוֹ׃
2 ကရုဏာတော် အစဉ်အမြဲတည်သည်ဟု ဣသ ရေလအမျိုး ဝန်ခံစေ။
יֹאמַר־נָא יִשְׂרָאֵל כִּי לְעוֹלָם חַסְדּֽוֹ׃
3 ကရုဏာတော် အစဉ်အမြဲတည်သည်ဟု အာရုန် အနွှယ် ဝန်ခံစေ။
יֹאמְרוּ־נָא בֵֽית־אַהֲרֹן כִּי לְעוֹלָם חַסְדּֽוֹ׃
4 ကရုဏာတော် အစဉ်အမြဲတည်သည်ဟု ထာဝရဘုရားကို ကြောက်ရွံ့သော သူတို့သည် ဝန်ခံကြ စေ။
יֹאמְרוּ־נָא יִרְאֵי יְהֹוָה כִּי לְעוֹלָם חַסְדּֽוֹ׃
5 ငါသည် ကျဉ်းမြောင်းရာထဲက ထာဝရဘုရားကို ခေါ်၍၊ ထာဝရဘုရားသည် ကျယ်ဝန်းသော အရပ်ထဲသို့ သွင်းတော်မူ၏။
מִֽן־הַמֵּצַר קָרָאתִי יָּהּ עָנָנִי בַמֶּרְחָב יָֽהּ׃
6 ထာဝရဘုရားသည် ငါ့ဘက်မှာ ရှိတော်မူသည် ဖြစ်၍ ကြောက်စရာမရှိ။ လူသည် ငါ၌ အဘယ်သို့ ပြုနိုင်သနည်း။
יְהֹוָה לִי לֹא אִירָא מַה־יַּעֲשֶׂה לִי אָדָֽם׃
7 ထာဝရဘုရားသည် ငါ့ဘက်၌ မစတော်မူသည် ဖြစ်၍၊ ငါ့ကို မုန်းသောသူတို့၌ ငါ့အလိုပြည့်စုံလိမ့်မည်။
יְהֹוָה לִי בְּעֹזְרָי וַאֲנִי אֶרְאֶה בְשֹׂנְאָֽי׃
8 ထာဝရဘုရား၌ ခိုလှုံခြင်းသည်၊ လူကို ကိုးစား ခြင်းထက် သာ၍ ကောင်း၏။
טוֹב לַחֲסוֹת בַּיהֹוָה מִבְּטֹחַ בָּאָדָֽם׃
9 ထာဝရဘုရား၌ ခိုလှုံခြင်းသည် မင်းကို ကိုးစား ခြင်းထက် သာ၍ကောင်း၏။
טוֹב לַחֲסוֹת בַּיהֹוָה מִבְּטֹחַ בִּנְדִיבִֽים׃
10 ၁၀ လူမျိုးအပေါင်းတို့သည် ငါ့ကိုဝိုင်းကြသော်လည်း၊ ထာဝရဘုရား၏ နာမတော်အားဖြင့် သူတို့ကို ပယ်ဖြတ် ရ၏။
כׇּל־גּוֹיִם סְבָבוּנִי בְּשֵׁם יְהֹוָה כִּי אֲמִילַֽם׃
11 ၁၁ ငါ့ကိုဝိုင်းကြ၏။ ဝိုင်းကြသော်လည်း၊ ထာဝရ ဘုရား၏ နာမတော်အားဖြင့် သူတို့ကို ပယ်ဖြတ်ရ၏။
סַבּוּנִי גַם־סְבָבוּנִי בְּשֵׁם יְהֹוָה כִּי אֲמִילַֽם׃
12 ၁၂ ပျားများကဲ့သို့ ငါ့ကိုဝိုင်း၍ အုံကြသော်လည်း၊ ဆူးပင်ကို လောင်သော မီးကဲ့သို့ ငြိမ်းကြ၏။ ထာဝရ ဘုရား၏ နာမတော်အားဖြင့် သူတို့ကို ပယ်ဖြတ်ရ၏။
סַבּוּנִי כִדְבוֹרִים דֹּעֲכוּ כְּאֵשׁ קוֹצִים בְּשֵׁם יְהֹוָה כִּי אֲמִילַֽם׃
13 ၁၃ သင်သည် ငါ့ကိုလှဲခြင်းငှါ ပြင်းထန်စွာ တွန်း သော်လည်း၊ ထာဝရဘုရားသည် ငါ့ကိုမစတော်မူ၏။
דַּחֹה דְחִיתַנִי לִנְפֹּל וַיהֹוָה עֲזָרָֽנִי׃
14 ၁၄ ထာဝရဘုရားသည် ငါ၏အစွမ်းသတ္တိ၊ ငါသီချင်း ဆိုရာအကြောင်း၊ ငါ့ကို ကယ်တင်ခြင်းအကြောင်း ဖြစ်တော်မူ၏။
עׇזִּי וְזִמְרָת יָהּ וַֽיְהִי־לִי לִישׁוּעָֽה׃
15 ၁၅ ဖြောင့်မတ်သော သူတို့၏ နေရာ၌ ဝမ်းမြောက် ခြင်းအသံနှင့် ကယ်တင်ခြင်းအသံရှိ၏။ ထာဝရဘုရား၏ လက်ျာလက်တော်သည် ကြီးသောအမှုကိုပြု၏။
קוֹל ׀ רִנָּה וִישׁוּעָה בְּאׇהֳלֵי צַדִּיקִים יְמִין יְהֹוָה עֹשָׂה חָֽיִל׃
16 ၁၆ ထာဝရဘုရား၏ လက်ျာလက်တော်သည် ချီးမြှင့်လျက်ရှိ၏။ ထာဝရဘုရား၏ လက်ျာလက်တော် သည် ကြီးသောအမှုကိုပြု၏။
יְמִין יְהֹוָה רוֹמֵמָה יְמִין יְהֹוָה עֹשָׂה חָֽיִל׃
17 ၁၇ ငါမသေရသေး။ အသက်ရှင်၍ ထာဝရဘုရား ၏ အမှုတော်တို့ကို ကြားပြောရဦးမည်။
לֹא־אָמוּת כִּֽי־אֶחְיֶה וַאֲסַפֵּר מַעֲשֵׂי יָֽהּ׃
18 ၁၈ ထာဝရဘုရားသည် ငါ့ကိုကျပ်တည်းစွာ ဆုံးမ သော်လည်း၊ သေခြင်း၌ အပ်တော်မမူသေး။
יַסֹּר יִסְּרַנִּי יָּהּ וְלַמָּוֶת לֹא נְתָנָֽנִי׃
19 ၁၉ ဖြောင့်မတ်ခြင်းတံခါးတို့ကို ငါ့အားဖွင့်ကြ။ ငါဝင်၍ထာဝရဘုရား၏ဂုဏ်တော်ကို ချီးမွမ်းရမည်။
פִּתְחוּ־לִי שַׁעֲרֵי־צֶדֶק אָבֹא־בָם אוֹדֶה יָֽהּ׃
20 ၂၀ ဤတံခါးသည် ထာဝရဘုရား၏ တံခါးဖြစ်၏။ ဖြောင့်မတ်သော သူတို့သည် ဝင်ရကြ၏။
זֶה־הַשַּׁעַר לַיהֹוָה צַדִּיקִים יָבֹאוּ בֽוֹ׃
21 ၂၁ ကိုယ်တော်ကို အကျွန်ုပ် ချီးမွမ်းပါမည်။အကြောင်းမူကား၊ ကိုယ်တော်သည် အကျွန်ုပ်၏ စကား ကို နားထောင်၍၊ အကျွန်ုပ်ကို ကယ်တင်တော်မူ၏။
אוֹדְךָ כִּי עֲנִיתָנִי וַתְּהִי־לִי לִישׁוּעָֽה׃
22 ၂၂ တိုက်ကို တည်လုပ်သော သူများပယ်ထားသော ကျောက်သည် နောက်တဖန် တိုက်ထောင့်အထွဋ်ဖျားသို့ ရောက်ပြန်၏။
אֶבֶן מָאֲסוּ הַבּוֹנִים הָיְתָה לְרֹאשׁ פִּנָּֽה׃
23 ၂၃ ထိုအမှုသည် ထာဝရဘုရားပြုတော်မူသော အမှုဖြစ်၏။ ငါတို့ မျက်မှောက်၌လည်း အံ့ဩဘွယ်ဖြစ်၏။
מֵאֵת יְהֹוָה הָיְתָה זֹּאת הִיא נִפְלָאת בְּעֵינֵֽינוּ׃
24 ၂၄ ဤနေ့ရက်သည် ထာဝရဘုရားစီရင်တော်မူ သော နေ့ရက်ဖြစ်၍၊ ယနေ့ဝမ်းမြောက် ရွှင်လန်းကြ ကုန်အံ့။
זֶה־הַיּוֹם עָשָׂה יְהֹוָה נָגִילָה וְנִשְׂמְחָה בֽוֹ׃
25 ၂၅ အို ထာဝရဘုရား၊ ကယ်တင်တော်မူပါဟု တောင်းပန်ပါ၏။ အို ထာဝရဘုရား၊ ကောင်းကြီးမင်္ဂာကို ပေးတော်မူပါဟု တောင်းပန်ပါ၏။
אָנָּא יְהֹוָה הוֹשִׁיעָה נָּא אָנָּא יְהֹוָה הַצְלִיחָה נָּֽא׃
26 ၂၆ ထာဝရဘုရား၏အခွင့်နှင့် ကြွလာသောသူ သည် မင်္ဂလာရှိစေသတည်း။ ထာဝရဘုရား၏ အိမ်တော် ထဲက အကျွန်ုပ်တို့သည် ကိုယ်တော်ကို ကောင်းကြီး ပေးကြပါ၏။
בָּרוּךְ הַבָּא בְּשֵׁם יְהֹוָה בֵּרַכְנוּכֶם מִבֵּית יְהֹוָֽה׃
27 ၂၇ ထာဝရဘုရားသည် ဘုရားသခင်ဖြစ်၍၊ ငါတို့၌ ရောင်ခြည်တော်ကို လွှတ်တော်မူ၏။ ယဇ်တင်ရန် အကောင်ကို ယဇ်ပလ္လင်ဦးချို၌ ကြိုးနှင့် ချည်ကြလော့။
אֵל ׀ יְהֹוָה וַיָּאֶר לָנוּ אִסְרוּ־חַג בַּעֲבֹתִים עַד־קַרְנוֹת הַמִּזְבֵּֽחַ׃
28 ၂၈ ကိုယ်တော်သည် အကျွန်ုပ်၏ ဘုရားဖြစ်တော်မူ ၍၊ ကိုယ်တော်ကို ချီးမွမ်းပါမည်။ အကျွန်ုပ်၏ဘုရား ဖြစ်တော်မူ၍၊ ကိုယ်တော်ကို ချီးမြှောက်ပါမည်။
אֵלִי אַתָּה וְאוֹדֶךָּ אֱלֹהַי אֲרוֹמְמֶֽךָּ׃
29 ၂၉ ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၍၊ ကရုဏာတော် အစဉ်အမြဲတည်သောကြောင့်၊ ဂုဏ် ကျေးဇူးတော်ကို ချီးမွမ်းကြလော့။
הוֹדוּ לַיהֹוָה כִּי־טוֹב כִּי לְעוֹלָם חַסְדּֽוֹ׃

< ဆာလံ 118 >