< ဆာလံ 115 >
1 ၁ အကျွန်ုပ်တို့၌ ဘုန်းမရှိစေဘဲ၊ အို ထာဝရဘုရား၊ အကျွန်ုပ်တို့၌ ဘုန်းမရှိစေဘဲ၊ ကိုယ်တော်၏နာမ၌ ကရုဏာတော်နှင့် သစ္စာတော်ကြောင့် ဘုန်းရှိပါစေ သတည်း။
Бизгә әмәс, и Пәрвәрдигар, бизгә әмәс — Өзгәрмәс муһәббитиң үчүн, һәқиқәт-садақитиң үчүн, Өз намиңға шан-шәрәп кәлтүргәйсән.
2 ၂ သူတို့၏ ဘုရားသခင်သည် အဘယ်မှာရှိ သနည်းဟု တပါးအမျိုးသားတို့သည် အဘယ်ကြောင့် ဆိုရကြမည်နည်း။
Әлләр немишкә «Уларниң Худаси қәйәрдә?» дәп [мазақ] қилишиду?
3 ၃ ငါတို့၏ ဘုရားသခင်သည် ကောင်းကင်ဘုံ၌ ရှိတော်မူ၏။ အလိုတော်ရှိသမျှအတိုင်း ပြုတော်မူ၏။
Бирақ Худайимиз болса әршләрдидур; Немини халиса, У шуни қилғандур.
4 ၄ သူတို့၏ရုပ်တုများမူကား ငွေလည်းဖြစ်၏။ ရွှေလည်း ဖြစ်၏။ လူလက်ဖြင့် လုပ်သောအရာပေတည်း။
Уларниң бутлири болса пәқәт күмүч-алтундин ибарәт, Инсанниң қоллири ясиғинидур, халас.
5 ၅ ထိုရုပ်တုတို့သည် နှုတ်ရှိ၍ စကားမပြောတတ်။ မျက်စိရှိ၍ မမြင်တတ်။
Уларниң ағзи бар, бирақ сөзләлмәйду; Көзлири бар, көрмәйду;
6 ၆ နားရှိ၍မကြားတတ်။ နှာခေါင်းရှိ၍မနမ်းတတ်။
Қулақлири бар, аңлимайду, Бурни бар, пуралмайду;
7 ၇ လက်ရှိ၍ မကိုင်တတ်။ ခြေရှိ၍မသွားတတ်။ သူတို့လည်ချောင်းဖြင့် အသံမပြုတတ်ပါတကား။
Қоллири бар, силалмайду; Путлири бар, маңалмайду; Канийидин һеч бир сада чиқармайду.
8 ၈ လုပ်သောသူတို့လည်း အတူတူပါတကား။
Уларни ясиғанлар уларға охшаштур, Уларға таянғанларму шундақтур.
9 ၉ အို ဣသရေလအမျိုး၊ ထာဝရဘုရားကို ကိုးစား လော့။ ထာဝရဘုရားသည် ဣသရေလအမျိုးကို မစသော သူ၊ ကွယ်ကာသောသူဖြစ်တော်မူ၏။
И Исраил, Пәрвәрдигарға тайиниңлар; У силәргә ярдәм қилғучиңлар һәм қалқиниңлардур.
10 ၁၀ အိုအာရုန်အမျိုးအနွယ်၊ ထာဝရဘုရားကို ကိုးစားလော့။ ထာဝရဘုရားသည် အာရုန်အမျိုးအနွယ်ကို မစသောသူ၊ ကွယ်ကာသောသူ ဖြစ်တော်မူ၏။
И Һарун җәмәти, Пәрвәрдигарға тайиниңлар; У силәргә ярдәм қилғучи һәм силәрниң қалқиниңлардур.
11 ၁၁ ထာဝရဘုရားကို ကြောက်ရွံ့သောသူတို့၊ ထိုဘုရားကို ကိုးစားကြလော့။ ထာဝရဘုရားသည် ထိုသို့ သော သူတို့ကို မစသောသူ၊ ကွယ်ကာသောသူ ဖြစ်တော် မူ၏။
Пәрдәрдигардин әйминидиғанлар, Пәрвәрдигарға тайиниңлар; У силәргә ярдәм қилғучи һәм қалқиниңлардур.
12 ၁၂ ထာဝရဘုရားသည် ငါတို့ကို အောက်မေ့တော် မူ၏။ ကောင်းကြီးပေးတော်မူမည်။ ဣသရေလအမျိုးကို ကောင်းကြီးပေးတော်မူမည်။ အာရုန်အမျိုးအနွယ်ကို ကောင်းကြီးပေးတော်မူမည်။
Пәрвәрдигар бизни әсләп кәлди; У бәхит ата қилиду; У Исраил җәмәтигә бәхит ата қилиду; У Һарун җәмәтигә бәхит ата қилиду;
13 ၁၃ ထာဝရဘုရားကို ကြောက်ရွံ့သောသူ အကြီး အငယ်တို့ကို ကောင်းကြီးပေးတော်မူမည်။
Пәрвәрдигардин әйминидиғанларға, Чоңлири һәм кичиклиригиму бәхит ата қилиду.
14 ၁၄ ထာဝရဘုရားသည် သင်တို့နှင့် သင်တို့ သားမြေးတို့၌ မင်္ဂလာကို တိုးပွားစေတော်မူမည်။
Пәрвәрдигар силәргә қошлап бериду, Силәргә һәм пәрзәнтлириңларға;
15 ၁၅ သင်တို့သည် ကောင်းကင်နှင့်မြေကြီးကို ဖန် ဆင်းသော ထာဝရဘုရား ကောင်းကြီးပေးတော်မူသော သူ ဖြစ်ကြ၏။
Силәргә Пәрвәрдигар тәрипидин бәхит ата қилинған, Асман-зиминни Яратқучидин бәрикәтләнгән!
16 ၁၆ ကောင်းကင်ကား၊ ထာဝရဘုရား၏ ကောင်း ကင်ဖြစ်၏။ မြေကြီးကိုကား လူသားတို့အား ပေးတော် မူပြီ။
Асманлар болса Пәрвәрдигарниң асманлиридур; Бирақ зиминни болса инсан балилириға тапшурғандур.
17 ၁၇ သေလွန်သောသူ၊ ငြိမ်းရာထဲသို့ ဆင်းသောသူ ရှိသမျှတို့သည် ထာဝရဘုရားကို မချီးမွမ်းရကြ။
Өлүкләр Яһни мәдһийиләлмәйду, Сүкүт дияриға чүшүп кәткәнләрму шундақ;
18 ၁၈ ငါတို့မူကား၊ ထာဝရဘုရားကို ယခုမှစ၍ အစဉ် အဆက် ကောင်းကြီးပေးကြလေအံ့သတည်း။ ဟာလေ လုယ။
Бирақ бизләр һазирдин башлап Яһқа әбәдил-әбәткичә тәшәккүр-мәдһийә қайтуримиз! Һәмдусана!