< ဆာလံ 115 >
1 ၁ အကျွန်ုပ်တို့၌ ဘုန်းမရှိစေဘဲ၊ အို ထာဝရဘုရား၊ အကျွန်ုပ်တို့၌ ဘုန်းမရှိစေဘဲ၊ ကိုယ်တော်၏နာမ၌ ကရုဏာတော်နှင့် သစ္စာတော်ကြောင့် ဘုန်းရှိပါစေ သတည်း။
၁အကျွန်ုပ် တို့၌ ဘုန်းမ ရှိစေဘဲ၊ အို ထာဝရဘုရား ၊ အကျွန်ုပ် တို့၌ ဘုန်းမ ရှိစေဘဲ၊ ကိုယ်တော် ၏နာမ ၌ ကရုဏာ တော်နှင့် သစ္စာ တော်ကြောင့် ဘုန်း ရှိ ပါစေ သတည်း။
2 ၂ သူတို့၏ ဘုရားသခင်သည် အဘယ်မှာရှိ သနည်းဟု တပါးအမျိုးသားတို့သည် အဘယ်ကြောင့် ဆိုရကြမည်နည်း။
၂သူ တို့၏ ဘုရား သခင်သည် အဘယ် မှာရှိ သနည်းဟု တပါးအမျိုးသား တို့သည် အဘယ်ကြောင့် ဆို ရကြမည်နည်း။
3 ၃ ငါတို့၏ ဘုရားသခင်သည် ကောင်းကင်ဘုံ၌ ရှိတော်မူ၏။ အလိုတော်ရှိသမျှအတိုင်း ပြုတော်မူ၏။
၃ငါ တို့၏ ဘုရား သခင်သည် ကောင်းကင် ဘုံ၌ ရှိတော်မူ၏။ အလိုတော် ရှိသမျှ အတိုင်း ပြု တော်မူ၏။
4 ၄ သူတို့၏ရုပ်တုများမူကား ငွေလည်းဖြစ်၏။ ရွှေလည်း ဖြစ်၏။ လူလက်ဖြင့် လုပ်သောအရာပေတည်း။
၄သူ တို့၏ရုပ်တု များမူကား ငွေ လည်းဖြစ်၏။ ရွှေ လည်း ဖြစ်၏။ လူ လက် ဖြင့် လုပ် သောအရာပေတည်း။
5 ၅ ထိုရုပ်တုတို့သည် နှုတ်ရှိ၍ စကားမပြောတတ်။ မျက်စိရှိ၍ မမြင်တတ်။
၅ထို ရုပ်တုတို့ သည် နှုတ် ရှိ၍ စကား မ ပြောတတ်။ မျက်စိ ရှိ၍ မ မြင် တတ်။
6 ၆ နားရှိ၍မကြားတတ်။ နှာခေါင်းရှိ၍မနမ်းတတ်။
၆နား ရှိ၍ မ ကြား တတ်။ နှာခေါင်း ရှိ၍ မ နမ်း တတ်။
7 ၇ လက်ရှိ၍ မကိုင်တတ်။ ခြေရှိ၍မသွားတတ်။ သူတို့လည်ချောင်းဖြင့် အသံမပြုတတ်ပါတကား။
၇လက် ရှိ၍ မ ကိုင် တတ်။ ခြေ ရှိ၍ မ သွား တတ်။ သူ တို့လည်ချောင်း ဖြင့် အသံ မ ပြုတတ်ပါတကား။
8 ၈ လုပ်သောသူတို့လည်း အတူတူပါတကား။
၈လုပ် သောသူတို့လည်း အတူတူ ပါတကား။
9 ၉ အို ဣသရေလအမျိုး၊ ထာဝရဘုရားကို ကိုးစား လော့။ ထာဝရဘုရားသည် ဣသရေလအမျိုးကို မစသော သူ၊ ကွယ်ကာသောသူဖြစ်တော်မူ၏။
၉အို ဣသရေလ အမျိုး၊ ထာဝရဘုရား ကို ကိုးစား လော့။ ထာဝရဘုရားသည် ဣသရေလအမျိုးကို မစသောသူ၊ ကွယ်ကာ သောသူဖြစ်တော်မူ၏။
10 ၁၀ အိုအာရုန်အမျိုးအနွယ်၊ ထာဝရဘုရားကို ကိုးစားလော့။ ထာဝရဘုရားသည် အာရုန်အမျိုးအနွယ်ကို မစသောသူ၊ ကွယ်ကာသောသူ ဖြစ်တော်မူ၏။
၁၀အိုအာရုန် အမျိုး အနွယ်၊ ထာဝရဘုရား ကို ကိုးစား လော့။ ထာဝရဘုရားသည် အာရုန်အမျိုးအနွယ်ကို မစ သောသူ၊ ကွယ်ကာ သောသူဖြစ် တော်မူ၏။
11 ၁၁ ထာဝရဘုရားကို ကြောက်ရွံ့သောသူတို့၊ ထိုဘုရားကို ကိုးစားကြလော့။ ထာဝရဘုရားသည် ထိုသို့ သော သူတို့ကို မစသောသူ၊ ကွယ်ကာသောသူ ဖြစ်တော် မူ၏။
၁၁ထာဝရဘုရား ကို ကြောက်ရွံ့ သောသူတို့၊ ထိုဘုရားကို ကိုးစား ကြလော့။ ထာဝရဘုရား သည် ထိုသို့ သောသူ တို့ ကို မစ သောသူ၊ ကွယ်ကာ သောသူဖြစ် တော်မူ ၏။
12 ၁၂ ထာဝရဘုရားသည် ငါတို့ကို အောက်မေ့တော် မူ၏။ ကောင်းကြီးပေးတော်မူမည်။ ဣသရေလအမျိုးကို ကောင်းကြီးပေးတော်မူမည်။ အာရုန်အမျိုးအနွယ်ကို ကောင်းကြီးပေးတော်မူမည်။
၁၂ထာဝရဘုရား သည် ငါ တို့ကို အောက်မေ့ တော်မူ ၏။ ကောင်းကြီး ပေးတော်မူမည်။ ဣသရေလ အမျိုး ကို ကောင်းကြီး ပေးတော်မူမည်။ အာရုန် အမျိုး အနွယ်ကို ကောင်းကြီး ပေးတော်မူမည်။
13 ၁၃ ထာဝရဘုရားကို ကြောက်ရွံ့သောသူ အကြီး အငယ်တို့ကို ကောင်းကြီးပေးတော်မူမည်။
၁၃ထာဝရဘုရား ကို ကြောက်ရွံ့ သောသူ အကြီး အငယ် တို့ကို ကောင်းကြီး ပေးတော်မူမည်။
14 ၁၄ ထာဝရဘုရားသည် သင်တို့နှင့် သင်တို့ သားမြေးတို့၌ မင်္ဂလာကို တိုးပွားစေတော်မူမည်။
၁၄ထာဝရဘုရား သည် သင် တို့နှင့် သင် တို့သား မြေးတို့၌ မင်္ဂလာကို တိုးပွား စေတော်မူမည်။
15 ၁၅ သင်တို့သည် ကောင်းကင်နှင့်မြေကြီးကို ဖန် ဆင်းသော ထာဝရဘုရား ကောင်းကြီးပေးတော်မူသော သူ ဖြစ်ကြ၏။
၁၅သင် တို့သည် ကောင်းကင် နှင့် မြေကြီး ကို ဖန်ဆင်း သော ထာဝရဘုရား ကောင်းကြီး ပေးတော်မူသောသူ ဖြစ်ကြ၏။
16 ၁၆ ကောင်းကင်ကား၊ ထာဝရဘုရား၏ ကောင်း ကင်ဖြစ်၏။ မြေကြီးကိုကား လူသားတို့အား ပေးတော် မူပြီ။
၁၆ကောင်းကင် ကား၊ ထာဝရဘုရား ၏ ကောင်းကင် ဖြစ်၏။ မြေကြီး ကိုကား လူသား တို့အား ပေး တော်မူပြီ။
17 ၁၇ သေလွန်သောသူ၊ ငြိမ်းရာထဲသို့ ဆင်းသောသူ ရှိသမျှတို့သည် ထာဝရဘုရားကို မချီးမွမ်းရကြ။
၁၇သေလွန် သောသူ၊ ငြိမ်း ရာထဲသို့ ဆင်း သောသူ ရှိသမျှ တို့သည် ထာဝရ ဘုရားကို မ ချီးမွမ်း ရကြ။
18 ၁၈ ငါတို့မူကား၊ ထာဝရဘုရားကို ယခုမှစ၍ အစဉ် အဆက် ကောင်းကြီးပေးကြလေအံ့သတည်း။ ဟာလေ လုယ။
၁၈ငါ တို့မူကား ၊ ထာဝရ ဘုရားကို ယခု မှစ၍ အစဉ် အဆက် ကောင်းကြီး ပေးကြလေအံ့သတည်း။ ဟာလေလုယ။