< ဆာလံ 114 >
1 ၁ ဣသရေလအမျိုး၊ ယာကုပ်အနွှယ်သည် ရိုင်း သောလူမျိုးနေရာ အဲဂုတ္တုပြည်က ထွက်သွားသောအခါ၊
Když vycházel Izrael z Egypta, a rodina Jákobova z národu jazyka cizího,
2 ၂ ယုဒအမျိုးသည် သန့်ရှင်းရာဌာနတော်ဖြစ်၏။ ဣသရေလအမျိုးသည် နိုင်ငံတော်ဖြစ်၏။
Byl Juda posvěcením jeho, Izrael panováním jeho.
3 ၃ ပင်လယ်သည် မြင်၍ပြေးလေ၏။ ယော်ဒန်မြစ် လည်း နောက်သို့ လှည့်လေ၏။
To když vidělo moře, uteklo, Jordán nazpět se obrátil.
4 ၄ တောင်ကြီးတို့သည် သိုးကဲ့သို့၎င်း၊ တောင်ငယ်တို့သည် သိုးသငယ်ကဲ့သို့၎င်း ခုန်ကြ၏။
Hory poskakovaly jako skopci, pahrbkové jako jehňata.
5 ၅ အချင်းပင်လယ်၊ သင်ပြေးသည် အ ကြောင်း၊ အချင်းယော်ဒန်မြစ်၊ သင်သည် နောက်သို့လှည့် သည်အကြောင်း၊
Coť bylo, ó moře, že jsi utíkalo? Jordáne, že jsi nazpět se obrátil?
6 ၆ အချင်းတောင်ကြီးတို့၊ သင်တို့သည် သိုးကဲ့သို့ ခုန်ကြသည်အကြောင်း၊ အချင်းတောင်ငယ်တို့၊ သင်တို့ သည် သိုးသငယ်ကဲ့သို့ ခုန်ကြသည် အကြောင်းကား အဘယ်သို့နည်း။
Ó hory, že jste poskakovaly jako skopci, pahrbkové jako jehňata?
7 ၇ အိုမြေကြီး၊ အရှင်၏မျက်နှာတော်ရှေ့၊ ယာကုပ် အမျိုးကိုးကွယ်သော ဘုရားသခင်၏ မျက်နှာတော်ရှေ့မှာ တုန်လှုပ်လျက်နေလော့။
Pro přítomnost Panovníka třásla jsem se já země, pro přítomnost Boha Jákobova,
8 ၈ ဘုရားသခင်သည် ကျောက်ကို ရေကန်၊ မီးကျောက်ကို စမ်းရေတွင်းဖြစ်စေတော်မူသတည်း။
Kterýž obrací i tu skálu v jezero vod, a škřemen v studnici vod.