< ဆာလံ 112 >
1 ၁ ထာဝရဘုရားကို ကြောက်ရွံ့၍၊ ပညတ်တော်တို့ ၌ အလွန်မွေ့လျော်သော သူသည်မင်္ဂလာရှိ၏။
Salig den Mand, som frygter Herren, som har stor Glæde ved hans Bud.
2 ၂ ထိုသူ၏ သားမြေးတို့သည် မြေပေါ်မှာ အားကြီး ကြလိမ့်မည်။ ဖြောင့်မတ်သော သူတို့၏အမျိုးအနွယ် သည် မင်္ဂလာရှိတတ်၏။
Hans Sæd skal være mægtig paa Jorden; de oprigtiges Slægt skal velsignes.
3 ၃ ထိုသူ၏ အိမ်၌ စည်းစိမ်ဥစ္စာကြွယ်ဝ၍၊ သူ၏ ကောင်းကျိုးသည် အစဉ်အမြဲတည်တတ်၏။
Gods og Rigdom er i hans Hus, og hans Retfærdighed bestaar altid.
4 ၄ သဘောဖြောင့်သော သူတို့အဘို့၊ မှောင်မိုက် ထဲမှာ အလင်း ပေါ်ထွန်းတတ်၏။ ထိုသို့သောသူသည် ကျေးဇူးပြုတတ်သော သဘောနှင့် သနားစုံမက်တတ် သော သဘောရှိ၍၊ တရားသဖြင့် ပြုတတ်၏။
Der er opgaaet et Lys i Mørket for de oprigtige, for den, som er naadig og barmhjertig og retfærdig.
5 ၅ ကရုဏာစိတ်ရှိ၍ ချေးငှါးတတ်သော သူသည် ကောင်းစားတတ်၏။ တရားဆုံးဖြတ်ရာ ကာလ၌ အောင် ခြင်းသို့ ရောက်လိမ့်မည်။
Lyksalig den Mand, som forbarmer sig og udlaaner, som opholder sine Sager ved Retfærdighed.
6 ၆ အကယ်စင်စစ် လှုပ်ရှားခြင်းနှင့်အစဉ် ကင်း လွတ်လိမ့်မည်။ ဖြောင့်မတ်သော သူသည် အစဉ်အမြဲ အောက်မေ့ဘို့ရာ ဖြစ်လိမ့်မည်။
Thi han skal ikke rokkes evindelig, en retfærdig skal være til en evig Ihukommelse.
7 ၇ မကောင်းသော သိတင်းကိုမကြောက်ရ၊ စိတ် နှလုံးသည် ထာဝရဘုရားကို ကိုးစားသဖြင့် တည်ကြည် တတ်၏။
Han skal ikke frygte for onde Tidender, hans Hjerte er fast, han forlader sig paa Herren.
8 ၈ သူ၏စိတ်နှလုံးသည် မြဲမြံသည် ဖြစ်၍၊ ရန်သူ တို့၌ အားမရမှီတိုင်အောင်၊ ကြောက်ခြင်းနှင့် လွတ်လိမ့် မည်။
Hans Hjerte er grundfast, han skal ikke frygte, indtil han ser sin Glæde paa sine Fjender.
9 ၉ သူသည် စွန့်ကြဲပြီ။ ဆင်းရဲသော သူတို့အား ပေးကမ်းပြီ။ သူ၏ ဖြောင့်မတ်ခြင်းသည် အစဉ်အမြဲ တည်တတ်၏။ သူ၏ဦးချိုသည် ဂုဏ်အသရေနှင့် ချီးမြှင့် ခြင်း ရှိလိမ့်မည်။
Han udspreder, han giver de fattige; hans Retfærdighed bestaar altid, hans Horn skal ophøjes med Ære.
10 ၁၀ မတရားသောသူတို့သည် မြင်၍၊ နာကြင်သော စိတ်ရှိကြလိမ့်မည်။ အံသွားခဲကြိတ်၍ ပိန်ချုံးကြလိမ့်မည်။ မတရားသောသူတို့၏ အလိုသည် ပျက်စီးရလိမ့်မည်။
Den ugudelige skal se det og harmes; han skal skære Tænder og hensmeltes; de ugudeliges Ønske bliver til intet.