< ဆာလံ 111 >
1 ၁ ငါသည် ဖြောင့်မတ်သော သူတို့၏ အစည်း အဝေး၌၎င်း၊ ပရိသတ်၌၎င်း၊ ထာဝရဘုရား၏ ဂုဏ်တော်ကို စိတ်နှလုံးအကြွင်းမဲ့ ချီးမွမ်းမည်။
Msifuni Bwana. Nitamtukuza Bwana kwa moyo wangu wote, katika baraza la wanyofu na katika kusanyiko.
2 ၂ ထာဝရဘုရား၏ အမှုတော်တို့သည် ကြီးမြတ် ကြ၏။ ကြည်ညိုသော သူတို့သည် ထိုအမှုတော်တို့ကို ရှာဖွေလိုက်စစ်တတ်ကြ၏။
Kazi za Bwana ni kuu, wote wanaopendezwa nazo huzitafakari.
3 ၃ စီရင်တော်မူသောအရာသည် ဘုန်းအသရေနှင့် ပြည့်စုံ၍၊ ဖြောင့်မတ်တော်မူခြင်းတရားလည်း အစဉ်အမြဲ တည်၏။
Kazi zake zimejaa fahari na utukufu, haki yake hudumu daima.
4 ၄ အံ့ဘွယ်သော အမှုတော်တို့ကို အောက်မေ့ဘို့ရာ စီရင်တော်မူပြီ။ ထာဝရဘုရားသည် ကျေးဇူးပြုတတ် သော သဘော၊ သနားစုံမက်တတ်သော သဘောနှင့် ပြည့်စုံတော်မူ၏။
Amefanya maajabu yake yakumbukwe, Bwana ni mwenye neema na huruma.
5 ၅ ကြောက်ရွံ့ရိုသေသောသူတို့ကို ကျွေးမွေးတော် မူ၏။ ပဋိညာဉ်တရားတော်ကို အစဉ်အောက်မေ့တော် မူ၏။
Huwapa chakula wale wanaomcha, hulikumbuka agano lake milele.
6 ၆ အမှုတော်တို့၌ရှိသော တန်ခိုးကို မိမိလူတို့အား ပြ၍၊ တပါးအမျိုးသားတို့၏ အမွေကို ပေးတော်မူ၏။
Amewaonyesha watu wake uwezo wa kazi zake, akiwapa nchi za mataifa mengine.
7 ၇ လက်တော်နှင့်ပြုသော အမှုတို့သည် သစ္စာနှင့်၎င်း၊ တရားနှင့်၎င်း ယှဉ်ကြ၏။ ပညတ်တော် အလုံးစုံ တို့သည် ဖေါက်ပြန်ခြင်းသဘောနှင့် ကင်းလွတ်ကြ၏။
Kazi za mikono yake ni za uaminifu na haki, mausia yake yote ni ya kuaminika.
8 ၈ သစ္စာစောင့်ခြင်း၊ ဖြောင့်မတ်ခြင်းနှင့်ယှဉ်သော ကြောင့်၊ အစဉ်အမြဲတည်ကြ၏။
Zinadumu milele na milele, zikifanyika kwa uaminifu na unyofu.
9 ၉ မိမိလူတို့၌ရွေးတော်မူခြင်း ကျေးဇူးကို ပြုတော် မူ၏။ ပဋိညာဉ်တရားတော်ကို အစဉ်အမြဲ ထားတော် မူ၏။ နာမတော်သည် သန့်ရှင်း၏။ ကြောက်ရွံ့ရိုသေဘွယ် ဖြစ်၏။
Aliwapa watu wake ukombozi, aliamuru agano lake milele: jina lake ni takatifu na la kuogopwa.
10 ၁၀ ထာဝရဘုရားကို ကြောက်ရွံသော သဘောသည် ပညာ၏ အချုပ်အခြာဖြစ်၏။ ပညတ်တော်တို့ကို စောင့်ရှောက်သမျှသော သူတို့သည် ကောင်းသောဥာဏ် ရှိကြ၏။ ဂုဏ်အသရေတော်သည် အစဉ်အမြဲ တည် သတည်း။
Kumcha Bwana ndicho chanzo cha hekima, wote wanaozifuata amri zake wana busara. Sifa zake zadumu milele.