< ဆာလံ 110 >
1 ၁ ထာဝရဘုရားက၊ သင်၏ ရန်သူတို့ကို သင်၏ ခြေတင်ရာ၊ ငါမချထားမှီတိုင်အောင်၊ ငါ့လက်ျာဘက်၌ ထိုင်နေလော့ဟု ငါ၏သခင်အား မိန့်တော်မူ၏။
Psalam. Davidov. Riječ Jahvina Gospodinu mojemu: “Sjedi mi zdesna dok ne položim dušmane za podnožje tvojim nogama!
2 ၂ ထာဝရဘုရားသည် အရှင်၏ အာဏာတော် လှံတံကို ဇိအုန်မြို့မှ လွှတ်တော်မူမည်။ ကိုယ်တော်သည် ရန်သူတို့၏အလယ်၌ အုပ်စိုးတော်မူလိမ့်မည်။
Žezlo tvoje moći protegnut će Jahve sa Siona: vladaj posred svojih neprijatelja!
3 ၃ တန်ခိုးတော်ပြသော နေ့ရက်ကာလ၌၊ ကိုယ်တော်၏ လူတို့သည် သန့်ရှင်းသော တန်ဆာကို ဆင်လျက်၊ ကြည်ညိုသော စေတနာစိတ်ရှိ၍၊ လူပျိုတော် တို့သည် နံနက်ဝမ်းထဲကထွက်သော ဆီးနှင်းကဲ့သို့ ဖြစ်ကြပါလိမ့်မည်။
Spreman je tvoj narod u svetim odorama za dan tvog junaštva: kao rosa iz krila zorina uza te su mladi ratnici.”
4 ၄ ထာဝရဘုရားက၊ သင်သည် မေလခိဇေဒက် နည်းတူ ထာဝရယဇ်ပုရောဟိတ်ဖြစ်သည်ဟု ကျိန်ဆို၍၊ နောက်တဖန်စိတ်ပြောင်းလဲခြင်း ရှိတော်မမူ။
Zakleo se Jahve i neće se pokajati: “Dovijeka ti si svećenik po redu Melkisedekovu!”
5 ၅ လက်ျာတော်နားမှာ ရှိသောဘုရားရှင်သည် အမျက်တော် အချိန်ကာလ၌ ရှင်ဘုရင်တို့ကို ဒဏ်ခတ် တော်မူမည်။
Gospodin ti je zdesna, on će oboriti kraljeve u dan gnjeva svojega.
6 ၆ ငါ၏သခင်သည် တပါးအမျိုးသားတို့တွင် တရား စီရင်လျက်၊ အသေကောင်တို့ကို အနှံ့အပြားဖြစ်စေ၍၊ ကျယ်သောမြေ၌ သူတို့ဦးခေါင်းကို နှိပ်စက်တော်မူမည်။
On će sudit' narodima: bit će trupla na gomile, po svoj zemlji raskoljenih glava.
7 ၇ လမ်းနားမှာ စီးသောရေကိုသောက်၍၊ ခေါင်း တော်ကို ချီးမြှင့်တော်မူမည်။
Na putu će se napit' iz potoka, visoko će dignuti glavu.