< ဆာလံ 109 >
1 ၁ အကျွန်ုပ် ချီးမွမ်းသော ဘုရားသခင်၊ တိတ် ဆိတ်စွာနေတော်မမူပါနှင့်။
Думнезеул лаудей меле, ну тэчя!
2 ၂ မတရားသောသူနှင့် သစ္စာပျက်သော သူတို့ သည် အကျွန်ုပ်တဘက်၌နှုတ်ကိုဖွင့်၍၊ မုသားစကားကို ပြောဆိုကြပါ၏။
Кэч потривничий ау дескис ымпотрива мя о гурэ ря ши ыншелэтоаре, ымь ворбеск ку о лимбэ минчиноасэ,
3 ၃ မနာလိုသောစိတ်နှင့် စကားပြောလျက်၊ အကျွန်ုပ်ကိုဝိုင်း၍ အကြောင်းမရှိဘဲ စစ်တိုက်ကြပါ၏။
мэ ынконжоарэ ку кувынтэрь плине де урэ ши се рэзбоеск ку мине фэрэ темей.
4 ၄ အကျွန်ုပ်၏ မေတ္တာအတွက် သူတို့သည် ရန်ဘက်ပြုကြပါ၏။ အကျွန်ုပ်မူကား ပဌနာပြုလျက် နေပါ၏။
Пе кынд еу ый юбеск, ей ымь сунт потривничь, дар еу алерг ла ругэчуне.
5 ၅ အကျွန်ုပ်ပြုသော ကျေးဇူးအတွက် မကောင်း သောအပြစ်ကို၎င်း၊ အကျွန်ုပ်မေတ္တာအတွက် မုန်းခြင်းကို ၎င်း ဆပ်ပေးကြပါ၏။
Ей ымь ынторк рэу пентру бине ши урэ пентру драгостя мя.
6 ၆ ထိုသို့သော သူ၏အပေါ်မှာ မတရားသောသူကို ခန့်ထားတော်မူပါ။ သူ၏လက်ျားနားမှာ ရန်သူနေပါစေ။
Пе врэжмашул меу пуне-л суб стэпыниря унуй ом рэу ши ун пырыш сэ стя ла дряпта луй!
7 ၇ သူသည် တရားစီရင်ခြင်းကို ခံရာတွင်ရှုံးပါစေ။ သူပြုသော ပဌနာသည် ပြစ်မှားခြင်းဖြစ်ပါစေ။
Кынд ва фи жудекат, сэ фие гэсит виноват ши ругэчуня луй сэ трякэ дрепт ун пэкат!
8 ၈ သူ၏အသက်တိုပါစေ။ သူ၏အရာကိုလည်း အခြားသူရပါစေ။
Пуцине сэ-й фие зилеле ла нумэр ши служба сэ й-о я алтул!
9 ၉ သူ၏သားတို့သည် ဘသားဆိုး၊ မယားလည်း မုတ်ဆိုးမဖြစ်ပါစေ။
Сэ-й рэмынэ копиий орфань ши невастэ-са вэдувэ!
10 ၁၀ သူ၏သားတို့သည် အရပ်ရပ်လည်၍ သူတောင်း စား ဖြစ်ကြပါစေ။ ပျက်စီးသော မိမိတို့နေရာများမှ ထွက်၍၊ အစာကိုရှာကြပါစေ။
Копиий луй сэ умбле фэрэ ничун кэпэтый ши сэ чершяскэ, сэ-шь кауте пыня департе де локуинца лор дэрыматэ!
11 ၁၁ သူ၌ရှိသမျှကို ကြွေးရှင်သိမ်းယူပါစေ။ သူလုပ် ၍ရသော ဥစ္စာကိုလည်း တပါးအမျိုးသား လုယူပါစေ။
Чел че л-а ымпрумутат сэ-й пунэ мына пе тот че аре ши стрэиний сэ-й жефуяскэ родул мунчий луй!
12 ၁၂ သူ၌ကျေးဇူးပြုသောသူ၊ သူ၏ဘသားဆိုး တို့ကို ကယ်မသနားသောသူ တယောက်မျှ မရှိစေနှင့်။
Нимень сэ ну май цинэ ла ел ши нимень сэ н-айбэ милэ де орфаний луй!
13 ၁၃ သူ၏အနွှယ်သည် ပြတ်ပါစေ။ လူမျိုးဆင်းသက် ၍ တဆက်တည်းတွင်၊ သူတို့၏ နာမည်သည် ကျေပျောက် ပါစေ။
Урмаший луй сэ фие нимичиць ши сэ ли се стингэ нумеле ын нямул урмэтор!
14 ၁၄ သူ့ဘိုးဘေးတို့၏ ဒုစရိုက်ကို ထာဝရဘုရား သည် သတိရတော်မူပါစေ။ သူ့အမိ၏ အပြစ်သည် မဖြေပါစေနှင့်။
Нелеӂюиря пэринцилор сэй сэ рэмынэ ка адучере аминте ынаинтя Домнулуй ши сэ ну се штяргэ пэкатул мамей луй!
15 ၁၅ ထိုဒုစရိုက်အပြစ်သည် ထာဝရဘုရားရှေ့မှာ အစဉ်အမြဲ ထင်ရှား၍၊ မြေကြီးပေါ်မှာ ထိုသူတို့ကို အောက်မေ့စရာ အမှတ်မျှ မရှိစေခြင်းငှါ၊ ပယ်ရှင်းတော်မူ ပါစေ။
Домнул сэ-й айбэ тотдяуна ынаинтя окилор, ка сэ ле штяргэ помениря де пе пэмынт,
16 ၁၆ အကြောင်းမူကား၊ ထိုသူသည် ကယ်မ သနားခြင်းငှါ သတိမရှိ။ ဆင်းရဲငတ်မွတ်၍ စိတ်ပျက် သောသူကို သေစေသည်တိုင်အောင် ညှဉ်းဆဲပြီ။
пентру кэ ну шь-а адус аминте сэ факэ ындураре, пентру кэ а пригонит пе чел ненорочит ши пе чел липсит, пынэ аколо ынкыт сэ омоаре пе омул ку инима здробитэ!
17 ၁၇ သူသည် ကျိန်ဆဲခြင်းကို နှစ်သက်သည်နှင့်အညီ၊ သူ့အပေါ်သို့ ရောက်ပါစေ။ ကောင်းကြီးမင်္ဂလာကို အလိုမရှိသည်အတိုင်း သူနှင့်ဝေးပါစေ။
Ый плэчя блестемул: сэ кадэ асупра луй! Ну-й плэчя бинекувынтаря: сэ се депэртезе де ел!
18 ၁၈ အဝတ်ကို ဝတ်သကဲ့သို့ ကျိန်ဆဲခြင်းကို ဝတ်ရပါ စေ။ ရေကဲ့သို့ သူ၏ဝမ်းထဲသို့၎င်း၊ ဆီကဲ့သို့ သူ၏အရိုး ထဲသို့၎င်း ဝင်ပါစေ။
Се ымбракэ ку блестемул кум се ымбракэ ку хайна луй, ый пэтрунде ка апа ынэунтрул луй, ка унтделемнул ын оасе!
19 ၁၉ သူ၏ကိုယ်ကိုခြုံသော အဝတ်ကဲ့သို့၎င်း၊ သူ၏ ခါး၌ အစဉ်စည်းသော ခါးစည်းကဲ့သို့၎င်း သူ၌ဖြစ်ပါစေ။
Де ачея, сэ-й служяскэ де вешмынт ка сэ се акопере, де чингэтоаре ку каре сэ фие тотдяуна ынчинс!
20 ၂၀ ငါ၏ဝိညာဉ်တဘက်၌ မကောင်းသောစကားကို ပြောတတ်သော ငါ၏ရန်သူတို့သည် ထိုသို့သော အကျိုး ကို ထာဝရဘုရားထံ ခံရကြပါစေ။
Ачаста сэ фие, дин партя Домнулуй, плата врэжмашилор мей ши а челор че ворбеск ку рэутате де мине!
21 ၂၁ အိုဘုရားရှင် ထာဝရဘုရား၊ နာမတော်အတွက် ကြောင့် အကျွန်ုပ်အမှုကို စောင့်တော်မူပါ။ ကရုဏာတော် ကောင်းသည်ဖြစ်၍၊ အကျွန်ုပ်ကို ကယ်နှုတ်တော်မူပါ။
Яр Ту, Доамне Думнезеуле, лукрязэ пентру мине дин причина Нумелуй Тэу, кэч маре есте бунэтатя Та; избэвеште-мэ!
22 ၂၂ အကျွန်ုပ်သည် ဆင်းရဲငတ်မွတ်ပါ၏။ အကျွန်ုပ် အထဲ၌ နှလုံးနာလျက်ရှိပါ၏။
Сунт ненорочит ши липсит ши ымь е рэнитэ инима ынэунтрул меу.
23 ၂၃ ရှည်လျားသော အရိပ်ကဲ့သို့ အကျွန်ုပ်ရွေ့သွား ပါ၏။ ကျိုင်းကောင်ကဲ့သို့ လှုပ်ရှားလျက်ရှိပါ၏။
Пер ка умбра гата сэ трякэ, сунт изгонит ка о лэкустэ.
24 ၂၄ အစာမစားဘဲ နေရသောကြောင့်၊ ဒူးဆစ်နုန့်နဲ့ ၍ အသားလည်း လျော့ပါ၏။
Мь-ау слэбит ӂенункий де пост ши ми с-а слеит трупул де слэбичуне.
25 ၂၅ အကျွန်ုပ်သည်လည်း သူတပါးတို့ ကဲ့ရဲ့စရာ အကြောင်းဖြစ်၍၊ သူတို့သည် အကျွန်ုပ်ကို မြင်သော အခါ၊ ခေါင်းညှိတ်ခြင်းကို ပြုကြပါ၏။
Ам ажунс де окара лор; кынд мэ привеск ей, дау дин кап.
26 ၂၆ အကျွန်ုပ်၏ ဘုရားသခင်ထာဝရဘုရား၊ အကျွန်ုပ်ကို မစတော်မူပါ။ ကရုဏာတော်ရှိသည်အတိုင် ကယ်တင်တော်မူပါ။
Ажутэ-мь, Доамне, Думнезеул меу! Скапэ-мэ прин бунэтатя Та!
27 ၂၇ ထိုအမှုသည် တန်ခိုးတော်ကြောင့်ဖြစ်၍၊ ထာဝရဘုရားတည်းဟူသော ကိုယ်တော်စီရင်တော်မူ သည်ဟု ထိုသူတို့သည် သိကြပါစေသော။
Ши сэ штие кэ мына Та, кэ Ту, Доамне, ай фэкут лукрул ачеста!
28 ၂၈ ထိုသူတို့သည် ကျိန်ဆဲသော်လည်း၊ ကိုယ်တော်မူကား ကောင်းကြီးပေးတော်မူပါ။ သူတို့သည် ထသောအခါ အရှက်ကွဲကြပါစေသော။ ကိုယ်တော်၏ ကျွန်မူကား၊ ဝမ်းမြောက်ပါစေသော။
Мэкар кэ ей блестемэ, Ту бинекувынтязэ; мэкар кэ се ридикэ ей ымпотрива мя, вор фи ынфрунтаць, яр робул Тэу се ва букура.
29 ၂၉ အကျွန်ုပ်၏ ရန်သူတို့သည် ရှက်ကြောက်ခြင်း အဝတ်ကိုဝတ်၍၊ စောင်နှင့်ခြုံသကဲ့သို့၊ မျက်နှာပျက်ခြင်း နှင့် ကိုယ်ကိုခြုံကြပါစေသော။
Потривничий мей сэ се ымбраче ку окара, сэ се акопере ку рушиня лор кум се акоперэ ку о манта!
30 ၃၀ အကျွန်ုပ်သည် နှုတ်မြွက်၍၊ ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်ကို အလွန်ချီးမွမ်းပါမည်။ များစွာသော သူတို့အလယ်မှာ ချီးမွမ်းပါမည်။
Вой лэуда фоарте мулт ку гура мя пе Домнул, Ыл вой мэри ын мижлокул мулцимий,
31 ၃၁ အကြောင်းမူကား၊ ဆင်းရဲသောသူ၏ ဝိညာဉ်ကို အပြစ်စီရင်သော သူတို့၏လက်မှ ကယ်တင်ခြင်းငှါ၊ သူ၏လက်ျာဘက်မှာရပ်၍ နေတော်မူတတ်၏။
кэч Ел стэ ла дряпта сэракулуй ка сэ-л избэвяскэ де чей че-л осындеск.